
3-7.png


 

အကယ်ဒမီဆုမရရင်တောင် ဖိုင်နယ်စာရင်းဝင်ရင် ကျေနပ်ပြီဆိုတဲ့ ခွန်းဆင့်နေခြည် 1

 

အကယ်ဒမီဆုမရရင်တောင် ဖိုင်နယ်စာရင်းဝင်ရင် ကျေနပ်ပြီဆိုတဲ့ ခွန်းဆင့်နေခြည် 2

 

အကယ်ဒမီဆုမရရင်တောင် ဖိုင်နယ်စာရင်းဝင်ရင် ကျေနပ်ပြီဆိုတဲ့ ခွန်းဆင့်နေခြည် 3


 

မှော်ဝင်သမန်းကျားရုပ်ရှင်ဇာတ်ကားကြီးရော

ချစ်ပရိသတ်ကြီးရေ …(2018) အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ မှော်ဝင်သမန်းကျားရုပ်ရှင်ဇာတ်ကားကြီးရောဆုလေးတစ်ခုခုများချိတ်နိုင်မလားလို့ အကြံပြုအကဲဖြတ်ကြည့်ပေးကြပါအုံးနော် … နောက်ဆုံးဇကာတင်အဆင့်ထိတော့ပါသွားပြီ•••

Posted by Khunn Sint Nay Chi on Monday, February 25, 2019

 

အကယ်ဒမီဆုမရရင်တောင် ဖိုင်နယ်စာရင်းဝင်ရင် ကျေနပ်ပြီဆိုတဲ့ ခွန်းဆင့်နေခြည် 4

Source : MC
Molly @CeleGabar
ယူနီကုဒ်ဖြင့်ဖတ်ရန်

 

အကယ်ဒမီဆုမရရင်တောင် ဖိုင်နယ်စာရင်းဝင်ရင် ကျေနပ်ပြီဆိုတဲ့ ခွန်းဆင့်နေခြည်

မြန်မာ့ ရုပ်ရှင်လောကမှာ အက်ရှင်မင်းသမီး တစ်လက်အဖြစ် နာမည်ရထားတဲ့ ခွန်းဆင့်နေခြည်ဟာ လက်ရှိမှာတော့ ” မှော်ဝင် သမန်းကျား ” ရုပ်ရှင်ကားကြီးကို သိန်းပေါင်းထောင်ချီ အကုန်ကျခံရိုက်ကူးခဲ့ရတာဖြစ်ပြီး အကယ်ဒမီဆန်ကာတင်း စာရင်းမှာပါဝင်ခွင့်ရခဲ့ပါတယ် ။ အကယ်ဒမီဖိုင်နယ်ထိ ရောက်သွားတာပဲကျေ နပ်နေပြီ ဖြစ်ပြီး ရွေးချယ်တဲ့သူတွေအပေါ်ပဲ မူတည်တာ ဖြစ်လို့ မရဖူးသေးတဲ့ သူတစ်ယောက်အနေနဲ့ ခွန်းဆင့်တစ်ယောက်ရင်ခုန်နေတယ်လို့ သိရပါတယ် ။

ရဖူးပြီးသားလူတွေက တော့ အတွေ့ကြုံရှိပြီးသားဆိုတော့ သိပ်ရင်မခုန်ပေမယ့် မရဖူးတဲ့ သူတွေအတွက်တော့ အရမ်းရချင်စိတ်နဲ့ ရင်ခုန်နေပါတယ်တဲ့ ။ မှော်ဝင်သမန်းကျား ဇာတ်ကားက အချိန်တွေလဲကြာခဲ့တယ် ၊ ငွေကြေးတွေလည်း သိန်းထောင်ချီကုန်ကျခဲ့တယ် ၊ လူတွေလည်း ပင်ပန်းခဲ့တယ် အရမ်းကြိုးစားခဲ့တဲ့ ကားလေး ဖြစ်ပြီး ကလေးတွေစာမေးပွဲနဲ့တိုက်နေတော့ ဝင်ငွေစံချိန်တော့ မချိုးနိုင်ခဲ့ပေမယ့် ကြည့်ဖူးတဲ့ပရိသတ်တွေ အကုန်လုံးကတော့ ဒီကားလေးဟာ သူတို့ရင်ထဲကိုထိုးဖောက်နိုင်တဲ့ ကားလေးတစ်ကားဖြစ်ခဲ့တယ်ဆိုတာ သိရလို့ကျေနပ်ပါတယ်လို့လည်း ပြောပြခဲ့ပါသေးတယ် ။ ခွန်းဆင့်ကိုချစ်တဲ့ CeleGabar ပရိသတ်ကြီးကလည်း အကယ်ဒမီရဖို့ဆုတောင်းပေးလိုက်ပါဦးနော် ။

Source : MC
Molly @CeleGabar

scroll to top