ချစ်စရာကောင်းတဲ့အပြုံးပိုင်ရှင်လေး ဝင်းခန့်မိုးကတော့ အဘွားဖြစ်သူချိုပြုံးဆီက အနုပညာအမွေဆက်ခံထားသူတစ်ယောက်ပါ။ အဘွားဖြစ်သူလို အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ ကြိုးစားနေသူဖြစ်ပြီး နုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးခြင်းကိုလည်း ရရှိထားသူတစ်ယောက်ပါ။ သူကတော့ လတ်တလောအနုပညာလှုပ်ရှားမှုတွေအနေနဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦး ရိုက်ကူးနေတဲ့ Yangon In Love ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဆရာမဂျူးရဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးမယ့် “လရောင်အောက်ဘက် မိုင်အဝေးမှာ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်ရိုက်ကူးနေပါတယ်။ လူငယ်ပီပီ Tik Tok လေးတွေဆော့ကာ မကြာခဏမျှဝေပေးလေ့ရှိသူဖြစ်ပြီး ဒီနေ့မှာတော့ အဘွားဖြစ်သူချိုပြုံးနဲ့အတူ ပထမဆုံးရိုက်ကူးထားတဲ့ Tik Tok လေးကို မျှဝေခဲ့ပါတယ်။ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ မြေးအဘွားနှစ်ယောက် ဆော့ထားတဲ့ Tik Tok လေးကတော့တကယ်ကို ချစ်စရာပါပဲ ပရိသတ်ကြီးရေ… မေချိုတစ်ယောက် မြေးဖြစ်သူ ဝင်းခန့်မိုးကို ဘယ်လိုအမှီလိုက်ပြီးဆော့ထားရသလဲဆိုတာ …
Read More »မီးပွိုင့်မှာ ဈေးရောင်းနေတဲ့ဘဘကြီးကို သနားလို့ စုဘူးတွေအကုန်ဝယ်ပြီး ကုသိုလ်ယူခဲ့တဲ့ သံစဉ်မောင်
ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင်သံစဉ်မောင်ကတော့ အစ်မဖြစ်သူဘေဘီမောင်လိုပဲ ပရိသတ်ဝန်းရံအားပေးမှုအခိုင်အမာရရှိသူထားပါ။ သွယ်လျလှပတဲ့ကောက်ကြောင်းတွေပိုင်ဆိုင်ထားတဲ့အပြင် ပွင့်လင်းရိုးသားတဲ့ဟန်ပန်တို့ကြောင့် ပရိသတ်တွေအားပေးချစ်ခင်နေရတာလည်း ဖြစ်ပါတယ်။ သံစဉ်မောင်ကတော့ မနေ့ညက ကြည်နူးပီတိဖြစ်စရာအလှူလေးတစ်ခု ပြုလုပ်ခဲ့ကြောင်းမျှဝေခဲ့ပါတယ်။ မီးပွိုင့်မှာ ခြေထောက်တဖက်မရှိတဲ့ ဘဘကြီးက မိုးရေထဲမှာ လိုက်ရောင်းနေတာ မကြည့်ရက်လို့ အကုန်ဝယ်လိုက်တာ စုဘူးတွေများသွားပြီ… ဝိုင်းစုပေးကြမလား… ပြည့်ရင်သမီးကိုပြန်ပေးကြလေ” ဆိုပြီး သူ့ရဲ့အလှူလေးကို အရွှန်းဖောက်ပြီး မျှဝေခဲ့ပါတယ်။ သံစဉ်မောင်ကတော့ အရာရာကို မေတ္တာတရားနဲ့ခွင့်လွှတ်ပေးပြီး အေးချမ်းစွာနေထိုင်ဖို့စဉ်းစားထားသူပီပီ ဒီနေ့မှာလည်း တာမွေမြို့နယ်တရားရုံးမှာ သရုပ်ဆောင်နေဒွေးကို တရားစွဲဆိုထားတဲ့အမှုတွေကို ကျေအေးပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ… မေတ္တာတရားနဲ့နေထိုင်ရင်း ဘဝကိုအကောင်းဆုံးပြန်လည်တည်ဆောက်ဖို့ကြိုးစားနေတဲ့ သံစဉ်မောင်ကတော့ လေးစားစရာစိတ်ဓာတ်ကိုပိုင်ဆိုင်ထားသူပါပဲနော်။ Source – Than Sin Maung Rainbow- Cele Gabar Related Posts:Dior …
