“ဘရူနိုမားစ်နဲ့ ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေ”

Collage_Fotor-2.jpg

 

သူ့ရဲ့သီချင်းတွေကို မြန်မာပရိသတ်တွေ တော်တော်များများ သိကြမယ်ထင်ပါတယ်။ အသံကထူးခြားတဲ့ ပင်ကိုယ်ဟန်နဲ့ ခံစားချက်အပြည့်နဲ့ ဆိုတတ်တာကြောင့် ဘရူနိုမားစ်ဟာ ကမ္ဘာသိတစ်ယောက်အဖြစ် အားလုံးက လက်ခံကြပါတယ်။ ဒါကြောင့် သူ့ရဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာတွေကို MyanmarNote Celebrity ကဏ္ဍအတွက် တင်ဆက်ပေးလိုက်ပါတယ်။

(၁)စွယ်စုံရ အဆိုတော်
သူ့ရဲ့ အသံပါဝါအားကောင်းမှုကို အသိအမှတ်ပြုရတဲ့အပြင် ဘရူနိုမားစ်ဟာ ဒရမ်၊ ဘေ့စ်၊ ဂစ်တာ နဲ့ ကီးဘုတ်တွေကို ကျွမ်းကျွမ်းကျင်ကျင်တီးတတ်ပါတယ်တဲ့။ ဒါကြောင့် သူ့သီချင်းတော်တော်များများမှာ ဒရမ်တွေတီးတာတွေကို ရိုက်ပြတတ်တာတွေ့ရမှာပါ။

(၂)သူအကြိုက်ဆုံးအဆိုတော်
ဘရူနိုမားစ်ရဲ့ ငယ်ငယ်ကတည်းက အိုင်ဒေါဖြစ်ခဲု့သူက ပေါ့ဖခင်ကြီး မိုက်ကယ်ဂျက်ဆင်ပါပဲ။ သူ့ရဲ့ သီချင်းတွေက ဘရူနိုမားစ်ကို လွှမ်းမိုးခဲ့ပြီး အရွယ်ရောက်ချိန်မှာ အဆိုတော် တစ်ယောက်ဖြစ်တဲ့အထိ အရေးပါခဲ့ပါတယ်။

 

 

(၃)နာမည်ရင်း
ဘရူနိုမားစ်ကလည်း နာမည်ရင်းရှိပါတယ်။ Peter Gene Bayot Hernandez (ပီတာဂျန် ဘာရော့ ဟာနန်ဒက်)ဖြစ်ပြီး ဘရူနိုက နာမည်ပြောင်ဖြစ်ပါတယ်။ အဖေဖြစ်သူက ပေးခဲ့တာဖြစ်ပြီး နောက်ဆုံးမှာ ဘရူနိုမားစ် ဖြစ်လာခဲ့တာပါ။

 

 

(၄)နံပါတ်ဝမ်း
ဘရူနိုဟာ ဆင်ဂယ်အယ်ဘမ် အနေနဲ့ အများကြီး ထွက်ခဲ့ပြီး ဘေဘုတ်နံပါတ်တစ်အြသဖစ်ခဲ့တာဟာ (၆)ခုတောင်ရှိခဲ့ပါတယ်။ တော်တော်လေးကို အောင်မြင်လွန်းတဲ့ အနုပညာရှင်ပါပဲ။

 

 

(၅)အသက် (၄)နှစ်အရွယ် အနုပညာရှင်
ဘရူနိုမားစ်ဟာ အနုပညာမျိုးရိုးကလာတာဆိုတော့ အသက်လေးနှစ်မှာပဲ အမေဖြစ်သူက သူတို့ရဲ့ အဆိုတော်အဖွဲ့မှာ သားဖြစ်သူကို ဖော်ဖြေတင်ဆက်စေခဲ့ပါတယ်။ ငယ်ငယ်ကတည်းက တစ်ပတ်ကို ငါးရက်ဖျော်ဖြေရတဲ့အထိ အောင်မြင်ခဲ့သူလေးပါ။

 

Aung Bwar

scroll to top