ရန္ကုန္မွာ အေျခခ်ေနတဲ့ နယ္ကလူငယ္ေတြရဲ႕သိပ္ကိုခက္ခဲတဲ့ဘဝကို မီးေမွာင္ထိုးျပေနတဲ့ မိုးမခအိမ္မက္ခရမ္းျပာ အေၾကာင္းေျပာျပလာတဲ့ Eternal Gosh

Collage_Fotor404.png

 

လက္ရွိမွာ ျမန္မာနိုင္ငံရဲ႕ လူဦးေရ အထူထပ္ျမိဳ႕ ျဖစ္တဲ့ ရန္ကုန္ျမိဳ႕ၾကီးဟာ လူငယ္ေတြ အတြက္ အလုပ္အကိုင္။ အခြင့္အလမ္း ၊ ပညာေရး ေတြကို ရွာေဖြဖို႕ အေကာင္းဆံုးေနရာတစ္ခု ျဖစ္ေသာ္လည္း ကို္ယ္႕ျမိဳကိုယ္႕ရြာမဟုတ္တဲ့ တနယ္တေက်းက လူေတြအတြက္ေတာ့ အေတာ္ေလးကို စြန္႕စားခန္းဖြင့္ေနရတဲ့ မထူးဇာတ္ခင္းျပီး ေပေတေနရတဲ့ ဘ၀ေတြ မ်ားစြာရွိပါတယ္။

 

 

 

 

 

 

ရန္ကုန္ကို တနယ္တေက်းမွ လာေရာက္လုပ္ကို္င္သူ အေနနဲ႕ ရတဲ့ လစာနဲ႕ ေနစရိတ္၊ စားစရိတ္ဖူလံုရံုအေနအထားမွာတင္ ရွိျပီး စုေဆာင္းဖို႕ ေငြပို၊ လက္မွတ္တစ္ခုအတြက္ သင္တန္းတက္ဖို႕ေငြပို၊ ပိုေကာင္းတဲ့လစာ၊ အိမ္ကို ျပန္ေထာက္ပံနိုင္ဖို႕ အပိုငေြ စသျဖင့္ အဆင္ေျပနိုင္ေခ်သိပ္ကို နည္းပါးျပီး တိုးတက္မဲ့ လမ္းစဆိုတာ အေတာ္ေလးကို ခက္ခဲရွားပါးလြန္းေနတာျဖစ္ပါတယ္။ ၇ည္ရြယ္ရာ ပန္းတိုင္နဲ႕ မိဘေတြ ျဖစ္ေစခ်င္တဲ့ ပန္းတိုင္ၾကား ဗ်ာမ်ားျပီး ဘ၀ကို ျဖစ္သလို ထိန္းေက်ာင္းရာက လမ္းလြဲသြားတဲ့ လူငယ္ေတြမ်ားစြာ ရွိသလို ပ်က္စီးသြားတဲ့ အနာဂတ္ေတြ ဟာလည္း ထုနဲ႕ ေဒးျဖစ္ပါတယ္။

 

 

 

လက္ရွိမွာေတာ့ အြန္လိုင္းမီဒီယာထက္ ေအာင္ျမင္ခဲ့တဲ့ သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Eternal Gosh band အဖြဲ႕ရဲ႕ သီခ်င္း ျဖစ္တဲ့ “မိုးညအိမ္မက္ခရမ္းျပာ” သီခ်င္းဟာ လူငယ္ေတြၾကား အရမ္းကို ေရပန္းစားခဲ့ရသလို မထူးနိုင္တဲ့ဘ၀မွာ ၾကံဳသလို ျဖတ္သန္းေနရတဲ့ လူငယ္ေတြကို ဘ၀ကို အဆံုးထိမီးေမွာင္းထိုးျပေနတာျဖစ္ပါတယ္။ ဘာေတြဆက္ျဖစ္လာမ်ာလဲ ေရေရရာရာ အနာဂတ္ရယ္၊ အခြင့္အလမ္းရယ္ မရွိတဲ့ လူငယ္ေတြအတြက္ ၀မ္းနည္းစရာ သီခ်င္းတစ္ပုဒ္ျဖစ္သလို ဒီသီခ်င္းကို ဖန္တီးခဲ့တဲ့ Eternal Gosh band အဖြဲ႕ရဲ႕ ကိုယ္ပိုင္ခံစားခ်က္ အစစ္အမွန္နဲ႕ ၾကိဳးစားခဲ့ရတဲ့ ဘ၀တစ္ခုကို ေဖာ္ျပေနတာလည္း ျဖစ္ပါတယ္။

