မြင်သူတိုင်းကြည်နူးသွားစေလောက်တဲ့ ပရိသတ်တွေနဲ့ ပျော်ရွှင်စွာစနောက်နေတဲ့ သက်မွန်မြင့်ရဲ့ ဗီဒီယိုလေးများ

4-3.png


 

 

 


ဒါက တမ်ျိုး🤪🤪😂😂😂အဖွဲ့တော့ ကျနေပြီ😁😁😁

Posted by Thet Mon Myint on Monday, April 8, 2019

 

 

မသိဘူး စွာတယ်😂😂😂အဲ့လိုလေးတွေ စ နေရရင် ပျော်နေကြတာဆိုတော့လည်း 😜Video တွေ ရှိသေးတယ်.. တခါကို တခုပဲ တင်လို့ရနေတယ်ရော🙄

Posted by Thet Mon Myint on Monday, April 8, 2019

 

Source : Thet Mon Myint
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ရိုက်ကွင်းကိုလာအားပေးတဲ့ နယ်ပရိသတ်တွေကို ပျော်ရွှင်စွာစနောက်ခဲ့တဲ့ သက်မွန်မြင့်ရဲ့ ဗီဒီယို

သက်မွန်မြင့်ကတော့ နာမည်ကြီးထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်အပါဝင်ဖြစ်သလို သူမရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေချစ်ခင်အားပေးနေရတဲ့ အနုပညာရှင်မင်းသမီး တစ်ယောက်ပါ ။ သက်မွန်က မာနမကြီးတတ်သလို အမြဲတမ်း ပရိသတ်တွေအပေါ် လေးလေးစားစား ဆက်ဆံတတ်တဲ့အတွက် ပရိသတ်တွေ အချစ်ပိုနေရသူလေးပါ ။ အိမ်ထောင်ပြုပြီး ကလေးနှစ်ယောက်ရတဲ့ထိ ပရိသတ်တွေကတော့ သူမရဲ့ အနုပညာကိုချစ်ခင်အားပေးနေကြဆဲပါပဲ ။

မာန်မာနမရှိတဲ့ အရိုးခံစိတ်လေးနဲ့ ချင်းတိုင်းရင်းသူလေးဖြစ်တဲ့ သက်မွန်ကတော့ ဒီနေ့မှာ ကြည်နူးစရာ ကောင်းတဲ့ ဗီဒီယိုလေးတစ်ခုကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ပရိသတ်တွေကို မျှဝေလိုက်ပါတယ် ။ အဲဒါကတော့ သူမရဲ့ရိုက်ကွင်းကို လာရောက်ကြည့်ရှုကြတဲ့ ပရိသတ်တွေကို သူမက စနောက်နေတဲ့ ဗီဒီယို လေးပဲဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးကို “ မသိဘူး စွာတယ်အဲ့လိုလေးတွေ စ နေရရင် ပျော်နေကြတာဆိုတော့လည်း “ ဆိုတဲ့စာသားလေးနဲ့အတူ ရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ် ။ ကဲ CeleGabar ပရိသတ်ကြီးကရော ဟန်ဆောင်မှုမရှိ မာနမရှိပဲ ပရိသတ်တွေကို ချစ်ချစ်ခင်ခင် ဆက်ဆံတတ်တဲ့ ချစ်သက်လေးကိုချစ်ကြရဲ့လား မှတ်ချက်ပေးခဲ့ပါဦးနော် ။

Source : Thet Mon Myint
Molly @CeleGabar

scroll to top