Cele Gabar

မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့ နာဂတိုင်းရင်းသားလေးတန်ခွန်ကျော်ကတော့ အခုဆိုရင် အားပေးကြမ်းတဲ့ပရိသတ်တွေနဲ့အတူ အလှူဒါနစုပေါင်းပြုလုပ်ခဲ့တာ ဆဋ္ဌမအကြိမ်မြောက်ရှိခဲ့ပါပြီ။ လွန်ခဲ့တဲ့အပတ်ကတော့ ရန်ကုန်ဆေးရုံကြီးမှာ အာဟာရဒါန သွားရောက်လှူဒါန်းပေးခဲ့ပြီး ဒီနေ့မှာတော့ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာမှာ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း မျှဝေခဲ့ပါတယ်။ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာမှာရှိတဲ့ လူမှုစောင့်ရှောက်ရေးဂေဟာမှာ ပန်ကာ၊မီးအိမ်၊ […]

မြန်မာနိုင်ငံမှာ ပရိသတ်အင်အားတောင့်တင်းလွန်းတဲ့ အနုပညာရှင်တွေထဲမှာတော့ စိုင်းစိုင်းလည်းအပါအဝင်ပါ။ စိုင်းစိုင်းကတော့ ဆန်းသစ်တဲ့သီချင်းကောင်းတွေကို ပရိသတ်တွေကို ဖန်တီးပေးလေ့ရှိသူပါ။ အခုလည်း ပရိသတ်ရင်းနှီးပြီးသားသီချင်းတစ်ပုဒ်ကို Music Video အနေနဲ့ ထွက်ရှိလာခဲ့ပါတယ်။ သီချင်းကတော့ “Sai Sai is Sai Sai” […]

ပိုပိုကတော့ တေးရေးတေးဆိုတစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူပါ။ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ ဝါသနာပါရာ ဂီတခရီးကို လျှောက်လှမ်းလာခဲ့သူဖြစ်ပြီး “ချစ်ဖူးခဲ့သမျှ” တေးစီးရီးလေးနဲ့ ဂီတလမ်းကြောင်းပေါ်မှာ ရပ်တည်နိုင်ခဲ့တဲ့သူတစ်ယောက်လို့ ဆိုရမှာပါ။ သူကတော့ ပရိသတ်တွေရဲ့အားပေးမှုနဲ့ အခုဆိုရင် ကိုယ်ပိုင်အိမ်လေးတစ်လုံးပိုင်ဆိုင်လာခဲ့ပြီ ဖြစ်တဲ့အပြင် နေ့စဉ်နေ့တိုင်း သူ့ရဲ့အိမ်လေးမှာ စိုက်ပျိုးထားတဲ့အပင်လေးတွေနဲ့ […]

မေမီကိုကိုကတော့ ကျရာဇာတ်ရုပ်ကိုလိုက်ဖက်အောင် သရုပ်ဆောင်နိုင်စွမ်းရှိတဲ့မင်းသမီးတစ်လက်ပါ။ ဒါကြောင့်လည်း ပျားရည်အိုင်ဇာတ်လမ်းတွဲမှာ မြိုင် ဇာတ်ရုပ်ကို အကောင်းဆုံးပုံဖော်သရုပ်ဆောင်နိုင်တာကြောင့် Star Award ဆုကြီးကိုလည်း ရရှိပိုင်ဆိုင်ထားနိုင်တာပါ။အခုလည်း (၁၉၈၀) ခုနှစ်ပတ်ဝန်းကျင်ကိုပြန်လည်ပုံဖော်ထားတဲ့ ဂျီဟောသူဇာတ်လမ်းတွဲမှာ အဓိကဇာတ်ဆောင်တစ်ယောက်အနေနဲ့ပါဝင်ထားပြန်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ စာရေးဆရာမကြီး မစန္ဒာရဲ့နာမည်ကြီးစာအုပ်တစ်အုပ်ကို ပြန်လည်ပုံဖော်ထားတာပါ။ […]

ဟိုးအရင်အချိန်ကတည်းက ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ပွင့်နဒီမောင်ကတော့ အခုချိန်မှာဆိုရင်လည်း ဇာတ်လမ်းတွဲတွေ၊ အခြားအနုပညာလှုပ်ရှားမှုတွေနဲ့ ပရိသတ်ရှေ့ပြန်လည်ရောက်ရှိလာသူတစ်ယောက်ပါ။ လတ်တလော ကိုဗစ်ကာလမှာတော့ သရုပ်ဆောင်ထူးခြားနဲ့အတူ စပါယ်ရှယ်ဝက်နံရိုးဟင်းလျာတွေကို ရောင်းချပေးလျက်ရှိပါတယ်။ ပရိသတ်နဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ရက်စာမျက်နှာမှာ တနေ့တာအကြောင်းအရာလေးတွေ မျှဝေပေးနေသူတစ်ယောက်ဖြစ်ပြီး ဒီနေ့မှာတော့ ပရိသတ်တွေအတွက ်ထူးထူးခြားခြားအစီအစဉ်လေးတစ်ခုပြုလုပ်ထားကြောင်း မျှဝေခဲ့ပါတယ်။ “စိတ်ကူးပေါက်လို့ […]