Read More »Creation ကောင်းကောင်းနဲ့ ဖန်တီးရိုက်ကူးထားတဲ့ နီနီခင်ဇော်ရဲ့ သီချင်းသစ်
နိုင်ငံကျော်အဆိုတော် နီနီခင်ဇော်ကတော့ Melody World ပြိင်ပွဲတစ်ခုကနေ ဂီတလမ်းပေါ်ကို စတင်လျှောက်လှမ်းခဲ့ပြီး လက်ရှိမှာတော့ ကိုယ်ပိုင်သီချင်းပေါင်းများစွာကို ရေးစပ်သီဆိုကာ အောင်မြင်မှုအခိုင်အမာရရှိထားပါတယ်။သူဟာ အသံပါဝါကောင်းကာင်းနဲ့ ခံစားချက်အပြည့်နဲ့ သီချင်းတွေကို သီဆိုပြီး သူ့ရဲ့ သီချင်းများစွာဟာလည်း ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာရေပန်းစားနေခဲ့တာလည်း ဖြစ်ပါတယ်။ နီနီခင်ဇော်ကတော့ လက်ရှိမှာ “I Love You” ဆိုတဲ့သီချင်းလေးထွက်ရှိလာပြီး သီချင်းရဲ့ Music Video ကိုတော့ မြင်ဖူးနေကြတဲ့ သီချင်းMusic Video တွေထဲက ခွဲထွက်ကာ Creation ကောင်းကောင်းနဲ့ ဖန်တီးရိုက်ကူးထားပါတယ်။ ဒီသီချင်းသစ်ရဲ့ Music Video ကိုတော့ မိန်းကလေးတိုင်းရဲ့ ငယ်ဘဝကကြိုက်ခဲ့ရတဲ့ ဘာဘီအရုပ်မလေးနဲ့ ရိုက်ကူးထားပြီး နီနီကိုယ်တိုင်လည်း ဘာဘီအရုပ်လေးလို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။”I Love …
Read More »ခင်ပွန်းဖြစ်သူနဲ့ လွန်ခဲ့တဲ့နှစ်ကတည်းက ကွာရှင်းခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော်လာတဲ့ မယ်လိုဒီ
လွန်ခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာခဲ့တဲ့ မယ်လိုဒီနဲ့ ခင်ပွန်းဖြစ်သူတို့ရဲ့ကွာရှင်းပြတ်စဲမှုအကြောင်းကို ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ဒါ့အပြင် ကွာရှင်းပြတ်စဲမှုအပြီးမှာ ထပ်မံထွက်ပေါ်လာခဲ့တဲ့ သတင်းတွေကြောင့် မယ်လိုဒီကတော့ ဝေဖန်တိုက်ခိုက်မှုတချို့ကို ကြုံနေရတာလည်း ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အခြေအနေအမှန်ကိုမသိတဲ့ ပရိသတ်တွေနဲ့ စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် မယ်လိုဒီကတော့ အတွင်းရေးတချို့ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “စိတ်ပူပင်နေကြတဲ့ ပရိသတ်ကြီးကို အသိပေးပါရစေရှင်… ကျွန်မအနေနဲ့ မတူညီမှုများစွာနဲ့ ညှိမရတဲ့အနေအထား အခြေအနေတွေကြောင့် လွန်ခဲ့တဲ့နှစ်ကတည်းက အမျိုးသားနဲ့ လမ်းခွဲခဲ့ကြတာပါ..သားလေးနဲ့ မိဘများရဲ့မျက်နှာ၊ ထောက်ထားစရာတွေရှိတာကြောင့်သာ တရားဝင်မထုတ်မပြောခဲ့တာပါ. တစ်မိုးထဲအောက်၊ မိဘများနဲ့အတူ လွတ်လပ်စွာနေထိုင်ခဲ့ကြတာ ကာလအတော်ကြာပြီဆိုတာ ရင်းနှီးတဲ့မိတ်ဆွေတွေ သိကြပါတယ်… သားလေးကိစ္စရှိတာပဲဖြစ်ဖြစ်၊ ပွဲလမ်းတွေရှိခဲ့တာပဲဖြစ်ဖြစ် သူနဲ့ကျွန်မက သားလေးရဲ့မိဘအနေနဲ့ရော၊ မိတ်ဆွေကောင်းအနေနဲ့ရော မိသားစုလို ပုံမှန်သွားလာတာလည်း ရှိခဲ့ကြပေမယ့်လည်း နှစ်ဦးစလုံးဟာ …
