Breaking News

Joox မှာ နှစ်ပတ်ဆက်တိုက် နံပါတ် (၁)နေရာကို သိမ်းပိုက်ထားတဲ့ ဘင်ဂျမင်ရဲ့ သီချင်း

ပရိသတ်ကြီးရေ ဒီတစ်ပတ်ရဲ့ Joox မှာ ပရိသတ် နားဆင်မှုအများဆုံးနဲ့ နံပါတ်(၁)နေရာကိုတော့ ပရိသတ်တွေရဲ့ အချစ်တော် ဘင်ဂျမင်ရဲ့ “ပြန်တွေ့မယ့်ရက်” သီချင်းလေးကပဲ သိမ်းပိုက်ထားပါတယ်။ပြီးခဲ့တဲ့ တစ်ပတ်ကလည်း ဘင်ဂျမင်ရဲ့ သီချင်းလေးက နံပါတ်(၁)နေရာကို ရရှိထားခဲ့တာဖြစ်ပြီး ဒီတစ်ပတ်နဲ့ဆို နှစ်ပတ်ဆက်တိုက် နံပါတ်(၁)နေရာကို ရရှိထားခဲ့တာပါ။ “ပြန်တွေ့မယ့်ရက်” သီချင်းလေးကတော့ ဘင်ဂျမင်ရဲ့ ပထမဆုံး ကိုယ်ပိုင်သီချင်လေး ဖြစ်ပြီး သီချင်း အမြည်းလေးထွက်ရှိလာကတည်းက ပရိသတ်တွေ သဘောကျနေခဲ့တဲ့ သီချင်းလေးလည်း ဖြစ်ပါတယ်။ ထွက်ရှိလာချိန်မှာလည်း ပရိသတ်တွေ အားခဲထားခဲ့သလို အကြိုက်နဲက ထပ်တူကျပြီး ရင်ထဲကို ရောက်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာလည်း ပရိသတ်နားဆင်မှုအများဆုံး နံပါတ် (၁)နေရာကို နှစ်ပတ်တိတိ ဆက်တိုက် သိမ်းပိုက်ထားနိုင်ခဲ့ပသေးတယ်။ CeleGabar …

Read More »

World Music Day အထိမ်းအမှတ် Live မကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် Live မှာဆိုခဲ့တဲ့သီချင်းလေးတစ်ပုဒ် တင်ပေးလိုက်တဲ့ အိမ့်ချစ်

နိုင်ငံကျော်အဆိုတော် အိမ့်ချစ်ဟာ ယနေ့မှာတော့ ဇွန်လ(၂၁)ရက်မှာကျရောက်ခဲ့တဲ့ World Music Day အထိမ်းအမှတ်အနေနဲ့ မနေ့ကထုတ်လွှင့်ခဲ့တဲ့ JOOX မှာလွှင့်ခဲ့တဲ့ Live မကြည့်လိုက်ရတဲ့ ပရိသတ်တွေအတွက် Live မှာဆိုခဲ့တဲ့ထဲက သီချင်းလေးတစ်ပုဒ် ဖြစ်တဲ့ Mr.Busy သီချင်းလေးကို ပရိသတ်တွေနားဆင်ရအောင် ပြန်လည်ဝေမျှထားပါတယ်။ အိမ့်ချစ်ကတော့ JOOX World Music Day 2020 ဖျော်ဖြေပွဲဖြစ်တဲ့ “The Sound of Happiness” ဆိုတဲ့ Live ထုတ်လွှင့်မှုမှာတော့ ပြည်တွင်အဆိုတော်တွေဖြစ်တဲ့ ဝေလ၊ Big Bag၊ ဖြူဖြူကျော်သိန်း၊ ရွှေထူး၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ၊ မေ နှင့် ချမ်းမြေ့မောင်ချိုတို့နဲ့အတူ ပါဝင်ဖျော်ဖြေခဲ့တာလည်းဖြစ်ပါတယ်။သူဟာ World Music …

Read More »

