ပေါ့ဘုရင်မကြီး လေဒီဂါဂါအကြောင်း သိကောင်းစရာများ

1-7.png

လေဒီဂါဂါဆိုတာ ပေါ့လောကရဲ့ ဘုရင်မ၊ နောက်ဆုံးပေါ်အလန်းဆုံးသော ဖက်ရှင်တွေကို တီထွင်ပြီး ၀တ်တတ်တဲ့သူ၊ သီချင်းတိုင်းက ပရိသတ်အားပေးမှု တစ်ခဲနက်ရသူစသည်ဖြင့် အမျိုးမျိုးကျော်ကြားလှပါတယ်။ ရုပ်ရှင်ကားအနေနဲ့လည်း ဘရက်ဒလေကူးပါးနဲ့ တွဲဖက်ပြီး ‘A Star Is Born’ဆိုတဲ့ ဇာတ်ကားကို ရိုက်ထားသူပါ။ ဒါကြောင့် သူ့နဲ့ပတ်သက်ပြီး ပရိသတ်ကြီး သိရှိနိုင်ဖို့ စိတ်ဝင်စားဖို့ကောင်းတာလေးတွေ တင်ဆက်ပေးလိုက်ပါတယ်။

 

 

(၁)နာမည်
သူရဲ့နာမည် လေဒီဂါဂါဆိုတာ ဖြစ်လာတာက ဆန်းပါတယ်။ ကွင်းရဲ့ကမ္ဘာကျော် ရေဒီယိုဂါဂါဆိုတဲ့ သီချင်းကို နာမည်ပေးထားခဲ့တာပါ။ ဒါပေမဲ့ ပရိုဂျူဆာက သူ့ဖုန်းထဲမှာ လေဒီဂါဂါလို့ မှတ်ထားလိုက်တဲ့ နာမည်ကို ကြိုက်သွားတာကနေ လေဒီဂါဂါလို့ ဖြစ်လာတပါ။

 

(၂)တက်တူး
သူမခန္ဓာကိုယ်မှာ တက်တူးပေါင်း (၂၀)ကျော်ရှိပါတယ်။ ဒါပေမဲ့ အားလုံးကို ဘယ်ဘက်မှာ ထိုးခဲ့တာဖြစ်ပြီး အကြောင်းကတော့ ညာဘက်တစ်ခြမ်းလုံးကို ဆေးအလွတ်ထားချင်ခဲ့လို့ပါ။ နောက်တော့ မာရီလင်မွန်ရိုး ဆိုတဲ့စကားလုံးကို ညာဘက်မှာ ထိုးခဲ့ပါတယ်။

 

 

(၃)အယူအဆ
သူ့မှာ အယူအဆတစ်ခုရှိပါတယ်။ အဲဒါက ဘယ်သွားသွား လက်ဖက်ရည်ခွက်နဲ့ အောက်ခံပန်းကန်ပြားကို သွားလေရာယူသွားပြီး အမေနဲ့တူတူ သောက်လေ့ရှိပါတယ်တဲ့။ အိမ်မှာရောက်နေတယ်လို့ အမြဲခံစားရအောင်ပါတဲ့။

 

 

(၄)သူ့အဖွဲ့
သူမက ဘုန်းတန်ခိုးရှိသူတစ်ယောက်လို့ ပြောလို့ရပါတယ်။ အဲဒါကတော့ သူ့ရဲ့အဖွဲ့ထဲမှာ ဂါဂါဘာလုပ်လုပ် ဘ၀တစ်ခုလုံးလိုက်မြှုပ်နှံပေးထားတဲ့ အဖွဲ့ဝင်တွေ ရှိတယ်ဆိုတာပါပဲ။ အသံပညာရှင်၊ ဒီဇိုင်နာ၊ အမြင်နဲ့ အ၀တ်အစား ဒီဇိုင်နာတွေ ပါဝင်ပြီး သူတို့ကို Haus of Gaga လို့ ခေါ်ပါတယ်။

 

 

၅)သူမရဲ့လိင်စိတ်ခံယူချက်က
သူ့ရဲ့ လိင်စိတ်ခံယူချက်နဲ့ ပတ်သက်ပြီး Poker Face ဆိုတဲ့ သီချင်းထဲမှာ ထည့်ရေးပြခဲ့ပါတယ်။ အမျိုးသားရော၊ အမျိုးသမီးရော စိတ်ဝင်စားသူဖြစ်ပြီး လက်ရှိမှာတော့ အမျိုးသားချစ်သူနဲ့ တွဲနေပါတယ်။ LGBT တစ်ယောက်လို့လည်း ပြောလို့ရပါတယ်။

 

 

Aung Bwar

 

scroll to top