တစ္ခ်ိန္ကSexy model မိုးေဟကိုရဲ႕ဥမၼာဒႏၲီ အရွံဴးေပးလက္ေျမာက္ေလာက္ တဲ့အလွေတြကို စုစည္းထားေပးတဲ့ Video ေလး

Collage_Fotor4501.png

 

လက္ရွိ ျမန္မာႏိုင္ငံရဲ႕ထိပ္တန္း မင္းသမီးေတြထဲက တစ္ဦးအပါအဝင္ျဖစ္တဲ့ မင္းသမီးေခ်ာ မိုးေဟကိုကေတာ့ တခ်ိန္က အနုပညာေလာကကို ေမာ္ဒယ္လ္မေလး တစ္ေယာက္အျဖစ္အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာသူျဖစ္ျပီး အၾကည့္၊ မ်က္နာေပး နဲ႔ ကိုယ္ခႏၶာအခ်ိဳးအစားေတြက Sexyက်လွပလြန္းလို႔ သူမရဲ႕ Model postေတြကို လူသိမ်ားခဲ့သလိုသီခ်င္းနဲ႔ MTVေတြမွာ သ႐ုပ္ေဆာင္ရင္း ႐ုပ္ရွင္မင္းသမီးေလာကကိုပါ ဝင္ေရာက္လာသူပါ။

 

 

 

 

 

 

သရုပ္ေဆာင္အႏုပညာမွာ စန္းရွိသလို အရည္အခ်င္းလည္း ရွိတဲ့ မိုးတစ္ေယာက္ ႐ုပ္ရွင္မင္းသမီးတစ္ဦးအျဖစ္ အခြင့္အေရး ရရွိလာခဲ့ခ်ိန္မွာလည္း အေကာင္းဆုံးႀကိဳးစားခဲ့သလို လက္ရွိမွာေတာ့ ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္း မင္းသမီးေတြထဲက တစ္ဦးလို႕ ဆိုရမွာပါ။ သူမရဲ႕ အႏုပညာေၾကးေတြကေန ရရွိတဲ့ ဝင္ေငြေတြကို စုေဆာင္းခဲ့ၿပီး သူမရဲ႕ ကိုယ္ပိုင္ထုတ္လုပ္ေရးျဖစ္တဲ့”မိုး”႐ုပ္ရွင္ထုတ္လုပ္ေရးကို တည္ေထာင္ခဲ့သူျဖစ္
တာမို႕ ငယ္ရြယ္တဲ့ အနုပညာရွင္စီးပြားေရးအမ်ိဳးသမီးတစ္ဦးလည္းျဖစ္ပါတယ္။ လက္ထပ္အိမ္ေထာင္ျပဳဖို႕ အသက္အ႐ြယ္အပိုင္း အျခားတစ္ခုကိုေရာက္ရွိေနျပီျဖစ္ေသာ္လည္း မိဘကို ျပန္လည္လုပ္ေကြၽးေနတဲ့ သမီးလိမၼာတစ္ဦးလို႔ ဆိုႏိုင္သလို ျမန္မာႏိုင္ငံရဲ႕ ထက္ျမက္တဲ့ အႏုပညာရွင္အမ်ိဳးသမီးေတြထဲက တစ္ဦးျဖစ္ပါတယ္။

 

 

 

 

 

 

သူမရဲ႕ ေနာက္ထပ္စီးပြားေရးျဖစ္တဲ့ “Moe Fabric House” ပိုးထည္တိုက္ကို ဦးစီးေနၿပီသက္အ႐ြယ္ အသင့္တင့္ရလာတာနဲ႔ အမွ် မိုးတစ္ေယာက္ ၾကာေလလွေလ၊ တည္ၿငိမ္ရင့္က်က္လာေလ ျဖစ္ပါတယ္။ သူမရဲ႕ တည္ျငိမ္ရင့္က်က္ျပီး လံုျခည္လွပတဲ့ ပံုရိပ္္ေလးေတြေၾကာင့္ မိုးေဟကို ဆိုတာ တစ္ခ်ိန္က Sexy model ေမာ္ဒယ္တစ္ဦးဆိုေပမဲ့ လက္ရွိမွာေတာ့ ဥမၼာဒႏၲီ အရွံဴးေပးလက္ေျမာက္ေလာက္ ေအာင္ တည္ျငိမ္တဲ့ အလွေတြကို ပိုင္ဆိုင္ထားသူျဖစ္ေၾကာင္း Video ေလးနဲ႕ တကြ ေဖာ္ျပေပးလိုက္ရပါတယ္ေနာ္…။

