ရေဘုရင်ကြီး ဂျေဆန်မိုမွာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာအချက်တွေ

Collage_Fotor-4.jpg

 

သူ့ကိုတော့ ဒီစီရဲ့ Aquaman ဇာတ်ကားမှာ အသက်ဝင်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ကျော်ကြားလာသူ တစ်ဦးအဖြစ် ပရိသတ်တွေ သိကြမှာပါ။ စွဲမက်ဖွယ်ရာ ရုပ်ရည်နဲ့ ဖမ်းစားထားသူဆိုလည်း မမှားပါဘူး။ သူ့အကြောင်းလေးတွေ သိချင်ကြတယ်မလား။ ဒီဆောင်းပါးလေးမှာတော့ သူနဲ့ ပတ်သက်ပြီး ပရိသတ်သိပ်မသိသေးတဲ့ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်လေးတွေကို ရှာရှာဖွေဖွေတင်ဆက်ထားပါတယ်။

(၁)အဏ္ဍ၀ါဗေဒ
သူက ရေဇာတ်ကားကို ပိုင်ပိုင်နိုင်နိုင်ရိုက်ခဲ့တော့ တမူထူးခြားနေတယ်လို့ မထင်ဘူးလား၊ ဟုတ်ပါတယ်။ marine biology နဲ့ အထက်တန်းကျောင်းတက်ခဲ့ပြီး ကျောင်းပြီးခဲ့တာပါ။ ဒါကြောင့် တကယ့်ကို ရေအောက်ဗေဒအကြောင်း သေသေချာချာလေးသိတယ်လို့ ဆိုပါတယ်။

 

(၂)အမာရွတ်
သူ့ရဲ့မျက်ခုံးမှား အမာရွတ်ရှိတာကိုတော့ သိကြမှာပါ။ အဲဒါကတော့ အယ်အေက ဘားတစ်ခုမှာ သူ့သူငယ်ချင်းရန်ဖြစ်တဲ့အချိန်မှာ ၀င်ကူလိုက်ပါတယ်။ ဖြစ်ချင်တော့ တစ်ဖက်က ဖန်ခွက်နဲ့ မျက်နှာကို ရိုက်ခဲ့ပြီး ဘယ်ဘက်မှာ သေရာပါအမှတ်ဖြစ်ခဲ့ပါတယ်။ သူကတော့ လုံးဝမပြုပြင်ခဲ့ဘဲ သူ့ရဲ့အမှတ်တစ်ခုအနေနဲ့ ဒီတိုင်းထားခဲ့တာပါ။

 

 

(၃)ကမ်းခြေစောင့်
သူကတကယ်ပဲ ကမ်းခြေစောင့်ဖြစ်ခဲ့ဖူးပါတယ်။ ကမ်းခြေမှာ ရေကစားနေသူတွေ အသက်အန္တရာယ် တစ်ခုခုနဲ့ ကြုံရတဲ့အခါ သွားကယ်ရတဲ့ အလုပ်ဖြစ်ပြီး တော်တော်လေးကို ထူးထူးချွန်ချွန်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

 

(၄)၀ါသနာများနဲ့လူ
ကျောင်းတက်တုန်းက ရေအောက်ပညာရပ်၊ နောက်တော့ ပြင်သစ်ကိုသွားပြီး ပန်းချီးပညာ၊ ပြီးတော့ တိဗက်ကို သွားပြီး ဗုဒ္ဒတရားတော်တွေ သင်ယူ၊ ပြီးတော့ သရုပ်ဆောင်ပညာလေ့လာ၊ ဒါတောင် မော်ဒယ်၊ ကမ်းခြေစောင့်တွေ လုပ်ခဲ့တာမပါသေးပါဘူး။ အထူးဆန်းဆုံးက အကုန်လုံးကို ၀ါသနာပါလို့ လုပ်ခဲ့တာပါတဲ့။

 

 

(၅)Aquaman ကိုဘာလို့ရိုက်
သူကတော့ ရှင်းရှင်းလေးပဲ ပြောသွားပါတယ်။ သူ့သားကြောင့်ပါ။ သားဖြစ်သူက ဘက်မန်းပရိသတ်ဖြစ်တဲ့အပြင် တစ်ခြားသော ဇာတ်ကောင်တွေ အသီးသီရှိနေတဲ့အချိန်မှာ အဖေဖြစ်သူကို Aquanman ဇာတ်ရုပ်နဲ့ မြင်ချင်တယ်လို့ ပြောခဲ့ပါတယ်။ သူ့ကို ကမ်းလှမ်းချိန်မှာတော့ နှစ်ခါမစဉ်းစားခဲ့ဘူးဆိုပါတယ်။

 

 

(၆)သူ့သားနာမည်
သူ့ကို ဇာတ်ကားရိုက်စေချင်တဲ့ သားလေးရဲ့ နာမည်က တော်တော်လေး ထူးဆန်းပါတယ်။ Nakoa-Wolf Manakauapo Namakaeha Momoa အကြောင်းကတော့ သူ့ကို မွေးတဲ့အချိန်မှာ မိုးရွာ၊မှောင်မည်းတဲ့ ညတစ်ညဖြစ်ခဲ့လို့ပါတဲ့။ ထူးထူးဆန်းဆန်းတစ်ညတည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

 

scroll to top