 

 

 

 

 

မုိးမခအိမ္မက္ခရမ္းျပာ (Official Music Video)Eternal Gosh!Directed By: Aung Kyaw Thet (Lu Pyaw)HD Available Here 👇👇👇https://youtu.be/hvzJmkThPNs

Posted by Eternal Gosh on Friday, March 15, 2019

ဒီသီခ်င္းကို ဖန္တီးခဲ့တဲ့ Eternal Gosh band ဟာ ရန္ကုန္ကို နယ္ကေန တက္လာခဲ့ျပီး ခုလိုေအာင္ျမင္လာတဲ့ Band တစ္ခုျဖစ္ေအာင္ ၾကိဳးစားခဲ့ရသလို သူတို႕ၾကိဳးစားခဲ့ရသမွ်၊ ျဖတ္သန္းခဲ့ရသမွ်ေတြ အားလံုးရဲ႕ အစစ္အမွန္ ခံစားခ်က္ေတြ ျဖစ္ပါတယ္။ ဘ၀သမားေတြမို႕ ဘ၀ခံစားခ်က္ သီခ်င္းေတြ အမ်ားဆံုးပါ၀င္ခဲ့တဲ့ သူတို႕ရဲ႕ ဒုတိယအေခြကို ခုခ်ိန္မွာ အေကာင္းဆံုးၾကိဳးစားေနျပီး ပရိတသ္ေတြရဲ႕ လက္ထဲကို အမွန္ဆံုး ေရာက္ရွိလောအာင္ ၾကိဳးစားေနသလို လူငယ္ ေရာခ္႕ဂီတ အဖြဲ႕ျဖစ္တဲ့ Eternal Goshကို ဆယ္လီကမာၻ ပရိသတ္ၾကီး ဆက္လက္အားေပးၾကပါဦးေနာ္.. ။

Source:Eternal Gosh
Khin Mi Mi @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

Eternal gosh

မိုးမခအိမ်မက်ခရမ်းပြာသီချင်းက နယ်ကနေ ရန်ကုန်မှာလာရောက်ရုန်းကန်နေရတဲ့သူတွေရဲ့ ခံစားချက်နဲ့ တိုက်ဆိုင်သွားပုံရပါတယ်လို့ဆိုတဲ့ ဟန်နေတာ….#Eternalgosh#CG#CeleGabar

Posted by Cele Gabar on Tuesday, April 9, 2019

လက်ရှိမှာ မြန်မာနိုင်ငံရဲ့ လူဦးရေ အထူထပ်မြို့ ဖြစ်တဲ့ ရန်ကုန်မြို့ကြီးဟာ လူငယ်တွေ အတွက် အလုပ်အကိုင်။ အခွင့်အလမ်း ၊ ပညာရေး တွေကို ရှာဖွေဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်သော်လည်း ကိုယ့်မြိုကိုယ့်ရွာမဟုတ်တဲ့ တနယ်တကျေးက လူတွေအတွက်တော့ အတော်လေးကို စွန့်စားခန်းဖွင့်နေရတဲ့ မထူးဇာတ်ခင်းပြီး ပေတေနေရတဲ့ ဘဝတွေ များစွာရှိပါတယ်။

