“ထိုင်းနိုင်ငံသံအမတ်ကြီးအိမ်မှာ ဖျော်ဖြေဧည့်ခံဖို့ ဖိတ်ကြားခံရတဲ့ ခင်ပိုးပန်းချီ “

Collage_Fotor-6.jpg
ခင်ပိုးပန်းချီလေး ဟာ ပထမတန်းကနေစပီး ဆို၊က၊ရေး၊တီး ပြိုင်ပွဲ ၁၅ ကြိမ်မြောက်ကစတင်ယှဉ်ပြိုင်ခဲ့ပြီး ၂၂ ကြိမ်မြောက်ထိ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့သူလေးဖြစ်ပါတယ်။ သူမ ဟာဆုတံဆိပ်ပေါင်း၂၃ခုရရှိခဲ့ပြီး ရွှေတံဆိပ်၈ဆု ၊ ငွေတံဆိပ် ၁၄ဆု နဲ့ ကြေးတံဆိပ် ၁ဆု တို့ရရှိခဲ့ပါတယ် ။ ဂီတတံခါးလေးဖွင့်ပါဦးဆိုတဲ့ရုပ်သံအစီအစဉ်အပြင် တခြားကျော်ကြားခဲ့တဲ့ ကြယ်ကလေးတွေရဲ့မိုးကောင်းကင်ဆိုတဲ့ ကလေးတေးသံရှင် ပြိုင်ပွဲလေးမှာလဲ ယှဉ်ပြိုင်ခဲ့ပါတယ်။ပရိသတ်တွေ အများဆုံးသိလာတာကတော့ ဓမ္မတေးတွေကို အသံချိုချိုလေးနဲ့ ဆိုတဲ့သူလေးဆိုပြီးလူအများလက်ခံသဘောကျခဲ့တာဖြစ်ပါတယ် ။ ၆တန်းနှစ်မှာ မြန်မာသံစဉ် ခွေတစ်ခွေ ထွက်ရှိခဲ့ပါသေးတယ်။
သူမ အတွက်ဒီနှစ်သ င်္ကြန်ကတော့ ဘန်ကောက်က မြန်မာနဲ့ထိုင်းသံအမတ်ကြီးအိမ်မှာ ဖျော်ဖြေဖို့ ဖိတ်ကြားခံထားရပါတယ်လို့သိရပါတယ်။သ င်္ကြန် အကလေးတွေရော စုံတွဲသီချင်းလေးတွေရော ပြင်ဆင်သွားမှာဖြစ်ပြီး သူမ ဟာ အကကိုသူငယ်တန်းလောက်တည်းကခဲ့လို့ အခက်အခဲသိပ်မရှိပေမယ့် ခါးသိပ်မချိုးတတ်လို့. ပိုလှအောင် လေ့ကျင့်နေပြီး စုံတွဲသီချင်းလေးတွေလည်း ပြင်ဆင်သွားပါမယ်တဲ့ cele gabar ပရိသတ်ကြီးရေ။
သင်္ကြန်အမှတ်တရအနေနဲ့ ကတော့ ငယ်ငယ်တည်းက နယ်တွေထွက်ပြီး သီချင်းဆိုရတဲ့အတွက် သူများကလေးတွေလိုမျိုးမဆော့ခဲ့ရတာကြောင့် မဆော့ရတဲ့ သင်္ကြန်အမှတ်တရပဲရှိပါတယ်တဲ့နော်။ “ သမီးလဲကလေးပဲလေ ရေပုံးကြီးတွေချပီးရေပက်ချင်ခဲ့ပါ တယ်” လို့လည်းပြောပြခဲ့ပါတယ် ။ခင်ပိုးပန်းချီလေး ဟာယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုထားပြီး လာမယ့်၆လပိုင်း၂ရက်နေ့ မှာသူမရဲ့တက္ကသိုလ်ဝင်တန်းအောင်စာ၇င်းကိုသိရှိရမှာဖြစ်ပါတယ်။အနုပညာဘက်ကိုပိုအားသန်တဲ့အတွက် အောင်မြင်အောင်တော့ဖြေဆိုခဲ့ပြီး ယခုမှာတော့ စာမေးပွဲကိစ္စတွေကိုခဏမေ့ထားပါတယ်တဲ့နော်။ အနုပညာဘက်ကလည်း သူမလျှောက်လှမ်းနေတဲ့ လမ်းကြောင်းဖြစ်တာကြောင့်အနုပညာဘက်ကိုပိုပြီးလုပ်ဖြစ်တယ်ဆိုပေမယ့် စာဘက်မှာအခက်အခဲနည်းနည်းရှိတဲ့အတွက် စာဘက်ကိုရော အနုပညာဘက်ကိုရော မျှတအောင် သူမမေမေရဲ့ခိုင်းစေမှုနဲ့ လုပ်ခဲ့ပါတယ်တဲ့နော်။ပရိတ်သတ်တွေအရမ်းသဘောကျခဲ့တဲ့ “လိပ်ပြာစံအိမ်” ဇာတ်ကားကြီးထဲက ဇာတ်ဝင်တေးသီချင်းကိုလည်း ခင်ပိုးပန်းချီလေးကသီဆိုခဲ့ထားတယ်လို့ သိရပါတယ်။ရုပ်ချောရုံသာမက အသံပါ ပြောစရာမရှိတဲ့အပြင် မြန်မာသံစဉ်တွေကိုနှစ်သက်ပီးမြန်မာအမျိုးသမီးကောင်းလေးဖြစ်တဲ့ခင်ပိုးပန်းချီလေးကိုအားပေးကြပါဦးပရိသတ်ကြီးရေ။
Source: Sanday
khin@CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

scroll to top