ေဒါင္း ဘာ့ေၾကာင့္ Best Actor Award ရရွိခဲ့တယ္ဆိုတာကို သတင္းထုတ္ျပန္ခဲ့တဲ့ Star Awards

2-5.png

ေဒါင္းကေတာ့ လတ္တေလာ မိန္းကေလး ပရိသတ္ေတြၾကားမွာ အားေပး၀န္းရံမႈ အမ်ားဆံုး ရရေနတဲ့ မင္းသားေခ်ာတစ္ေယာက္ပဲျဖစ္ပါတယ္ ။ ေခ်ာေမာခန္႕ညားတဲ့ ရုပ္ရည္နဲ႔ သူ႕ရဲ႕သရုပ္ေဆာင္ ပီျပင္ အသက္၀င္မႈတို႕ေၾကာင့္ ပရိသတ္ေတြရဲ႕ အားေပးမႈကို တခဲနက္ရရွိေနတာပဲျဖစ္ပါတယ္ ။ မၾကာေသးမီက က်င္းပျပဳလုပ္ခဲ့တဲ့ Star Awards ပြဲမွာ ပရိသတ္သတ္ေတြအတြက္ Best Actor Award ျဖစ္တဲ့ အေကာင္းဆံုးအမ်ိဳးသားသရုပ္ေဆာင္ဆု ကို ေဒါင္းပါ၀င္သရုပ္ေဆာင္ထားတဲ့ ပုဂံျမိဳ႕သူ ဇာတ္လမ္းတြဲနဲ႔ ဆုရရွိခဲ့ပါတယ္ ။ေဒါင္းဆုရရွိတဲ့အေပၚ ေဒါင္းကိုခ်စ္တဲ့ ပရိသတ္ေတြက ေပ်ာ္ရႊင္ေနၾကေသာ္လည္း ေဒါင္းကို သေဘာမက်တဲ့ ပရိသတ္ေတြကေတာ့ တျခား မင္းသားတစ္ေယာက္ကို ရေစခ်င္တယ္ဆိုျပီး အျငင္းပြားစရာေတြ ျဖစ္ေပၚလာခဲ့ပါတယ္ ။

 

 

 

 

 

အဲ့ကိစၥနဲ႕ပတ္သက္ျပီး ဦးျမတ္ခုိင္က “ ပုဂံေခတ္မွ ေမာင္ေမာင္ၾကီးနွင္ ့မ်က္ေမွာက္ေခတ္မွ ေမာင္ေမာင္ၾကီးအျဖစ္ ေခတ္ နွစ္ေခတ္ ၏ ဇာတ္ရုပ္ကို ပီျပင္စြာ သရုပ္ေဆာင္နုိင္ျခင္း ၊ စိတ္ကူးယဥ္ဇာတ္လမ္းျဖစ္ေသာ္လည္း အမွန္တကယ္ရွိခဲ့သေယာင္ ပံုေဖာ္သရုပ္ေဆာင္နုိင္ခဲ့ျခင္း ၊ အျခားဇာတ္ေကာင္မ်ားနွင့္ ထိေတြ႕သရုပ္ေဆာင္ရာတြင္လည္း ၀ါရင့္သရုပ္ေဆာင္တစ္ဦးကဲ့သို႕မ်က္လံုးကို အသံုးျပဳ၍ အေကာင္းဆံုးသရုပ္ေဆာင္နုိင္ျခင္း ၊ ဇာတ္လမ္း၏ စလယ္ဆံုး အေျခအေနမ်ားတြင္ ပရိသတ္အား စိတ္၀င္စားေအာင္ ဆြဲေဆာင္နုိင္ခဲ့ျခင္းေၾကာင့္ ပုဂံျမိဳ႕သူဇာတ္လမ္းတြဲမွ သရုပ္ေဆာင္ ေဒါင္းအား Best Actor Award ေရြးခ်ယ္ရျခင္းျဖစ္ပါသည္ ” ဆိုတဲ့ ဆုေရြးခ်ယ္ေရး ေကာ္မတီရဲ႕သေဘာထားကို အတိလင္းေၾကညာခဲ့ပါတယ္ ။ ကဲ ဒီေလာက္ဆို CeleGabar ပရိသတ္ၾကီးလည္း ေဒါင္းကိုဘာ့ေၾကာင့္ဆုခ်ီးျမင့္ရလည္းဆိုတာကို သေဘာေပါက္ေလာက္ျပီထင္ပါတယ္ေနာ္ ။ ေဒါင္းကိုခ်စ္တဲ့ ပရိသတ္ၾကီးရဲ႕ အျမင္ကိုလည္း မွတ္ခ်က္ေရးေပးခဲ့ပါဦးေနာ္ ။