မေမြို့မှာ သီချင်းအသစ်တစ်ပုဒ်အတွက် ရိုက်ကူးရေးသွားလုပ်နေတဲ့ G Fatt

ပရိသတ်ကြီးရေ လူငယ်တွေကြားမှာ အောင်မြင်ကျော်ကြားတဲ့ ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော် G fatt ကတော့ လတ်တလောမှာ မေမြို့ဘက်ကို ရောက်ရှိနေပါတယ်။ မေမြို့ဘက်ကိုရောက်နေရတဲ့ အကြောင်းအရင်းကတော့ G Fatt က မေမြို့ဘက်မှာ သူ့ရဲ့ သီချင်းအသစ်လေးအတွက် ရိုက်ကူးရေးတွေသွားရောက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ သီချင်းလေးကတော့ “အိပ်ယာဝင်ပုံပြင်” ဆိုတဲ့ သီချင်းလေးဖြစ်ပြီး သီချင်းရိုက်ကူးရေးကို မေမြို့ဘက်မှာသွားရောက်လုပ်ကိုင်နေတဲ့ အကြောင်းကို “ကျွန်တော် ဒီရက်ပိုင်း မှာ “အိပ်ယာဝင်ပုံပြင်” ဆိုတဲ့ သီချင်း အသစ်တစ်ပုဒ်ကို မေမြို့ ဘက်မှာ သွားရောက် ရိုက်ကူးခဲ့ပါတယ်” ဆိုပြီးG Fatt က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ ပရိသတ်တွေ သိရှိရအောင် ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ G Fatt …

Read More »

လူငယ်အဆိုတော်တွေထဲမှာ Shine က အကြိုက်ဆုံး Artist တစ်ယောက်ပါပဲဆိုတဲ့ လွှမ်းပိုင်

နိုင်ငံကျော်အဆိုတော် လွှမ်းပိုင်ကတော့ လူငယ်အဆိုတော်တွေထဲမှာ Shine ကြိုက်နှစ်သက်ရတဲ့ Artist တစ်ယောက်ဖြစ်တဲ့အကြောင်းကို “Shine ဟာကျွှန်တော်သိထားတဲ့လက်ရှိ လူငယ် Artist တွေထဲမှာ Talent အပြည့်ရှိတဲ့လူငယ်တယောက်ပါ။ပြည်တွင်း Artist တွေထဲမှာ Different one Musicလို့သူပြောသလိုပဲတကယ်ကို Different ဖြစ်ပြီးကျွှန်တော်ကြိုက်နှစ်သက်ရတဲ့ Artist တယောက်ပါ။ သီချင်းရေးတဲ့တေးရေးတော်တော်များများသိပါတယ် အချစ်သီချင်းရေးရတာ/အပျော်သီချင်းရေးရတာ လွယ်ပေမဲ့ မိဘ/သူငယ်ချင်း/အစရှိသောသံယောဇဉ်ကိုဖော်ကြူးတဲ့ သီချင်းတွေရေးရတဲ့အခါတော်ရုံတန်ရုံနဲ့တဖက်သူရင်ထဲရောက်အောင်ရေးဖို့မလွယ်သလိုတေးရေးသူကလဲတကယ်ရင်ထဲကခံစားချက်အပြည့်နဲ့ရေးမှရတာမျိုးဖြစ်ပါတယ်။ဒါပေမဲ့ဒီသီချင်းကိုတော့ Shine ကလုံးဝနားထောင်သူရင်ထဲရောက်အောင်ရေးနိုင်ရုံတင်မက တေးသံစဉ်ကလဲအများထင်သလိုဆွေးနေတဲ့သံစဉ်မျိုးမဟုတ်ပဲဆွေးသွားအောင်ဖန်တီးနိုင်တဲ့သူ့ အနုပညာကတော့တော်တော်ကြမ်းလွန်းလို့ဒီစာနဲ့ကျွန်တော်ဂုဏ်ပြုချင်ပါတယ်ဗျာ။ကျွန်တော်တို့နိုင်ငံမှာဒီလိုတော်တဲ့အနုပညာရှင်လက်သစ်တွေကို Media များ ပရိတ်သတ်များအနေနဲ့များစွာ Support လုပ်ပေးဖို့လိုပါတယ်။အားပေးပါ တန်ဖိုးထားပါ ဒါတကယ့် အနုပညာရှင်အစစ်ပါ!!” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ Shine ရဲ့ အစ်ထွက်ရှိထားတဲ့ “၁၉၉၀” သီချင်းသစ်လေးကို Share …

Read More »

“ပဲ့ကိုင်ရှင်” သီချင်းကိုပြန်လည်သီဆိုပြီး အဖေများနေ့မှာ အဖေ့ကိုဂုဏ်ပြုလိုက်တဲ့ မူးလာ