ရန်ကုန်ကို တနယ်တကျေးမှ လာရောက်လုပ်ကိုင်သူ အနေနဲ့ ရတဲ့ လစာနဲ့ နေစရိတ်၊ စားစရိတ်ဖူလုံရုံအနေအထားမှာတင် ရှိပြီး စုဆောင်းဖို့ ငွေပို၊ လက်မှတ်တစ်ခုအတွက် သင်တန်းတက်ဖို့ငွေပို၊ ပိုကောင်းတဲ့လစာ၊ အိမ်ကို ပြန်ထောက်ပံနိုင်ဖို့ အပိုငွေ စသဖြင့် အဆင်ပြေနိုင်ချေသိပ်ကို နည်းပါးပြီး တိုးတက်မဲ့ လမ်းစဆိုတာ အတော်လေးကို ခက်ခဲရှားပါးလွန်းနေတာဖြစ်ပါတယ်။ ၇ည်ရွယ်ရာ ပန်းတိုင်နဲ့ မိဘတွေ ဖြစ်စေချင်တဲ့ ပန်းတိုင်ကြား ဗျာများပြီး ဘဝကို ဖြစ်သလို ထိန်းကျောင်းရာက လမ်းလွဲသွားတဲ့ လူငယ်တွေများစွာ ရှိသလို ပျက်စီးသွားတဲ့ အနာဂတ်တွေ ဟာလည်း ထုနဲ့ ဒေးဖြစ်ပါတယ်။

လက်ရှိမှာတော့ အွန်လိုင်းမီဒီယာထက် အောင်မြင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ Eternal Gosh band အဖွဲ့ရဲ့ သီချင်း ဖြစ်တဲ့ “မိုးညအိမ်မက်ခရမ်းပြာ” သီချင်းဟာ လူငယ်တွေကြား အရမ်းကို ရေပန်းစားခဲ့ရသလို မထူးနိုင်တဲ့ဘဝမှာ ကြုံသလို ဖြတ်သန်းနေရတဲ့ လူငယ်တွေကို ဘဝကို အဆုံးထိမီးမှောင်းထိုးပြနေတာဖြစ်ပါတယ်။ ဘာတွေဆက်ဖြစ်လာမျာလဲ ရေရေရာရာ အနာဂတ်ရယ်၊ အခွင့်အလမ်းရယ် မရှိတဲ့ လူငယ်တွေအတွက် ဝမ်းနည်းစရာ သီချင်းတစ်ပုဒ်ဖြစ်သလို ဒီသီချင်းကို ဖန်တီးခဲ့တဲ့ Eternal Gosh band အဖွဲ့ရဲ့ ကိုယ်ပိုင်ခံစားချက် အစစ်အမှန်နဲ့ ကြိုးစားခဲ့ရတဲ့ ဘဝတစ်ခုကို ဖော်ပြနေတာလည်း ဖြစ်ပါတယ်။

ဒီသီချင်းကို ဖန်တီးခဲ့တဲ့ Eternal Gosh band ဟာ ရန်ကုန်ကို နယ်ကနေ တက်လာခဲ့ပြီး ခုလိုအောင်မြင်လာတဲ့ Band တစ်ခုဖြစ်အောင် ကြိုးစားခဲ့ရသလို သူတို့ကြိုးစားခဲ့ရသမျှ၊ ဖြတ်သန်းခဲ့ရသမျှတွေ အားလုံးရဲ့ အစစ်အမှန် ခံစားချက်တွေ ဖြစ်ပါတယ်။ ဘဝသမားတွေမို့ ဘဝခံစားချက် သီချင်းတွေ အများဆုံးပါဝင်ခဲ့တဲ့ သူတို့ရဲ့ ဒုတိယအခွေကို ခုချိန်မှာ အကောင်းဆုံးကြိုးစားနေပြီး ပရိတသ်တွေရဲ့ လက်ထဲကို အမှန်ဆုံး ရောက်ရှိလောအာင် ကြိုးစားနေသလို လူငယ် ရောခ့်ဂီတ အဖွဲ့ဖြစ်တဲ့ Eternal Goshကို ဆယ်လီကမ္ဘာ ပရိသတ်ကြီး ဆက်လက်အားပေးကြပါဦးနော်.. ။

 

scroll to top