မိုးဟေကိုကတော့ အလှဘုရင်မတစ်ယောက်လို့ တင်စားခံရသူမင်းသမီးတစ်လက်ပါ။ ပြီးပြည့်စုံတဲ့အလှအပြင် နေရာဒေသအလိုက်ပွဲလယ်တင့်အောင် ဖက်ရှင်ကျကျဝတ်ဆင်တတ်လွန်းတာကြောင့်လည်း အများအာရုံစိုက်မှုကိုရရှိထားသူတစ်ယောက်ပါ။ အခုလည်း စတိုင်အမျိုးမျိုးနဲ့ဖက်ရှင်ကျအောင်ဝတ်ဆင်နည်းကို ပရိသတ်ကိုမျှဝေပေးလာတာပါ။ မိုးဟေကိုကတော့ အခုနောက်ပိုင်းမှာ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုလေးတွေကို ပြန်လည်မျှဝေပေးလေ့ရှိတာပါ။ မကြာသေးခင်ကသူ့ရဲ့မွေးနေ့မှာ အလှူအတန်းတွေပြုလုပ်ခဲ့တာကိုလည်း ဗီဒီယိုနဲ့တကွမျှဝေခဲ့သလို အိမ်ရဲ့ဥယျာဉ်လေးကိုစိတ်ကြိုက်ပုံဖော်တဲ့အခါမှာလည်း ပရိသတ်တွေကိုထပ်တူခံစားစေတဲ့ ဗီဒီယိုလေးတွေလုပ်လေ့ရှိတာပါ။ အခုလည်း “Stay Home ကာလမှာ အပြင်မထွက်ရလည်း Fashion ကျကျလေးဝတ်ပြီး ဓာတ်ပုံလေးတွေရိုက်ကြည့်နော်။ မိုးဘယ် Outfit လေးနဲ့ အလိုက်ဆုံးဆိုတာလေးကိုရော ပြောပြသွားပေးပါဦး” ဆိုပြီးတော့ ဗီဒီယိုဖိုင်နဲ့အတူမျှဝေလာတာပါ။ မိုးဟေကိုကတော့ ဘာဝတ်ဝတ်လိုက်ဖက်လွန်းသူတစ်ယောက်ပါ။ အခုလည်း စတိုင်ကျကျဝတ်ပုံလေးတွေကို ပြန်လည်မျှဝေခဲ့တာကြောင့် မိုးဟေကိုလို လိုက်ဝတ်ဖို့အတွက်စိတ်ကူးရသွားတဲ့သူတွေရှိလားနော်…. Source:MoeHayKo Related Posts:Dior ရဲ့ဖက်ရှင်ရှိုးပွဲမှာ အမိုက်စားဖြစ်နေခဲ့တဲ့ BLACKPINK…အခွန်ငွေတွေပေးဆောင်ရန်ကျန်နေတဲ့အတွက်…အသက်(၂၀) အရွယ်တုန်းကလို မပြောင်းလဲဘဲလှနေဆဲဖြစ်တဲ့မင်းသမီး…ဇနီးလောင်း …
Read More »အကြီးဆုံးသားဖြစ်သူရဲ့(၁၄) နှစ်ပြည့်မွေးနေ့မှာ ကျေနပ်ကြည်နူးနေတဲ့ ရတနာခင်
တစ်ချိန်ကပရိသတ်အချစ်တွေကို ရယူထားနိုင်တဲ့နာမည်ကျော်မင်းသမီးတွေထဲမှာတော့ ရတနာခင်လည်းအပါအဝင်ပါ။ အခုအချိန်မှာတော့ မိသားစုအတွက်အချိန်ပေးပြီး အနုပညာအလုပ်တွေကို ရပ်တန့်ထားခဲ့ပြီလည်း ဖြစ်ပါတယ်။ ရတနာခင်ကတော့ ပရိသတ်တွေရဲ့ရင်ထဲမှာရှိနေတုန်းဖြစ်ပြီး ချစ်ခင်တဲ့ပရိသတ်တွေအခုအချိန်အထိရှိနေတုန်းပဲ ဖြစ်ပါတယ်။ ရတနာခင်ကတော့ သူ့ရဲ့ဖေ့ဘွတ်မှာ အကြီးဆုံးသားဖြစ်သူရဲ့မွေးနေ့ကို “Happy Birthday Zwe Oo Htet ၁၄ နှစ်ပြည့်သွားပြီနော် မာမားစိတ်ထဲမှာတော့ ကလေးလေးဘဲ ရှိသေးတယ် ချစ်လို့မဝသေးဘူး၊ နမ်းလို့ မဝသေးဘူး၊ သားကြီး ဘဝတလျှောက်လုံး ကိုယ်စိတ်၂ ပါးကျန်းမာချမ်းသာပါစေ ၊ သူတော်ကောင်းများနှင့်သာ ဆုံတွေ့ပြီး