“၅ရက်အတွင်း ၁မီလီယံကျော်သွားတဲ့ ပျိုမေတွေသဲသဲလှုပ်ရတဲ့  စိုင်းစီတွမ်ခမ်းရဲ့သီချင်းဗီဒီယို”

Collage_Fotor-8.jpg

 

စိုင်းစီတွမ်ခမ်းဟာ ရှမ်းတိုင်းရင်းသားဖြစ်ပြီး ယောကျာ်းပီသတဲ့ ဘော်ဒီခန္ဓာကိုယ် တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ဖြူစင်တဲ့အပြုံးပိုင်ရှင်ပဲဖြစ်ပါတယ်။ သရုပ်ဆောင်လည်းဖြစ်ပြီး အဆိုပိုင်းပါကျွမ်းကျင်တဲ့မင်းသားဖြစ်ပါတယ်နော်။မကြာသေးမီကပဲ Line Walker 2 မှာ အထူးတပ်ဖွဲ့ဝင်ရဲတစ်ယောက်အဖြစ် ပါဝင်ရိုက်ကူးထားပါသေးတယ် ။အားကစားလိုက်စားထားတဲ့အပြင် တည်ကြည်ရင့်ကျက်တဲ့ တိုင်းရင်းသား မော်ဒယ်လ်မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ် ။

 

 

 

ပွဲတော်တော်များများရှမ်းဝတ်စုံလေးတွေနဲ့တက်လေ့ရှိတဲ့ရှမ်းတိုင်းရင်းသားစိုင်းစီတွမ်ခမ်းဟာ လတ်တလောမှာ ချစ်သူဆွဲအားဆိုတဲ့ သီချင်းဗီဒီယိုလေးကို ထွက်ရှိထားပါတယ်။ ပရိသတ်တွေတခဲနက်အားပေးကြပြီး ၅ ရက်အတွင်းမှာ ၁ သန်းကျော်ဝင်ရောက်ကြည့်ရှုသူများခဲ့ကြောင်း သိရပါတယ်။သီချင်းလေးက တော့ ဟိုးအရင်ထဲက လူအများကြိုက်နှစ်သက်တဲ့သီချင်းဖြစ်တဲ့” ချစ်သူ့ဆွဲအား”ကိုပြန်လည်သီဆိုထားတာဖြစ်ပါတယ်။ အရင်ထဲက ပရိသတ်တွေ နှစ်သက်ခဲ့ရတဲ့သီချင်းကို အခုစိုင်းစီတွမ်းခမ်း ပြန်လည်သီဆိုတဲ့အခါမှာလည်း အသံအေးအေးချိုချိုလေးနဲ့ ဆွဲဆောငိမှုတမျိုးရှိတယ်လို့ ပရိသတ်တစ်ချို့ကပြောဆိုထားတာလည်း တွေ့ရပါတယ်။Cele Gabar ပရိသတ်ကြီးရော စိုင်းစီရဲ့ ချစ်သူ့ဆွဲအားသီချင်းလေးကိုအားပေးပြီးပြီလားနော်။

 

 

source:SaiSiTomKham
khin@celegabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

scroll to top