ကိုပေါက်ကတော့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ အကြမ်းအရမ်း၊ ဟာသမျိုးစုံနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိခဲ့သူဖြစ်ပြီး အခုဆိုရင် ဒါရိုက်တာတစ်ယောက်အနေနဲ့ပါ အောင်မြင်မှုရရှိနေပြီဖြစ်ပါတယ်။ လတ်တလောမှာလည်း ကိုပေါက်တစ်ယောက်ကတော့ ကိုဗစ်ကာလမှာ ပရိသတ်တွေရဲ့ဘဝအမောတွေဖြေဖျောက်ဖို့အတွက် Tik Tok လေးတွေဆော့ရင်း အောင်မြင်မှုရရှိနေသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ကိုပေါက်ကတော့ အနုပညာအလုပ်မှာတင် မျိုးစုံတတ်ကျွမ်းနေသူတစ်ယောက်မကဘဲ […]

ဒီဇိုင်နာမျိုးမင်းစိုးကတော့ မြန်မာနိုင်ငံရဲ့လက်ရာမြောက်လှတဲ့ ထူးချွန်ဒီဇိုင်နာတွေထဲကတစ်ယောက်ပါ။ မျိုးမင်းစိုးကတော့ နာမည်ကျော်အနုပညာရှင်တွေရဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ဖန်တီးပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကျက်သရေရှိတဲ့မြန်မာ့အလှကို ဖန်တီးပံ့ပိုးပေးထားပြန်ပါပြီ။ မျိုးမင်းစိုးကတော့ မြန်မာ့ရုပ်ရှင်လောကရဲ့နာမည်ကြီး အကယ်ဒမီမင်းသမီးကြီးခင်သန်းနုကို မြန်မာဝတ်စုံဖန်တီးပံ့ပိုးပေးထားတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကျွန်တော့်ဖန်တီးမှူဝတ်စုံလေးနဲ့ အသက်၇၅နှစ်မြန်မာရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီခင်သန်းနုရဲ့ကိုယ်တိုင်လိမ်းဖွဲ့ထားသောအလှ […]

မင်းZ ကတော့ မန္တလေးမြို့မှာ ဆိုင်ကယ်ဝပ်ရှော့နဲ့ အသက်မွေးဝမ်းကျောင်းပြုရင်း ဝါသနာပါရာ ဂီတခရီးလမ်းကို လျှောက်လှမ်းနေသူတစ်ယောက်ပါ။ ကိုဗစ်ကာလမှာ Rapper အဆိုတော်တွေကစတင်လိုက်တဲ့ Rap Challenge ကြောင့် ပရိသတ်တွေသတိထားမိခဲ့တဲ့လူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ကိုဗစ်ကာလမှာ Stay Home နေကြဖို့ […]

တစ်ခေတ်တစ်ခါက မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားချောလေး တစ်ယောက်ဖြစ်ခဲ့တဲ့ပိုင်ဇေရဲထွန်းကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေရပ်နားခဲ့ပေမယ့် ပရိသတ်တွေ ချစ်ခင်အားပေးနေကြဆဲ အနုပညာရှင်တစ်ယောက်ပါ ။ အရမ်းလှတဲ့ ချစ်ဇနီးနဲ့အတူ ချစ်စရာ သားသမီး (၃) ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး လူတိုင်း ငေးမောအားကျရတဲ့ သာယာတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားတဲ့သူပါ […]

ပရိသတ်ကြီးရေ ကျောင်းကပွဲတစ်ခုကနေ တဆင့် အနုပညာလောကထဲရောက်လာပြီး ကြော်ငြာတွေရိုက်ကူးနေပြီဖြစ်တဲ့ ဖြူဖြူထွေးကတော့ ရိုးသားဖြူစင်တဲ့ ကောင်မလေးတစ်ယောက်ဆိုတာကို ပရိသတ်တွေသိပြီးဖြစ်မှာပါ ။ သူရရှိတဲ့အနုပညာကြေးနဲ့လိုအပ်နေတဲ့ နေရာတွေအပြင် သက်ကြီးရွယ်အိုတွေ အနုပညာညီအစ်ကိုမောင်နှမတွေကို ပါ မကျန် မကြာခဏလှူဒါန်းကုသိုလ်ယူတတ်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ် ။ ဒီနေ့ […]