ပရိသတ်တွေရဲ့ အချစ်တော် မူးလာကတော့ မနေ့က ဇွန်လ (၂၁)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အဖေများနေ့မှာ သူကရဲ့ဖခင်ဖြစ်သူကို ဂုဏ်ပြုတဲ့ အနေနဲ့ သီချင်းလေးတစ်ပုဒ်ကို သီဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။ သီချင်းလေးကတော့ ဇော်ဝင်းထွဋ်နဲ့ အီတိုးတို့ သီဆိုထားတဲ့ “ပဲ့ကိုင်ရှင်” သီချင်းလေးပဲဖြစ်ပါတယ်။ မူးလာကတော့ သီချင်းသီဆိုထားတဲ့ ဗီဒီယိုလေးနဲ့ အတူ ဖခင်ဖြစ်သူအတွက် “Happy Father’s Day. သားဆိုးတယောက်ရဲ့ အဖေအတွက် အမှတ်တရလေးပါ။ အမြဲ မားမားမတ်မတ်ရပ်တည်ပေးပြီး အဖေကောင်းတယောက်အဖြစ် စံပြရှိနေပေးတဲ့အတွက်လည်းကျေးဇူးတင်လျှက်။ Love you အပါး” ဆိုပြီး အဖေများနေ့မှာ ဖခင်ကို ကျေးဇူးတင်ရှိကြောင်းပြောထားပါသေးတယ်။ မူးလာရဲ့ ပရိသတ်တွေကတော့ မူးလာတစ်ယောက် “ပဲ့ကိုင်ရှင်” သီချင်းလေးနဲ့ ဖခင်ဖြစ်သူအချစ်ပိုရအောင် ချွဲနေတယ်လို စနောက်နေကြပါသေးတယ်။ …

Read More »

ဆိုက်ကားဆရာတွေကို မိုးကာအင်္ကျီတွေလှူဒါန်းပေးခဲ့တဲ့ ဟန်လေး

ဟန်လေးကတော့ မော်ဒယ်လ် သရုပ်ဆောင် တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။ လူလည်း လှသလို စိတ်ထားလည်းလှတဲ့သူတစ်ယောက်ဖြစ်တဲ့ ဟန်လေးကတော့ လတ်တလောမှာလည်း ကြည်နူးပီတိဖြစ်စရာအလှူဒါနလေးတစ်ခုကို ထပ်မံပြုလုပ်လိုက်ပါတယ်။ အလှူလေးကတော့ မိုးတွင်းကာလကို ရောက်ရှိလာပြီဖြစ်တာကြောင့် မိုးကာတွေကို လမ်းထဲမှာရှိတဲ့ ဆိုက်ကားစရာတွေအတွက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ ဟန်လေးက မိုးကာအင်္ကျီအထည် (၁၀၀)တိတိကို လှူဒါန်းဖို့အတွက် ဝယ်ထားတာဖြစ်ပြီး လောလောဆယ်တော့ သူ့ရဲ့ ရပ်ကွက်အနီးအနားမှာရှိတဲ့ ဆိုက်ကားဆရာတွေအတွက် အထည်(၃၅)ထည်ကို လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ မိုးကာအင်္ကျီတွေရလိုက်တဲ့ ဆိုက်ကားဆရာကြီးတွေပျော်နေတာကိုကြည့်ပြီး ဟန်လေးတစ်ယောက်ကတော့ ပီတိတွေဖြစ်ခဲ့ပါသေးတယ်။CeleGabar ပရိသတ်ကြီးရေ အခုလို မိုးတွင်းမှာ အသုံးတည့်စေမယ့် မိုးကာအင်္ကျီတွေကိုလှူဒါန်းပေးခဲ့တဲ့ ဟန်လေးရဲ့ ကာလဒါနကုသိုလ်ပြုတဲ့ စိတ်ကူးလေးကတော့ တကယ့်ကို စိတ်ကူးကောင်းလေးပါပဲနော်။ Chilli – CeleGabar Source …

Read More »