Source : Myat Khine
Molly @CeleGAbar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

ဒေါင်း ဘာ့ကြောင့် Best Actor Award ရရှိခဲ့တယ်ဆိုတာကို သတင်းထုတ်ပြန်ခဲ့တဲ့ Star Awards

ဒေါင်းကတော့ လတ်တလော မိန်းကလေး ပရိသတ်တွေကြားမှာ အားပေးဝန်းရံမှု အများဆုံး ရရနေတဲ့ မင်းသားချောတစ်ယောက်ပဲဖြစ်ပါတယ် ။ ချောမောခန့်ညားတဲ့ ရုပ်ရည်နဲ့ သူ့ရဲ့သရုပ်ဆောင် ပီပြင် အသက်ဝင်မှုတို့ကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တခဲနက်ရရှိနေတာပဲဖြစ်ပါတယ် ။ မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ Star Awards ပွဲမှာ ပရိသတ်သတ်တွေအတွက် Best Actor Award ဖြစ်တဲ့ အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု ကို ဒေါင်းပါဝင်သရုပ်ဆောင်ထားတဲ့ ပုဂံမြို့သူ ဇာတ်လမ်းတွဲနဲ့ ဆုရရှိခဲ့ပါတယ် ။

ဒေါင်းဆုရရှိတဲ့အပေါ် ဒေါင်းကိုချစ်တဲ့ ပရိသတ်တွေက ပျော်ရွှင်နေကြသော်လည်း ဒေါင်းကို သဘောမကျတဲ့ ပရိသတ်တွေကတော့ တခြား မင်းသားတစ်ယောက်ကို ရစေချင်တယ်ဆိုပြီး အငြင်းပွားစရာတွေ ဖြစ်ပေါ်လာခဲ့ပါတယ် ။ အဲ့ကိစ္စနဲ့ပတ်သက်ပြီး ဦးမြတ်ခိုင်က “ ပုဂံခေတ်မှ မောင်မောင်ကြီးနှင့်မျက်မှောက်ခေတ်မှ မောင်မောင်ကြီးအဖြစ် ခေတ် နှစ်ခေတ် ၏ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်ခြင်း ၊ စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်သော်လည်း အမှန်တကယ်ရှိခဲ့သယောင် ပုံဖော်သရုပ်ဆောင်နိုင်ခဲ့ခြင်း ၊ အခြားဇာတ်ကောင်များနှင့် ထိတွေ့သရုပ်ဆောင်ရာတွင်လည်း ဝါရင့်သရုပ်ဆောင်တစ်ဦးကဲ့သို့မျက်လုံးကို အသုံးပြု၍ အကောင်းဆုံးသရုပ်ဆောင်နိုင်ခြင်း ၊ ဇာတ်လမ်း၏ စလယ်ဆုံး အခြေအနေများတွင် ပရိသတ်အား စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ခဲ့ခြင်းကြောင့် ပုဂံမြို့သူဇာတ်လမ်းတွဲမှ သရုပ်ဆောင် ဒေါင်းအား Best Actor Award ရွေးချယ်ရခြင်းဖြစ်ပါသည် ” ဆိုတဲ့ ဆုရွေးချယ်ရေး ကော်မတီရဲ့သဘောထားကို အတိလင်းကြေညာခဲ့ပါတယ် ။ ကဲ ဒီလောက်ဆို CeleGabar ပရိသတ်ကြီးလည်း ဒေါင်းကိုဘာ့ကြောင့်ဆုချီးမြင့်ရလည်းဆိုတာကို သဘောပေါက်လောက်ပြီထင်ပါတယ်နော် ။ ဒေါင်းကိုချစ်တဲ့ ပရိသတ်ကြီးရဲ့ အမြင်ကိုလည်း မှတ်ချက်ရေးပေးခဲ့ပါဦးနော် ။

Source : Myat Khine
Molly @CeleGAbar

scroll to top