သူယုတ်မာတို့၏ရန်မှကင်းဝေးပါစေ ၊ အကိုကြီးအဖအရာ ဆိုတဲ့အတိုင်း မိသားစုမှာသားအကြီးဆုံး မို့လို့ အရာရာကိုဦးဆောင်နိုင်တဲ့သူ, ကာကွယ်စောင့်ရှောက်နိုင်တဲ့သူဖြစ်ပါစေ ” ဆိုပြီးတော့ ဆုမွန်ကောင်းတွေတောင်းထားပါတယ်။ ရတနာခင်ကတော့ သားသုံးယောက်လုံးရဲ့ချစ်စရာပုံရိပ်လေးတွေနဲ့အတူ ကြည်နူးစရာကောင်းတဲ့မွေးနေ့အခိုက်အတန့်လေးကိုလည်း ပရိသတ်တွေကို …
Read More »လမ်းဘေးမှာ ပန်းရောင်းတဲ့ကလေးတွေခေါ်ပြီး တစ်နေ့တာပျော်ရွှင်စရာဖန်တီးပေးခဲ့တဲ့ နေမင်း
ပရိသတ်တွေရဲ့အချစ်တော်နေမင်းတစ်ယောက် လမ်းဘေးမှာ ပန်းရောင်းနေကြတဲ့ကလေးတွေအတွက် သူထူးထူးခြားခြားလေးစဉ်းစားပြီး လုပ်ပေးဖြစ်ခဲ့တဲ့အလှူလေးတစ်ခုကို မျှဝေလာခဲ့ပါတယ်။ မနက်ဆိုကျောင်းတက်၊ ညဆိုပန်းရောင်းရင်း ဘဝကိုအဆင်ပြေသလိုဖြတ်သန်းနေရတဲ့သူတို့လေးတွေအတွက် ပျော်ရွှင်စရာတစ်ရက်တာဖန်တီးပေးဖို့ ရည်ရွယ်ခဲ့ပြီး ရည်ရွယ်ထားတဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။ နေမင်းကတော့ ပန်းရောင်းတဲ့ကလေးတွေရဲ့ဘဝကို လေ့လာဖို့ ကိုယ်တိုင်အိမ်တိုင်ရာရောက်သွားရောက်ခဲ့ပြီး အဲ့လိုကိုယ်တွေ့သိမြင်လိုက်ရမှ သူထင်ထားတာထက်ပိုပြီးတော့ သူတို့ရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးတွေ၊ သူတို့ရဲ့ရင်ထဲမှာရှိတဲ့မျှော်လင့်ချက်တွေ၊ သူတို့ဖြစ်ချင်တဲ့အိပ်မက်တွေ အဲ့ဒါတွေအားလုံးကို သိခွင့်ရခဲ့ပါတယ်တဲ့။ အဲ့ဒီကနေမှ သူတို့ရဲ့အားလပ်ရက်တစ်ရက်မှာ သူတို့သွားချင်တဲ့နေရာ၊ စားချင်တဲ့အစားအစာတွေနဲ့ သူတို့ဖြစ်ချင်တဲ့ဆန္ဒလေးတွေကို တစ်ရက်လောက်ဖြည့်ဆည်းပေးချင်တဲ့စိတ်နဲ့ ဒီအလှူလေးကို ပြုလုပ်ခဲ့တာပါတဲ့ ပရိသတ်ကြီးရေ… သူတို့တစ်ရက်တာပန်းရောင်းရမယ့်ငွေကို အိမ်ကိုပေးပြီး ကလေးတွေနဲ့အတူ ဘုရားသွားဖူး၊ ကစားကွင်းသွား၊ စားသောက်ဆိုင်ခေါ်ကျွေးပြီး ကလေးတွေအတွက် တစ်ရက်တာပျော်ရွှင်စရာအချိန်လေးကို ကိုယ်တိုင်ဖန်တီးပေးခဲ့ပါတယ်။ ပျော်ရွှင်နေတဲ့ကလေးတွေရဲ့ အပြုံးနဲ့ ကြည်နူးဖို့ကောင်းလွန်းတဲ့ နေမင်းရဲ့အလှူဗွီဒီယိုလေးကတော့ ကြည်ရှုသူတွေကို အပျော်တွေကူးစက်စေမှာမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် …
Read More »အလှူဖြစ်မြောက်ဖို့အတွက် ရောင်းတဲ့ပစ္စည်းတွေကို ဈေးမသတ်မှတ်ဘဲ အလှူငွေပဲလက်ခံသွားမယ့် ဖိုးချစ်