အဖေများနဲ့ အမှတ်တရအဖြစ် အဖေနဲ့အတူလျှောက်လည်တဲ့ နေခြည်ဦးရဲ့ ဗီဒီယိုလေး

ဒီနေ့ ဇွန်လ (၂၁)ရက်နေ့မှာကျရောက်တဲ့နေ့မှာ နေခြည်ဦးကတော့ သူမရဲ့ Chillies လေးတွေအတွက် ဗီဒီယိုလေးတစ်ခု မျှဝေပေးလာခဲ့ပါတယ် ။ အဖေများနေ့အမှတ်တရ အဖြစ် အဖေနဲ့အတူ သွားလာစားသောက်ခဲ့တဲ့ အမှတ်တရနေ့ရက်လေးအဖြစ် ဒီဗီဒီယိုလေးနဲ့ အဖေများနေ့ကိုချီချီက ဂုဏ်ပြုခဲ့တာပါ ။ ဒီနေ့က Sunday ပိတ်ရက်ဆိုတော့ ဖေဖေနဲ့ ဘယ်လို Plan တွေ ရှိခဲ့ကြလဲ နေခြည်တို့က ပုံမှန်ဆို အမေတွေနဲ့က လက်ပွန်းတတီးနေဖြစ် ပြောဖြစ်ပေမယ့် အဖေတွေနဲ့ကျ အရမ်းစကားမပြောဖြစ်ဘူးလေ နေခြည်ကတော့ ဒီနေ့ တစ်နေ့လုံး မနက်ကနေ ညအထိ ဖေကြီးနဲ့ အချိန်ပေးဖြစ်တယ် အတူမနေဖြစ်ရင်တောင် message လေးနဲ့ပဲဖြစ်ဖြစ် ၊ ဖုန်း call လေးတစ်ခုနဲ့ပဲဖြစ်ဖြစ် ချစ်တယ် ဖေကြီး …

Read More »

ဝင်ငွေရလမ်းတစ်ခုအနေနဲ့ ကလေးတွေကို မြန်မာအက သင်ပေးဖို့ ကြိုးစားနေတဲ့ ခြူးစစ်ဟန်

ခြူးစစ်ဟန်ကတော့ မြန်မာအိုင်ဒေါ Season-4 ရဲ့ဆန်ခါတင်ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့အပြင် Miss Face Of Beauty Myanmar Title ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမျိုးသားယဉ်ကျေးမှု တက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ပီပီ မြန်မာအက၊ အဆိုပညာရပ်တွေကို ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်တတ်မြောက်ထားသူတစ်ယောက်ပါ။ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြောင့် မြန်မာအိုင်ဒေါအဆိုတော်တစ်ယောက်အနေနဲ့ အခွင့်အလမ်းတချို့ဆုံးရှုံးခဲ့ရတဲ့ ခြူးစစ်ဟန်ကတော့ သမာအာဇီဝကျကျရမယ့် ဝင်ငွေရလမ်းအချို့ကိုလည်း စဉ်းစားနေသူတစ်ယောက်ပါ။ အနုပညာကလွဲပြီး ဘာမှမလုပ်တတ်တဲ့ခြူးစစ်ဟန်ကတော့ မကြာသေးခင်ကမှ သူ့ရဲ့ကားနဲ့ ကြို၊ ပို့လုပ်ငန်းလေးကို လုပ်ကိုင်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေခဲ့ပါဘူးတဲ့.. ဒါကြောင့်မို့ ဒီတစ်ခေါက်မှာတော့ အနုပညာအလုပ်နဲ့ပဲ အသက်မွေးလို့ရမယ့်နည်းလမ်းတစ်ခုအနေနဲ့ အနုပညာဝါသနာပါသူကလေးတွေအတွက် မြန်မာရိုးရာအက၊ Cat Walk လျှောက်နည်း၊ အဆိုပညာ၊ သရုပ်ဆောင်ပညာ စတာတွေကို သင်တန်းလေးဖွင့်ပြီး တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားသင်ပေးသွားပါမယ်တဲ့ ပရိသတ်ကြီးရေ.. …

Read More »

အဖေများနေ့မှာ ငယ်ငယ်ကတည်းက နုပျိုနေတဲ့ ဖေဖေဦးခင်လှိုင်အကြောင်းကို ပရိသတ်တွေကို ကြွားခဲ့တဲ့ သဇင်ထူးမြင့်

