
collage-83.jpg



Source – U Kyaw Zay Ya
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

စံပြသဘင် ကထိန်

Posted by Myittar Myint Myat Hein on Friday, November 23, 2018

ပွဲကပြတဲ့ အရပ်မှာ လော်စပီကာ လုံးဝမသုံးဘဲ ကထိန်ခင်းခဲ့ကြတဲ့ ဟန်ဇာတို့ရဲ့ စံပြသဘင်

ဟန်ဇာမိုးဝင်း ဦးဆောင်တဲ့ မဟာရန်ကုန် စံပြသဘင်ဟာ ပွဲကပြတဲ့ နေရာမှာပဲ ကထိန်အလှူတွေကိုဆင်နွှဲခဲ့တာ (၄) ကြိမ်တိုင်ခဲ့ပါပြီ။ ပကာသန မပါတဲ့ ဇာတ်သဘင် အဖွဲ့သားတွေရဲ့ ချွေးနည်းစာ အလှူပစ္စည်း တွေကို ဗမာ့ရိုးရာ အစဉ်အလာအတိုင်း ကထိန်ခင်းခဲ့တာလည်းဖြစ်ပါတယ်။

စံပြသဘင် ဝိုင်းတော်သားတွေဟာ ပထမအကြိမ် မြိတ် တန်ဆောင်တိုင်၊ဒုတိယအကြိမ် ချောက်အေးစေတီ တန်ဆောင်တိုင်။ တတိယအကြိမ် မင်းကွန်းဆရာတော် စက္ကုပါလဆေးရုံ တန်ဆောင်တိုင်၊ ယခု စတုတ္ထအကြိမ် မဒေါက် တန်ဆောင်တိုင် တွေမှာ ကပြရင်းကထိန်ခင်းလာခဲ့ကြောင်းသိရပါတယ်။ အရိုးကို အရွက်မဖုံးစေပဲ ဗမာ့အက အလှများနဲ့ လော်စပီကာ လုံးဝမသုံးဘဲ ကထိန်ခင်းခဲ့တဲ့ ထူးခြားတဲ့ ကထိန်တစ်ခုလည်းဖြစ်ပါတယ်။

Source – U Kyaw Zay Ya
Nay Madhuri
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top