“ကပ္ပတိန်အမေရိကကြီးနဲ့ ပတ်သက်ပြီး သင်လုံးဝမသိသေးတဲ့ အကြောင်းအရာများ “

Collage_Fotor-3.jpg

 

လုံးဝမသိသေးဘူးလို့ ပြောလိုက်ရင်တော့ အမာခံပရိသတ်တစ်ချို့နဲ့ အငြင်းပွားနိုင်ပါတယ်။ ဒါပေမဲ့ ဖတ်ကြည့်ပြီးရင်တော့ တစ်ချို့အချက်တွေဟာလုံးဝ မသိသေးတဲ့အကြောင်းကို တွေ့ရမှာ သေချာပါတယ်။ ဖတ်ရှုပြီးရင်တော့ မှတ်ချက်လေးတွေ ပေးသွားဖို့ တောင်းဆိုချင်ပါတယ်နော်။

(၁)ကပ္ပတိန်အမေရိကရဲ့ နာမည်အရင်း
လက်ရှိမှာတော့ ကပ္ပတိန်အမေရိကလို့ လူသိများကြပေမယ့် တကယ်သူ့ရဲ့မူလအစ စူပါအမေရိကန်လို့ ခေါ်ပါတယ်တဲ့။ ဒုတိယ ကမ္ဘာစစ်အတွင်းကို ကိုယ်စားပြုတဲ့ ကြံ့ခိုင်တဲ့ စူပါဟီးရိုးတစ်ကောင်ကို ဆိုင်မွန်နဲ့ ကာဘီတို့က ရေးဆွဲဖန်တီးခဲ့ပါတယ်။ သူတို့ဆွဲခဲ့တဲ့ (၁၉၄၀)လောက်က စူပါဆိုတဲ့ နာမည်နဲ့ ဟီးရိုးတွေ များလွန်းနေတော့ စူပါအမေရိကန်အစား ကပ္ပတိန်အမေရိက လို့ ပြောင်းပြီးထုတ်ခဲ့ပါတယ်။

 

 

(၂)ပထမဆုံး ဇာတ်ကား
(၁၉၄၁)မှာ ကော့မစ်အနေနဲ့ ထွက်လာခဲ့တဲ့ ဇာတ်ကားရိုက်ဖို့အတွက် သရုပ်ဆောင်ရဲ့ မြင့်မားတဲံ အရပ်အမောင်းက စိန်ခေါ်မှုဖြစ်ခဲ့ပါတယ်။ (၁၉၄၄)မှာတော့ မင်းသား ဒစ်ပါဆယ်နဲ့ စီးရီးတွဲဇာတ်ကားထွက်လာခဲ့ပြီး ပထမဆုံးသော ကပ္ပတိန် အမေရိက ဖြစ်လာခဲ့ပါတယ်။ ယနေ့ခေတ် ဇာတ်ကောင်ဟာ အဆိုပါဇာတ်ရုပ်ကကို မှီငြမ်းထားတာဖြစ်ပါတယ်။

 

 

(၃)ဆိုင်ယမ်က မရထားတဲ့ အရည်အချင်းတွေ
ကျွန်တော်တို့ ကပ္ပတိန်က ဆိုင်ယမ်ထိုးပြီး အင်အားတွေ၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေ၊ နောက်ပြီး တခြားသော ရုပ်ပိုင်းဆိုင်ရာတော်တော်များများကို ဖွံ့ဖြိုးစေပါတယ်။ ဒါပေမဲ့ ကပ္ပတိန်ရဲ့ ကောင်းမွန်တဲ့ ခေါင်းဆောင်မှု အရည်အသွေး၊ ဇွဲ စတဲ့စိတ်ပိုင်းဆိုင်ရာတွေက ဆိုင်ယမ်ကြောင့် မဟုတ်ခဲ့ပါဘူးတဲ့။ ဒါ့အပြင် မူလဇာတ်ကောင်မှာ ဘာသာစကားတွေ အများကြီးပြောတတ်တာ၊ စကားပြောရင် လွမ်းမိုးနိုင်တာတွေလိုမျိုး အများကြီးတတ်ပါသေးတယ်။ ဇာတ်ကားတွေထဲမှာတော့ ဒီအချက်ကိုဖောက်ပြီး အင်္ဂလိပ်နဲ့ပဲ ပြောတာတွေ့ရပါတယ်။

 

 

(၄)ကပ္ပတိန် အမေရိကတွေ
မူလတုန်းက ရော်ဂျာတစ်ယောက်တည်း ကပ္ပတိန်ဖြစ်ခဲ့ပေမယ့် တိုက်ပွဲတွေပြီးသွားတဲ့အခါ ရော်ဂျာသေသွားပြီး သူ့နေရာကို ကပ္ပတိန်တွေ အစားထိုးဝင်ရောက်ခဲ့ပါတယ်။ တရားဝင်အစားထိုးခဲ့တဲ့သူအဖြစ် ဆန်ဝီလ်ဆင် (ဖယ်လ်ကွန်) ဖြစ်ပြီး အခုရိုက်နေတဲ့ မာဗယ်ကော့မစ်အရတော့ သူ့သူငယ်ချင်း ဘက်ကီက ကပ္ပတိန်အဖြစ် သေပြီးတဲ့နောက် နေရာဝင်ယူမှာ ဖြစ်ပါတယ်။ သူက လွတ်လပ်၊ ရဲဝံ့၊ ခေါင်းဆောင်လိုတဲ့စိတ်ရှိတဲ့ ပုံစံတူတိုင်းကို ကပ္ပတိန်အဖြစ် ပုံဖော်ပြဖူးပါတယ်။

 

 

(၅)မူလဒိုင်း
ကပ္ပတိန်ရဲ့ ဒိုင်းကို ဗိုက်ဘရေနီယမ်သတ္ထုနဲ့ လုပ်ထားတယ်လို့ တော်တော်များများက သိပေမယ့် မူလကသူ့ရဲ့ဒိုင်းက အဲဒီလို မဟုတ်ခဲ့ပါဘူး။ ချွန်ချွန်လေးနဲ့ သာမန်ဒိုင်း တစ်ခုဖြစ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင် စစ်ဆင်ရေးတွေသွားနေချိန်မှာ ဘလက်ပန်သာရဲ့အဖေ တီချာကာနဲ့တွေ့ခဲ့ပြီး ဗိုက်ဘရေနီယန် နမူနာကို ရလာခဲ့တာဖြစ်ပါတယ်။ အဲဒါကို ဒေါက်တာက သတ္ထုနဲ့ ရောပြီးနဂိုဒိုင်းပုံစံမလုပ်တတ်လို့ ဗိုက်ဘရေနီယမ်ချည်းသတ်သတ် ယခုသုံးနေတဲ့ ဒိုင်းကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

 

 

Aung Bwar

scroll to top