ဒီနေ့ ဇွန်လ (၂၁) ရက်နေ့ အဖေများနေ့မှာတော့ အနုပညာရှင် မင်းသားမင်းသမီး တွေ တော်တော်များများဟာ သူတို့ရဲ့ ဖခင်အတွက် အဖေများနေ့အမှတ်တရ စာလေးတွေ ရေးသားခဲ့ကြပါတယ် ။ အဖေတွေရဲ့ ဂုဏ်ကျေးဇူးတွေကို ဒီနေ့မှာ တခမ်းတနားရေးသားပြီး အဖေများနေ့အတွက်ဂုဏ်ပြုခဲ့ကြတာပါ ။   ဟာသ သရုပ်ဆောင် လူရွှင်တော် ဦးခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေးဖြစ်တဲ့ သဇင်ထူးမြင့်ကတော့ အဖေများနေ့မှာ Happy Father’s Day ဖေဖေကငယ်ငယ်ကအတိုင်း ခုထိနုပျိုနေတုန်းပဲ ဆိုတဲ့စာသားလေးနဲ့အတူ အသက်၄နှစ်ပြည့်မွေးနေ့က ဖေဖေဦးခင်လှိုင်နဲ့တွဲရိုက်ထားတဲ့ ပုံရယ် ဒုတိယပုံကတော့ ဖေဖေဦးခင်လှိုင်ရဲ့ပွဲဦးထွက်ရုပ်ရှင် ‘ချိုးရုပ်’Red carpet showနေ့ပုံလေးနဲ့အတူ ယှဉ်တွဲပြီး ပရိသတ်တွေကို ဖေဖေဘယ်လောက်နုပျိုကြောင်း ကြွားခဲ့တာပဲဖြစ်ပါတယ် ။ ဦးခင်လှိုင်ကတော့ သဲရဲ့ …

Read More »

ဒီဇိုင်နာမျိုးမင်းစိုးနဲ့ ထက်ထက်တို့ ပထမဦးဆုံးအတူတူ သရုပ်ဆောင်ထားတဲ့ကြော်ငြာလေး

ဒီဇိုင်နာမျိုးမင်းစိုးနဲ့ ထက်ထက်တို့ကတော့ ဟိုးအရင်ကတည်းက ရင်းနှီးခဲ့သူတွေပီပီ မကြာခဏဆိုသလို တတွဲတွဲတွေ့မြင်ရသူတွေပါ။ ထက်ထက် မိုးကုတ်ပြန်တိုင်း Tik Tok လေးတွေ အတူတူဆော့ပြီး ပရိသတ်တွေကို မျှဝေလေ့ရှိတဲ့အပြင် သူငယ်ချင်းကောင်းတွေပီပီ ဒီဇိုင်နာမျိုးမင်းစိုးကတော့ လတ်တလော ထက်ထက်ရဲ့အဖေ ဆေးရုံတက်နေရတာကိုလည်း သွားရောက်အားပေးခဲ့ပါသေးတယ်။ ဒီဇိုင်နာမျိုးမင်းစိုးကတော့ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် မင်းသား၊မင်းသမီးတွေနဲ့ တွဲဖက်တွေ့မြင်ရလေ့ရှိတဲ့အပြင် အလှူအတန်းရက်ရောသူတစ်ယောက်မို့ ပရိသတ်တွေ လေးစားချစ်ခင်နေရသူလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ “ကျွန်တော်နဲ့ထက်ထက်မိုးဦးနဲ့ရိုက်ထားတဲ့ Lavie Myanmar Luxury ကြော်ငြာလေးပါ… သရုပ်တော့သိပ်မဆောင်တက်လို့ Designer တစ်ယောက်အနေနဲ့ပဲကြည့်ပေးပါနော်” ဆိုပြီး ကြော်ငြာလေးတစ်ခုကို မျှဝေခဲ့ပါတယ်။ ထက်ထက်နဲ့ ဒီဇိုင်နာမျိုးမင်းစိုးတို့ ရိုက်ကူးထားတဲ့ကြော်ငြာလေးကတော့ ထက်ထက်နာမည်ကျော်ကြားခဲ့တဲ့ ဟိုးအရင်တုန်းကအချိန်တွေကို ပြန်လည်သတိရစေမှာ အမှန်ပါပဲ… ကျွန်မကိုချစ်ရင်မောင်ကြီးရေ ဝယ်ပေးပါလား ဆိုတဲ့ကြော်ငြာလေးအတိုင်း …

Read More »
x