Source:Moe hay Ko & phyo Ko design
Khin Mi Mi @CeleGabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

 

 

 

 

 

 

Designer Phyo Ko ( Extraordinary Fashion )

Dress : Phyo Ko ( Extraordinary Fashion )MUA : May Oo MagicHairstylist : Nang Si PaungPHYO KO Extraordinary FashionLife Photography

Posted by Moe Hay Ko on Saturday, March 9, 2019

လက်ရှိ မြန်မာနိုင်ငံရဲ့ထိပ်တန်း မင်းသမီးတွေထဲက တစ်ဦးအပါအဝင်ဖြစ်တဲ့ မင်းသမီးချော မိုးဟေကိုကတော့ တချိန်က အနုပညာလောကကို မော်ဒယ်လ်မလေး တစ်ယောက်အဖြစ်အနုပညာလောကထဲကို စတင်ဝင်ရောက်လာသူဖြစ်ပြီး အကြည့်၊ မျက်နာပေး နဲ့ ကိုယ်ခန္ဓာအချိုးအစားတွေက Sexyကျလှပလွန်းလို့ သူမရဲ့ Model postတွေကို လူသိများခဲ့သလိုသီချင်းနဲ့ MTVတွေမှာ သရုပ်ဆောင်ရင်း ရုပ်ရှင်မင်းသမီးလောကကိုပါ ဝင်ရောက်လာသူပါ။

သရုပ်ဆောင်အနုပညာမှာ စန်းရှိသလို အရည်အချင်းလည်း ရှိတဲ့ မိုးတစ်ယောက် ရုပ်ရှင်မင်းသမီးတစ်ဦးအဖြစ် အခွင့်အရေး ရရှိလာခဲ့ချိန်မှာလည်း အကောင်းဆုံးကြိုးစားခဲ့သလို လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးတွေထဲက တစ်ဦးလိုက ဆိုရမှာပါ။ သူမရဲ့ အနုပညာကြေးတွေကနေ ရရှိတဲ့ ဝင်ငွေတွေကို စုဆောင်းခဲ့ပြီး သူမရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့”မိုး”ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်ခဲ့သူဖြစ်
တာမို့ ငယ်ရွယ်တဲ့ အနုပညာရှင်စီးပွားရေးအမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။ လက်ထပ်အိမ်ထောင်ပြုဖို့ အသက်အရွယ်အပိုင်း အခြားတစ်ခုကိုရောက်ရှိနေပြီဖြစ်သော်လည်း မိဘကို ပြန်လည်လုပ်ကျွေးနေတဲ့ သမီးလိမ္မာတစ်ဦးလို့ ဆိုနိုင်သလို မြန်မာနိုင်ငံရဲ့ ထက်မြက်တဲ့ အနုပညာရှင်အမျိုးသမီးတွေထဲက တစ်ဦးဖြစ်ပါတယ်။

သူမရဲ့ နောက်ထပ်စီးပွားရေးဖြစ်တဲ့ “Moe Fabric House” ပိုးထည်တိုက်ကို ဦးစီးနေပြီသက်အရွယ် အသင့်တင့်ရလာတာနဲ့ အမျှ မိုးတစ်ယောက် ကြာလေလှလေ၊ တည်ငြိမ်ရင့်ကျက်လာလေ ဖြစ်ပါတယ်။ သူမရဲ့ တည်ငြိမ်ရင့်ကျက်ပြီး လုံခြည်လှပတဲ့ ပုံရိပ်လေးတွေကြောင့် မိုးဟေကို ဆိုတာ တစ်ချိန်က Sexy model မော်ဒယ်တစ်ဦးဆိုပေမဲ့ လက်ရှိမှာတော့ ဥမ္မာဒန္တီ အရှူံးပေးလက်မြောက်လောက် အောင် တည်ငြိမ်တဲ့ အလှတွေကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း Video လေးနဲ့ တကွ ဖော်ပြပေးလိုက်ရပါတယ်နော်…။

scroll to top