
collage-81.jpg


 


Source – Kyaw Soe Win
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

(၁၈) နှစ်တိတိ မပျက်ကွက်ခဲ့တဲ့ ကုသိုလ်ထူးတစ်ခုအကြောင်း ပြောပြလာတဲ့ ခန့်စည်သူ

နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူတစ်ယောက် (၁၈) နှစ်တိတိ မပျက်မကွက် ခဲ့တဲ့ အလှူကြီးတစ်ခု အကြောင်း ကို ပရိသတ်တွေသိအောင်ပြောဆိုလိုက်ပါတယ်။ ခန့်စည်သူ ဟာ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် ဝဏ္ဏပဘာ ယက္ကန်းစင်တော်ဖြင့် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား မိဘများနှင့်အတူ နှစ်စဉ်မပြတ်၊မသိုးသင်္ကန်း ဆက်ကပ်ပူဇော်ခဲ့သည်မှာ (၁၈)နှစ် တိတိ ရှိခဲ့တာပါ ။

ယမန်နေ့ည တန်ဆောင်မုန်းလပြည့်နေ့ နံနက် ၅-နာရီမှာ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး၏ မြတ်စွာဘုရားရှင်ဆံတော်အား မသိုးရွှေကြာသင်္ကန်း ကပ်လှူ ပူဇော်ခွင့်ရခဲ့ပါတယ်။စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်များနှင့် ယက္ကန်းရက်ခတ် ပူဇော်ပေးသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့် ကုသိုလ်အစုစုတို့ကို (၇) ရက်သား၊သမီးအပေါင်းတို့အားမျှဝေပါတယ်။သာဓုခေါ်ဆိုနိုင်ကြပါစေ လို့ ခန့်စည်သူတစ်ယောက်ရေးသားထားတာကိုတွေ့ရပါတယ်။

Source – Kyaw Soe Win
Nay Madhuri

scroll to top