Read More »ချစ်ခြင်းမှာ အသက်အရွယ်က အဓိကမကျပါဘူးဆိုတဲ့ အေးမြတ်သူ
မမြတ်လေးဆိုပြီး ပရိသတ်တွေအချစ်ပိုနေရတဲ့ အေးမြတ်သူကတော့ ကိုယ်ဝါသနာပါရာ အနုပညာခရီးလမ်းကို တစ်စိုက်မတ်မတ်လျှောက်လှမ်းရင်း အောင်မြင်မှုရရှိလာသူတစ်ယောက်ပါ။ အနုပညာအလုပ်တွေနဲ့ပဲ အချိန်ကုန်ရင်း မိဘကိုလုပ်ကျွေးနေတဲ့အပျိုကြီးမမ အေးမြတ်သူကတော့ အသက်(၃၅) နှစ်ရှိပြီ ဖြစ်ပေမယ့်လည်း အချစ်ရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ပြောထားခြင်းမရှိသေးပါဘူးနော်။ ဒါပေမယ့် မကြာခဏဆိုသလို သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာထက်မှာ ကြည်နူးစရာအချစ်အကြောင်းတွေ ရေးဖွဲ့လေ့ရှိသူ အေးမြတ်သူကတော့ ဒီတစ်ခေါက်မှာလည်း “ကောင်းကင်ပြာပြာကြီးရဲ့အောက်မှာ မင်းချစ်တဲ့ကောင်မလေးတယောက်…ပျော်ရွှင်နေတယ် ချစ်သူ…. ကောင်မလေး က အသက်(၃၅) ဖြစ်နေတာတော့ ခြွင်းချက်ပေါ့နော်… ချစ်ခြင်းမှာ… အသက်အရွယ် က အဓိကမကျပါဘူး… ကိုယ် နည်းနည်းဆိုးမယ်နော်” ဆိုတဲ့စာသားလေးနဲ့အတူ နုနယ်ပျိုမြစ်တဲ့လူငယ်တစ်ယောက်လို တက်ကြွလန်းဆန်းတဲ့ပုံရိပ်လေးတွေပါ မျှဝေခဲ့ပါတယ်။ အချစ်နဲ့ပတ်သက်ရင် လူတွေတိုင်းဟာ ဆယ်ကျော်သက်ဆိုတဲ့စကားအတိုင်းပဲ အသက်(၃၅) နှစ်ရှိပြီ ဖြစ်တဲ့အပျိုကြီးမမ အေးမြတ်သူကတော့ အပြင်မှာဘယ်လောက်ရင့်ကျက်ကျက် ကိုယ့်ချစ်သူနဲ့ပတ်သက်ရင်တော့ …
Read More »ခပ်တုံးတုံးခပ်နုံနုံ ကောင်မလေးတစ်ယောက် ဖြစ်ရတာတကယ်စိတ်ချမ်းသာဖို့ကောင်းတယ်ဆိုတဲ့ ခင်သဇင်
လေယာဉ်မယ် ဘဝကနေ နိုင်ငံကျော်အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ရဲ့ “Oh Oh ဟော့တယ်” ဆိုတဲ့သီချင်းမှာ အမိုက်စားမော်ဒယ်လ်လေးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော ခင်သဇင်ကတော့ ခပ်တုံးတုံးခပ်နုံနုံ ကောင်မလေးတစ်ယောက် ဖြစ်ရတာတကယ်စိတ်ချမ်းသာဖို့ကောင်းတဲ့အကြောင်းကို “အခု နောက်ပိုင်း ဘယ်လိုလှအောင်နေရမလဲနဲ့ အိုက်တင်ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲပဲ ခေါင်းထဲရှိတော့တယ်… ကျန်တာအကုန်ခေါင်းထဲက ထုတ်ထားတယ် တခါတလေ ခပ်တုံးတုံး ခပ်နုံနုံ ကောင်မလေး တစ်ယောက် ဖြစ်ရတာလည်း တကယ်စိတ်ချမ်းသာဖို့ကောင်းတယ် အကုန်လိုက်သိနေရတာ ခေါင်းရှုပ်တယ်.. ရင်ပူတယ်… အိုစာတယ် ကျေနပ်တယ်ဆို .. shake သွားလိုက်ဦး” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။ခင်သဇင်ဟာ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားပြီး MRTV-4 ရုပ်သံလိုင်းမှထုတ်လွှင့်ပြသခဲ့တဲ့ အချစ်ဖွဲ့လေညင်း ရုပ်သံဇာတ်လမ်းတွဲထဲမှာတော့ မိုးကလျာ …