မကြာသေးခင်က ဖားကန့်၊ဝှေခါမှော်အတွင်းမှာ ဖြစ်ခဲ့တဲ့ကမ်းပါးပြိုမှုကိုတော့ ပရိသတ်တွေလည်း များစွာစိတ်မကောင်းဖြစ်ခဲ့ကြရမှာပါ။ လူ့အသက်ပေါင်းများစွာ တစ်ခဏထဲမှာ ဝါးမြိုခံလိုက်ရတာကြောင့် သေဆုံးသူတွေရဲ့မိသားစုဝင်တွေသာမက ပြည်သူတစ်ရပ်လုံးရင်ထုမနာ ဖြစ်ခဲ့ရမှာ အမှန်ပါပဲ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖိုးချစ်ကတော့ နစ်နာသူတွေကိုကူညီနိုင်ဖို့ အွန်လိုင်းပရဟိတဈေးရောင်းပွဲတော်ကျင်းပဖို့ ပြင်ဆင်နေကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့ပြီး ဒီနေ့မှာတော့ နယ်မြို့နဲ့ ရန်ကုန်မြို့က ပရိသတ်တွေဝယ်ယူနိုင်မယ့်အရာတချို့ကို မျှဝေပေးခဲ့ပါတယ်။ နယ်မှ မိသားစုများအတွက် (၁) ဇော်ဂျီမြန်မာ နှလုံးသည်းခြေဆေး(၂) ပိုသူလှူလိုသူကူ အသင့်စားငါးရံ့ခြောက် (၃) ပို/လို အားလူးကြော်ထုတ် (၄) ပို/ လို အမှတ်တရအင်္ကျီ များ (၅) ပို/လို တံဆိပ် ပန်းအိုးလေးများ ( ပန်းအစစ် ) စသည်ဖြင့် ရောင်းချရန်စီစဉ်ထားပြီး ရန်ကုန်မြို့ကမိတ်ဆွေများအတွက် ကိုယ်တိုင်ချက် သီးစုံချဉ်ရည်၊ …
Read More »ငါးလွှတ်ကုသိုလ်ယူရင်း ခုနှစ်ရက်သားသမီးကို ဆုတောင်းပေးခဲ့တဲ့ ကျော်ထက်ဇော်
မင်းသားချောကျော်ထက်ဇော်ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် ပရိသတ်တွေကချစ်ခင်အားပေးမှုများခဲ့ကြတာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကထုတ်လွှင့်ပြသခဲ့တဲ့ အချစ်ဖွဲ့လေညင်းဇာတ်ကားမှာလည်း နှစ်ကိုယ်ခွဲဇာတ်ရုပ်ကိုအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့ပြီး ပရိသတ်အချစ်ကို ရရှိထားပါသေးတယ်။ ကျော်ထက်ဇော်ကတော့ အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေသလို အားလပ်ချိန်တွေကိုလည်း အကျိုးရှိရှိအသုံးချတတ်သူပါ။ သူ့ရဲ့ဖေ့ဘွတ်မှာ “မနက်စောစော ငါးလွှတ်ကုသိုလ်ယူရင်းကျနော်ချစ်သော ကျနော့်ကိုချစ်သော ၇ရက်သားသမီးများ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိစေဖို့ ဆုတောင်းပေးပါတယ်ခင်ဗျ “ဆိုပြီးတော့ ရေးသားထားပါသေးတယ်။ ငါးလွှတ်ကုသိုလ်ယူနေတဲ့ပုံရိပ်လေးတွေကိုပြန်လည်မျှဝေခဲ့တာကြောင့် ပရိသတ်တွေကလည်း သူ့ရဲ့အလှူလေးကို ချီးကျူးတဲ့မှတ်ချက်လေးတွေပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ ကျော်ထက်ဇော်ရဲ့ကုသိုလ်အလှူလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…. Source : KyawHtetZaw Related Posts:Dior ရဲ့ဖက်ရှင်ရှိုးပွဲမှာ အမိုက်စားဖြစ်နေခဲ့တဲ့ BLACKPINK…အခွန်ငွေတွေပေးဆောင်ရန်ကျန်နေတဲ့အတွက်…အသက်(၂၀) အရွယ်တုန်းကလို မပြောင်းလဲဘဲလှနေဆဲဖြစ်တဲ့မင်းသမီး…ဇနီးလောင်း Lee Da In ကို…ပွဲဦးထွက်ချိန်ကလို ချစ်စရာကောင်းတဲ့အသွင်အပြင်တွေနဲ့ရှိနေတဲ့…ဖန်သားပြင်မှာပြန်လည်မြင်တွေ့ရဖို့ မဖြစ်နိုင်တော့ဘူးလို့…
Read More »ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာမအီးတီရဲ့နှစ်(၆၀) ပြည့်မွေးနေ့ကိုရည်မှန်းပြီး အလှူလုပ်ပေးခဲ့တဲ့ စည်ဖြိုး
စည်ဖြိုးကတော့ ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့မင်းသားတစ်လက်ဖြစ်တာမို့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူပါ။ အလှူအတန်းရက်ရောလွန်းတဲ့မိခင်ကို ပိုင်ဆိုင်ထားတဲ့အပြင် ကိုယ်တိုင်လည်း ဘာသာ၊သာသနာအတွက် လက်မနှေးလှူဒါန်းလေ့ရှိသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူတို့မိသားစုလေးကတော့ အလှူမလုပ်ဖြစ်တဲ့ရက်မရှိလောက်အောင် အလှူရေစက်လက်နဲ့မကွာလှူဒါန်းလေ့ရှိသူတွေလည်း ဖြစ်ပါတယ် ပရိသတ်ကြီးရေ.. မနေ့ကတော့ ညီငယ်ရဲ့(၂၄) နှစ်ပြည့်မွေးနေ့အလှူအတွက် ကျိုက်မရောဆရာတော်ဘုရားထံမှာ ငွေကျပ်သိန်း(၁၀၀)နဲ့ ဆွမ်းကပ်လှူဒါန်းခဲ့သလို ဒီနေ့မှာလည်း ကွယ်လွန်သွားပြီဖြစ်တဲ့ဆရာမအီးတီရဲ့ နှစ်(၆၀) ပြည့်မွေးနေ့ကို ရည်စူးပြီးအလှူလေးတစ်ခုပြုလုပ်ပေးခဲ့ပြန်ပါတယ်။ သင်္ဃန်းကျွန်းမြို့နယ် မန္တလေးပရိယတ္တိစာသင်တိုက်မှ သံဃာ(၄၄)ပါး၊ သီလရှင် (၁၅)ပါးတို့အတွက် နေ့ဆွမ်းနဲ့ ဝတ္ထုငွေတို့ကို မြေးအဘွားနှစ်ယောက်သွားရောက်လှူဒါန်းပေးခဲ့ကြောင်း စည်ဖြိုးကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေဖော်ပြခဲ့ပါတယ် ပရိသတ်ကြီးရေ.. အလှူရေစက် လက်နဲ့မကွာလှူဒါန်းနေတဲ့စည်ဖြိုးတို့မိသားစုရဲ့ အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ပါဦးနော်။ Source – Si Phyo Rainbow- Cele Gabar Related Posts:Dior …
Read More »ဝါဆိုသင်္ကန်းကပ်လှူခဲ့ကြတဲ့ မြင့်မြတ်မန်နေဂျာနဲ့ မြတ်သူလေးရဲ့ ကြည်နူးဖွယ်အလှူလေး
ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်သလို သဘာဝကျတဲ့ သရုပ်ဆောင်မှုတွေကြောင့် လူကြီးလူငယ်မရွေး သဘောကျတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မြင့်မြတ်ကတော့ ပျော်ရွှင်သာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပါ ။ မြင့်မြတ်က မကြာခဏဆိုသလို လိုအပ်တဲ့နေရာတွေမှာလှူဒါန်းတတ်တဲ့ သဒ္ဒါတရားထက်သန်တဲ့ မင်းသားတစ်ယောက်ဆိုလည်းမမှားပါဘူး ပရိသတ်ကြီးရေ ..။ ဒီနေ့ ဇူလိုင်လ (၄) ရက်နေ့မှာတော့ သရုပ်ဆောင်မြင့်မြတ်ရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ နေ့စဉ်ဖြတ်သန်းမှု ပုံရိပ်တွေကို အမြဲမျှဝေပေးနေတဲ့ မြင့်မြတ်မန်နေဂျာဖြစ်တဲ့ ကိုမြတ်ဝေထွန်းက ဂျူနီယာ ဂျင်းကောင်လေး မြတ်သူနဲ့အတူ ဝါဆိုသင်္ကန်းကပ်လှူခဲ့တဲ့ အလှူပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ် ။ အနန္တော အနန္တငါးပါး ဦးထိပ်ထားလျက် ခင်ပွန်းကြီးဆယ်ပါးအား ကန်တော့ပန်ဆင်၍ ဝါဆိုသင်္ကန်းကပ်လှူဒါန်း ကုသိုလ်ကောင်းမှုများပြုခဲ့ပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ ကြည်နူးဖွယ်အလှူပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ် ။ မြင့်မြတ်ရဲ့ …
Read More »ချစ်ရတဲ့ ဇနီးဖြစ်သူရွှေမှုံရတီအတွက် ထူးထူးခြားခြား Surprise လုပ်ပေးခဲ့တဲ့ ရွှေထူး
ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ဆယ်လီစုံတွဲတွေဆိုရင်တော့ ရွှေစုံတွဲလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ ရွှေမှုံရတီ နဲ့ ရွှေထူးတို့ ဇနီးမောင်နှံကိုတော့ ချန်လှပ်ထားလို့ မရပါဘူးနော် ။ အမြဲတမ်း အရိုတလိုင်းနဲ့ ပရိသတ်တွေ အားကျအောင်လုပ်နေကြတဲ့ သူတို့ဇနီးမောင်နှံကတော့ တစ်ယောက်ကို တစ်ယောက် အမြဲလိုလို Surprise တွေလုပ်လေ့ရှိတဲ့ အနုပညာရှင်တွေပါ ။ လတ်တလောမှာတော့ ရွှေထူးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ တဆင့် ချစ်စရာကောင်းတဲ့ သူတို့စုံတွဲရဲ့ ဗီဒီယိုလေးတစ်ခုကို မျှဝေပေးလာခဲ့ပါတယ် ။ မိန်မိန်းအတွက် surprise Surprise လုပ်တာက ကိုယ်ချစ်ရတဲ့သူတွေကို ပျော်ရွှင်စေပါတယ် ဆိုတဲ့စာသားလေးနဲ့အတူ သူ့အတွက် အမြဲဟင်းတွေချက်ကျွေးနေတဲ့ ရွှေမှုံအတွက် အစားသောက်လေးတွေ မှာပေးပြီး Surprise လုပ်ခဲ့တာပဲဖြစ်ပါတယ် ။ \ ပရိသတ်တွေကတော့ …
Read More »ရိုက်ကူးရေးတွေပြန်လုပ်နိုင်ဖို့ လာရောက်စစ်ဆေးမှုခံယူပြီး သရုပ်ပြရိုက်ကူးရေးလုပ်ခဲ့တဲ့ ခင်ဇာခြည်ကျော်
