အသက္(၄၀) ျပည္႕ခဲ့ျပီဆိုေပမဲ့ ကိန္းဂဏန္းနွစ္ေတြတိုးေလ အရည္အေသြးပိုေကာင္းေလ ၀ိုင္လို အရည္အခ်င္းမ်ိဳးနဲ႕ ဦးဦးစိုင္းစိုင္း

Collage_Fotor7524.png

 

 

 

ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္တဲ့ အဆိုေတာ္ စိုင္းစိုင္းခမ္းလႈိင္ ေခၚ ဘႀကီးစိုင္းကေတာ့ ဒီေန႔ ဧၿပီလ(၁၀) ရက္ေန႔မွာ အသက္(၄၀) ျပည့္ခဲ့ၿပီျဖစ္ၿပီး (၁၅)ႏွစ္တိုင္တိုင့္ အႏုပညာေလာကမွာ နာမည္ဆိုးမရွိ ေအာင္ျမင္မႈေတြနဲပဲ ပရိသတ္အခ်စ္ကို ယေန႔တိုင္သိမ္းပိုက္ထားႏိုင္သူ ျဖစ္ပါတယ္။
ဟစ္ေဟာ့ အဆိုေတာ္ တစ္ေယာက္၊ ႐ုပ္ရွင္မင္းသားတစ္ေယာက္ ၊ လူငယ္စာေရးဆရာ တစ္ေယာက္လည္း ျဖစ္တဲ့ ဦးစိုင္းဟာ မိန္းမလွေလးေတြရဲ႕ အသည္းစြဲ SAI Cosmetics ကိုပါ တည္ေထာင္သူ တစ္ဦးျဖစ္ၿပီး ေအာင္ျမင္တဲ့ စိးပြားေရး ပညာရွင္တစ္ေယာက္လို႔ ဆိုရမွာပါ။

 

 

 

 

သူ႔ရဲ႕ သီခ်င္းတိုင္းဟာ လူႀကီးလူငယ္နဲ႔ ကေလးငယ္ေတြၾကားထိ ႀကိဳက္ႏွစ္သက္ေရပန္းစားေလာက္ေအာင္ ေအာင္ျမင္ခဲ့သလို အေျပာအဆို ၊ အေနအထိုင္ကစ ရင့္က်က္သူ လူငယ္တစ္ေယာက္အျဖစ္ ကိုယ္တိ္ုင္ေရးသားခဲ့တဲ့ သီခ်င္းတိုင္းဟာလည္း ပရိသတ္ေတြရဲ႕ခံစားခ်က္ေတြနဲ႕ ထပ္တူက်ခဲ့ရပါတယ္။

 

 

ေအာင္ျမင္တဲ့ အနုပညာရွင္တစ္ေယာက္ျဖစ္လာခ်ိန္တိုင္း ေဝဖန္တိုက္ခိုက္သူ၊ သေရာ္သူ၊ စေနာက္သူေတြရွိစျမဲ မို႕ စံျပအနုပညာရွင္တစ္ေယာက္အေနနဲ႕ ဦးစိုင္းရဲ႕ျပန္လည္တုန္႕ျပန္မွုေတြက အရမ္းကို ရိုးရွင္းသလို ေအးေအးေဆးေဆးနဲ႔ ဟာသျပန္လုပ္ၿပီး ေျဖရွင္းႏိုင္တာမို႕ အခ်စ္မေလ်ာ႕တဲ့ အျပင္ ပိုပိုလို႕ အခ်စ္ခံရတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ ယေန႕မွာ အသက္(၄၀) ျပည္႕ခဲ့ျပီဆိုေပမဲ့ လည္း ကိန္းဂဏန္းနွစ္ေတြ တိုးေလ ပိုအရည္အေသြးေကာင္းတဲ့ ၀ိုင္လို အနုပညာရွင္အမ်ိဳးသားလူငယ္တစ္ေယာက္ အျဖစ္ ဆက္လက္ရွိေနဦးမဲ့ ဦးစိုင္းအတြက္ ေမြးေန႕ ဆုေတာင္းေလး ဆုေတာင္းေပးသြားၾကပါဦးေနာ္..။ဆယ္လီကမာၻ ပရိသတ္ၾကီးေရ….။

Source:
Khin Mi Mi @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ခေါ် ဘကြီးစိုင်းကတော့ ဒီနေ့ ဧပြီလ(၁၀) ရက်နေ့မှာ အသက်(၄၀) ပြည့်ခဲ့ပြီဖြစ်ပြီး (၁၅)နှစ်တိုင်တိုင့် အနုပညာလောကမှာ နာမည်ဆိုးမရှိ အောင်မြင်မှုတွေနဲပဲ ပရိသတ်အချစ်ကို ယနေ့တိုင်သိမ်းပိုက်ထားနိုင်သူ ဖြစ်ပါတယ်။
ဟစ်ဟော့ အဆိုတော် တစ်ယောက်၊ ရုပ်ရှင်မင်းသားတစ်ယောက် ၊ လူငယ်စာရေးဆရာ တစ်ယောက်လည်း ဖြစ်တဲ့ ဦးစိုင်းဟာ မိန်းမလှလေးတွေရဲ့ အသည်းစွဲ SAI Cosmetics ကိုပါ တည်ထောင်သူ တစ်ဦးဖြစ်ပြီး အောင်မြင်တဲ့ စိးပွားရေး ပညာရှင်တစ်ယောက်လို့ ဆိုရမှာပါ။

သူ့ရဲ့ သီချင်းတိုင်းဟာ လူကြီးလူငယ်နဲ့ ကလေးငယ်တွေကြားထိ ကြိုက်နှစ်သက်ရေပန်းစားလောက်အောင် အောင်မြင်ခဲ့သလို အပြောအဆို ၊ အနေအထိုင်ကစ ရင့်ကျက်သူ လူငယ်တစ်ယောက်အဖြစ် ကိုယ်တိုင်ရေးသားခဲ့တဲ့ သီချင်းတိုင်းဟာလည်း ပရိသတ်တွေရဲ့ခံစားချက်တွေနဲ့ ထပ်တူကျခဲ့ရပါတယ်။

အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာချိန်တိုင်း ဝေဖန်တိုက်ခိုက်သူ၊ သရော်သူ၊ စနောက်သူတွေရှိစမြဲ မို့ စံပြအနုပညာရှင်တစ်ယောက်အနေနဲ့ ဦးစိုင်းရဲ့ပြန်လည်တုန့်ပြန်မှုတွေက အရမ်းကို ရိုးရှင်းသလို အေးအေးဆေးဆေးနဲ့ ဟာသပြန်လုပ်ပြီး ဖြေရှင်းနိုင်တာမို့ အချစ်မလျော့တဲ့ အပြင် ပိုပိုလို့ အချစ်ခံရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ယနေ့မှာ အသက်(၄၀) ပြည့်ခဲ့ပြီဆိုပေမဲ့ လည်း ကိန်းဂဏန်းနှစ်တွေ တိုးလေ ပိုအရည်အသွေးကောင်းတဲ့ ဝိုင်လို အနုပညာရှင်အမျိုးသားလူငယ်တစ်ယောက် အဖြစ် ဆက်လက်ရှိနေဦးမဲ့ ဦးစိုင်းအတွက် မွေးနေ့ ဆုတောင်းလေး ဆုတောင်းပေးသွားကြပါဦးနော်..။ဆယ်လီကမ္ဘာ ပရိသတ်ကြီးရေ….။

 

 

scroll to top