Read More »မိုးရေထဲမှာ Baskest Ball ပုတ်နေတဲ့ ယုန်လေးကိုမြင်ရင် ဘယ်သီချင်းလေးကို သတိရလည်းဆိုတဲ့ ယုန်လေး
နိုင်ငံကျော်တေးရေး၊တေးဆို ဒါရိုက်တာ ယုန်လေးကတော့ တေးသီချင်းပေါင်းများစွာ ရေးစပ်သီဆိုခဲ့ကာ ဂီတလောကမှာ အောင်မြင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားပါတယ်။ သူကတော့ ဒါရိုက်တာတစ်ယောက်အနေနဲ့ အက်ရှင်ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးခဲ့ကာ သူရိုက်ကူးသမျှရုပ်ရှင်ဇာတ်ကားကြီးတွေဟာလည်း ရုံပြည့်ရုံလျှံအားပေးမှုကိုသိမ်းပိုက်ထားနိုင်သူလည်းဖြစ်ပါတယ်။ ယုန်လေးကတော့ တေးသီချင်းပါင်းများစွာ ထွက်ရှိခဲ့ပေမယ့် နိုင်ငံကျော်အဆိုတော် Lဆိုင်းဇီနဲ့အတူ တွဲဖက်သီဆိုထားတဲ့ ” အချစ်အတွက်ကံမကောင်းသူ” သီချင်းကတော့ ပရိသတ်တွေကြား အအောင်မြင်ဆုံးသီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ ယုန်လေးဟာ မိုးရေထဲမှာ Baskest Ball ပုတ်နေတဲ့ ယုန်လေးကိုမြင်ရင် ပရိသတ်တွေ သူ့ရဲ့ဘယ်သီချင်းကို “မိုး ရေထဲ မှာ Baskest Ball ပုတ်နေတဲ့ မြင်ကွင်းလေးဆို ယုန်လေး ကို ဘယ်သီချင်းလေးနဲ့ တွဲမြင်လဲ မှတ်မိသေးရင်ပေါ့ ” လို့သူ့ရဲ့ လူမှုကွန်ရက် …
Read More »သီချင်းမဆိုတာကြာပြီဖြစ်ပေမယ့် ပြန်ဆိုချိန်မှာ JOOX မှာ Top(8) အထိရောက်ခဲ့လို့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုလိုက်တဲ့ Ah Boy
နိုင်ငံကျော်အဆိုတော် Ah Boy ကတော့ အနုပညာအလုပ်တွေကို ခေတ္တရပ်နားခဲ့ပြီး စီပွားရေးတွေလုပ်နေခဲ့တာကြာပြီဖြစ်ပေမယ့် မကြာသေးမီကတော့ ပရိသတ်အချစ်တော် မြန်မာအိုင်ဒေါပြိုင်ပွဲဝင်ဟောင်း အဆိုတော် ချမ်းမြေ့မောင်ချိုနဲ့အတူ “အငွေ့အသက်များ” ဆိုတဲ့ သီချင်းသစ်လေးကို တွဲဖက်သီဆိုထားပါတယ်။ ဒီသီချင်းကတော့ ထွက်ရှိပြီး(၂)အတွင်းမှာ JOOX မှာ ပရိသတ်အကြိုက်တေးသီချင်း Top(8) နေရာကိုရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ အဆိုတော် Ah Boy ကတော့ သီချင်းမဆိုတာကြာပြီဖြစ်ပေမယ့် ပြန်ဆိုချိန်မှာ JOOX မှာ Top(8) အထိရောက်အောင် တစ်ခဲနက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို “Joox မှာကျွန်တော်နဲ့ ချမ်းမြေ့မောင်ချိုတို့ရဲ့”အငွေ့အသက်များ”သီချင်းလေးကနှစ်ပတ်အတွင်း Top 8 နေရာကိုရောက်သွားပါပြီ။ ကျွန်တော်သီချင်းမဆိုတာကြာပေမယ့် ခုလိုပြန်ဆိုတဲ့ချိန်မှာ ထင်မထားမိလောက်အောင် အားပေးကြတဲ့ ပရိသတ်တစ်ယောက်ချင်းဆီကို ဒီနေရာကနေကျေးဇူးအထူးတင်ပါတယ်လို့ပြောချင်ပါတယ်ဗျာ။ သီချင်းလေးဖြစ်မြောက်အောင် အကောင်းဆုံး ကူညီဆောင်ရွက်ပေးခဲ့သူများအားလုံးကို …