အကယ်ဒမီမင်းသမီး တစ်ယောက်ဖြစ်သလို သရုပ်ဆောင်ပီပြင်လွန်းတဲ့ ဝါရင့်မင်းသမီး တစ်ယောက်ဖြစ်တဲ့ ခင်ဇာခြည်ကျော်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ် ။ သားဖြစ်သူ ဘုန်းမင်းနေလ ကိုလည်း အနုပညာလမ်းကြောင်းပေါ် တင်ပေးပြီး သားအမိနှစ်ယောက် အတူတူ အနုပညာလှုပ်ရှားမှုတွေလုပ်ဆောင်နေခဲ့တာပဲဖြစ်ပါတယ် ။ လတ်တလောမှာတော့ ရိုက်ကူးရေးများ ပြန်လည်ပြုလုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လာရောက်စစ်ဆေးမှုခံယူပြီးညွှန်ကြားချက်များ ချထားနိုင်ရေးသရုပ်ပြရိုက်ကူးရေးပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။ ဒီသတင်းကို ခင်ဇာခြည်ကျော်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာဖြစ်ပြီး ရိုက်ကူးရေးအမှတ်ရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ ကိုပြန်လည်မျှဝေပေးထားပါသေးတယ် ။ မတွေ့တာကြာ တဲ့ အနုပညာ မောင်နှမ တွေ ပြန်တွေ့တာကြောင့် အရမ်းကိုပျော်ရွှင်နေပြီး အမြန်ဆုံး ပြန်လည် ရိုက်ကူး ခွင့်ရပါရစေလို့လည်း ရေးသားထားပါသေးတယ် ။ Cele Gabar ပရိသတ်ကြီးအတွက် …
Read More »ဖားကန့်မှာ မြေပြိုကျတယ်ဆိုတဲ့ သတင်းကြောင့် ငိုခဲ့ရတယ်ဆိုတဲ့ ချစ်သုဝေ
မြန်မာနိုင်ငံ ဖားကန့်မြို့မှာ မကြာသေးမီကမှ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရပြီး မိသားစုဝင်တွေနဲ့ ထပ်တူ တစ်နိုင်ငံလုံးက ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ် ။ မထင်မှတ်ထားတဲ့ သဘာ၀ ဘေးအန္တရယ်ကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသလို မိသားစုတွေ သေကွဲကွဲရတဲ့ ဖြစ်ရပ်ကြီးက တကယ်ကိုတုန်လှုပ်စရာကောင်းလွန်းခဲ့တာပါ ။ ဒီသတင်းတွေကြောင့် တစ်နိုင်ငံလုံး စိတ်မကောင်းဖြစ်ကြရပြီး ဝမ်းနည်းရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ကြပါဘူး ။ ပရိသတ်အချစ်တော် မင်းသမီးလေး ချစ်သုဝေကလည်း ဘဝအမော ဘဝအပူတွေဟာ သူ့နေရာနဲ့သူရေချိန်အတက်အကျနဲ့..မြေပြိုသတင်းတွေ ပုံတွေ မကြည့်ရက်သလို မကြည့်နိုင်ဘူးမြင်ရတိုင်းလည်းရင်ထဲစို့တက်ငိုမိတယ် ဘဝအပူအမောတွေကင်းပါစေ ဆိုတဲ့ စာသားလေးနဲ့အတူ ထပ်တူ စိတ်မကောင်းဖြစ်ရကြောင်းကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားဖော်ပြခဲ့ပါတယ် ။ သူမရဲ့ ပရိသတ်တွေကလည်း သူမလိုပဲ ဒီသတင်းကြောင့် ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ကြရတယ်လို့ …
Read More »