”ယုန်လေးတွေ လိုအသားဖြူချင်လို့ မီးမီးလည်းမုန်လာဥစားတယ်ဆိုတဲ့ ပြည်သူ့အချစ်တော် ထိပ်ထားသခင် ”

Collage_Fotor-10.jpg

 

ပြည်သူ့အချစ်တော် ထိပ်ထားသခင်လေးဟာ အသံလေးကအစ အပြုအမူသရုပ်ဆောင်ချက်များဟာ ပရိသတ်ရင်ကို တစ်ခုမဟုတ်တစ်ခုစွဲကျန်အောင် ပြောဆိုတတ်သူလေးပဲဖြစ်ပါတယ်။ ထိပ်ထားလေးဟာ သူရဲ့ပင်ကိုယ်ဗီဇကိုက သရုပ်ဆောင်သာမက သီချင်းဆိုရာမှာလည်း ဝါသနာကြီးသူလေး ဖြစ်ပါတယ်။ မြန်မာတစ်ပြည်လုံးရဲ့သဲသဲလှုပ်ချစ်ရတဲ့ ဖွေးစိန်လေးကကလည်း သူရဲ့စံပြအနုပညာရှင်ပါလို့သိရပါတယ်။ထိပ်ထားလေးဟာလည်း ဖွေးစိန်လေးနဲ့ ခပ်ခပ်ဆင်ဆင်ပါပဲနော် ထိပ်ထားလေးရဲ့စိတ်ဆိုးပြီးသူ့မေမေကိုပြောတဲ့စကားကအစ ပရိသတ်တွေအတွက် Tik Tok မှာ အရမ်းဟော့ခဲ့ပါသေးတယ်။

 

 

မကြာသေးမီကပဲ ထိပ်ထားလေးဟာ DG3 Goat Milk မိတ်ဆက်ပွဲလေး ကိုတက်ရောက်ခဲ့ပါတယ်။ ထိပ်ထားလေးဟာ အင်တာဗျူးမှာ ဖြေဆိုသွားပုံကိုက ပရိသတ်တွေအသဲယားစရာဖြစ်အောင် ဖြေဆိုသွားပြန်ပါတယ်နော်။ဖြေပုံလေးက တော့ထိပ်ထားအသားဖြူတာ အသီးအရွက်တွေစားလို့ဖြစ်ပြီး မုန်လာဥနီလဲစားပါသေးတယ်တဲ့။မုန်လာဥဘာကြောင့်စားရတာလဲဆိုရင် ယုန်လေးတွေဟာမုန်လာဥစားလို့ အသားဖြူတာမို့ သူလည်းစားတာပါတဲ့ Cele Gabar ပရိသတ်ကြီးရေ။ထိပ်ထားလေးကအရောင်လေးတွေထဲ ပန်းရောင်ကို နှစ်သက်ပါသေးတယ်တဲ့။အခုတလော လူအများကြိုက်နှစ်သက်နေတဲ့စိုင်းစိုင်းရဲ့ သီချင်း ကို သံစဉ်ယူပီးစာသားကိုချစ်စရာကောင်းအောင်ပြောင်းဆိုပြသွားပါသေးတယ်။” မင်းဗလထက် ငါ့ဗလပိုကြီးတယ်..ငါ့ဗလပိုကြီးတယ်လို့” ဆိုပြသွားပါတယ်နော်။Cele Gabar ပရိသတ်ကြီးရော ထိပ်ထားလေးရဲ့ သီချင်းစာသားလေး သဘောကျကျေနပ်မယ်ထင်ပါတယ်နော်။

 

 

source:Trend Myanmar
khin@cele gabar
ယူနီကုဒ်ဖြင့် ဖတ်ရန်

scroll to top