Read More »မင်းသမီးချောနန်းစန္ဒာလှထွန်းအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ ဟန်လေးနဲ့ မြနှင်းရည်လွင်
ဇွန်လ(၂၂)ရက်နေ့ဖြစ်တဲ့ ယနေ့ကတော့ ပရိသတ်အချစ်တော် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။MRTV-4ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ “ပဉ္စလက်ရွာ” ရုပ်သံဇာတ်လမ်းတွဲထဲမှာ ရေဝတီ အဖြစ်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အချစ်ကိုသိမ်းပိုက်ထားခဲ့ပါသေးတယ်။ မင်းသမီးချောလေးနန်းစန္ဒာလှထွန်းကတော့ “အရိပ်၊ ကျွန်တော်အမုန်းဆုံးကျွန်တော်၊ ငွေစက္ကူ(၇)ရွက် အစရှိတဲ့ ဇာတ်လမ်းတွဲတွေရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ရင် အောင်မြင်မှုအခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ယနေ့မှာကျရောက်တဲ့ နန်းစနဓာလှထွန်းရဲက မွေးနေ့ရက်မြတ်လေးကိုတော့ နိုင်ငံကျော် အနုပညာရှင်တွေဖြစ်တဲ့ မော်ဒယ်သရုပ်တောင်ဟန်လေးက “မွေးနေ့မှာပျော်ရွှင်ပါစေ နန်းရေ ဘုရားတရားအတူ ခေါ်လုပ်တဲ့ သူငယ်ချင်းလေး တစ်ယောက် ကျမမှာ ရှိတယ် ဒီနေ့ သူမွေးနေ့ Happy birthday” နဲ့ ရုပ်ရှင်သရုပ်ဆောင် မြနှင်းရည်လွင်က “Happy Birthday Dear နန်းနန်း Wishing You All The …
Read More »ချစ်သူ လောကကြီးကနေ ထွက်သွားတာ (၂)နှစ်ပြည့်ခဲ့ပြီဆိုတဲ့ နီလန်း
နီလန်းကတော့ Myanmar Idol Season (3) ပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ပရိသတ်အချစ်တော် အဆိုတော်တစ်ဦးအနေနဲကအောင်မြင်မှုအခိုင်အမာရရှိထားပါတယ်။ သူဟာ ယနေ့မှာတော့ ချစ်သူ လောကကြီးကနေ ထွက်သွားတာ (၂)နှစ်ပြည့်သွားပြီဖြစ်ပြီး ချစ်သူအတွက် အမှတ်တရရေးစပ်သီဆိုထားတဲ့ “ရူးတော့မယ်”ဆိုတဲ့သီချင်းလေးနဲ့ လွမ်းဆွတ်နေပါတယ်။ အဆိုတော်မလေးနီလန်းရဲ့ ချစ်သူကတော့ နီလန်းတစ်ယောက် Myanmar Idol Season (3) ပြိုင်ပွဲကြီး ဝင်ရောက်ယှဉ်ပြိုင်နေစဉ်အတွင်းမှာ ကိုယ့်ကိုကိုယ်သတ်သေသွားတာလည်းဖြစ်ပါတယ်။ နီလန်းကတော့ ချစ်သူ လောကကြီးကနေ ထွက်သွားတာ (၂)နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့အကြောင်းကို “(22.6.2018) – (22.6.2020) သူ.. လောကကြီးကနေ အပြီးထွက်သွားတာ (ကျွန်မရဲ့ ပထမဦးဆုံးကမ္ဘာကြီးပျက်သွားသလို ခံစားခဲ့တာ) -(2) နှစ်ရှိပြီ ဘဝမှာ မေ့မရတဲ့သူတစ်ယောက်ပေါ့… In Loving …
Read More »