ဒီနေ့ ဇွန်လ (၂၁) ရက်နေ့မှာကျရောက်တဲ့အဖေများနေ့အတွက် လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ဖခင်တွေကို ဂုဏ်ပြုတဲ့ စာသားလေးတွေ တော်တော်များများရေးသားကြတာတွေ့ရပါတယ် ။ အနုပညာရှင်တွေကလည်း သူတို့ရဲ့ ဖခင်တွေအတွက် ချစ်ခြင်းမေတ္တာတွေကို ပြသခဲ့ကြပါတယ် ။ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ဖခင်ဖြစ်သူအတွက် ” […]
Cele Gabar
အဖေများနေ့မှာ ဖခင်အချစ်ပိုရအောင် အမှတ်တရစကားလေးဆိုလိုက်တဲ့ မိုးဟေကို
ပရိသတ်ကြီးရေ ဒီနေ့ ဇွန်လ (၂၁)ရက်နေ့လေးကတော့ အဖေများနေ့ကျရောက်တဲ့ နေ့ထူးနေ့မြတ်လေးပဲဖြစ်ပါတယ်။ဒီနေ့အဖေများနေ့မှာ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချော မိုးဟေကိုကလည်း သူ့ရဲ့ ဖခင်ဖြစ်သူအတွက် ဖခင်အချစ်ပိုရလောက်အောင် အဖေများနေ့အမှတ်တရစကားလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ်။ “အဖေ.. မိသားစုတစ်စုလုံးရဲ့ ဦးဆောင်သူ၊ ရှာဖွေကျွေးမွေးစောင့်ရှောက်ခဲ့သူ အဖေ..ဒီနေ့ဒီအချိန်အထိ […]
မိခင်အတွက် ရည်စူးပြီးလှူဒါန်းပေးခဲ့တဲ့ ဘုရားရင်ပြင်တော်လေး ပြီးစီးသွားပြီဖြစ်ကြောင်း မျှဝေခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံ
လွန်ခဲ့တဲ့ရက်ပိုင်းက တက္ကသိုလ်ဂွမ်းပုံရဲ့မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ပရိသတ်တွေ ရယ်မောပျော်ရွှင်ဖို့ ကိုယ်တတ်ကျွမ်းတဲ့ဟာသပညာနဲ့ အမြဲဖျော်ဖြေပေးနေသူဂွမ်းပုံအတွက် ဒီကာလတွေကတော့ မရယ်နိုင်တဲ့ကာလတွေ ဖြစ်နေမှာအမှန်ပါပဲ။ သူကတော့ မိခင်အတွက်ရည်စူးပြီး ရန်ကုန်မှာလည်း အလှူအတန်းတွေလုပ်ပေးခဲ့တဲ့အပြင် မိခင်ဖြစ်သူရဲ့မွေးရပ်မြေရွာလေးမှာပါ တခုခုလုပ်ပေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ မိခင်ဖြစ်သူရဲ့ […]
ကွယ်လွန်သူမင်းသွေးကို ရည်စူးပြီး မိသားစုမှရခိုင်စစ်ရှောင်ပြည်သူတွေကို လှူဒါန်း
ပရိသတ်အချစ်တော်သရုပ်ဆောင်မင်းသွေးကတော့ ကွယ်လွန်သွားတာတစ်နှစ်ကျော်ခဲ့ပါပြီ။ မိသားစုကတော့ သတိတရနဲ့ကောင်းမှုကုသိုလ်တွေရည်စူးပြီးလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။ဒီနေ့သူ့ရဲ့မွေးနေ့မှာ မင်းသွေးအတွက်ရည်စူးပြီးလုပ်ပေးခဲ့တဲ့ အလှူတစ်ခုကိုတော့ အစ်ကိုအရင်းဖြစ်သူ နေတိုးကသူ့ရဲ့ဖေ့ဘွတ်ကနေပြန်လည်မျှဝေခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုတော့ နေတိုးရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့ ကွယ်လွန်သူ – သရုပ်ဆောင်- မင်းသွေး (ခ) နေမင်းအောင် ခေါ် ညီလေးငယ်အားရည်စူး၍ဆွမ်းဆက်ကပ် […]
မိသားစုပိုင် အခမဲ့မျက်စိဆေးရုံကြီးမှာ ဓာတ်လှေကားပါ ထပ်မံလှူဒါန်းပေးခဲ့တဲ့ စည်ဖြိုးတို့မိသားစု
အလှူရေစက်လက်နဲ့မကွာဆိုသလို နေ့တိုင်းနီးပါး အလှူမလုပ်တဲ့ရက်မရှိလောက်အောင် ကုသိုလ်ပြုနေသူတွေကတော့ စည်ဖြိုးတို့မိသားစုလေးပါ။ မေတ္တာဓာတ်ကြီးမားလွန်းတဲ့မိခင်ဒေါ်သီသီဝင်းနဲ့အတူ နောက်ကနေ ကူညီအားဖြည့်ပေးတတ်လွန်းတဲ့မိသားစုဝင်တွေကြောင့်လည်း စည်ဖြိုးတို့မိသားစုလေးကတော့ အလှူအတန်းရက်ရောတဲ့မိသားစုလေးအဖြစ် ပရိသတ်တွေလေးစားချစ်ခင်နေကြရတာ ဖြစ်ပါတယ်။ မနေ့ကတော့ ကျိုက်မရောဆရာတော်ဘုရားကြီးရဲ့ကျောင်းမှာ နဂါးရုပ်ထုအလှူအပြင် ဝတ္ထုငွေတွေပါ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘုန်ကြီးကျောင်းဝင်းထဲက လူအချို့ကိုပါ တတ်နိုင်သလောက် […]
အဖေနှင့်ခင်ပွန်းဖြစ်သူတို့ကို ဂုဏ်ပြုလိုက်တဲ့ အိန္ဒြာကျော်ဇင်
အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်လျှမ်းလျှမ်းတောက်အောင်မြင်နေသလို သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူပါ။ အခုဆိုရင် သားသားမီးမီးတွေရဲ့မိခင်တစ်ယောက်အဖြစ်လည်းတာဝန်ကျေသလို အပျိုရှုံးအောင်လှတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အများကအားကျတဲ့ဘဝကိုလည်းပိုင်ဆိုင်ထားသူပါ။ အိန္ဒြာကျော်ဇင်ကတော့ ဒီနေ့လိုအဖေများနေ့မှာ ဖခင်ဖြစ်သူကို သတိတရနဲ့ဂုဏ်ပြုခဲ့ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာတော့ “ကျွန်မ၏ တန်ဖိုးမဖြတ်နိုင်သော ဖေဖေ နှင့် ကျွန်မ၏ တန်ဖိုးရှိသော ခင်ပွန်း တို့အတွက် […]
Happy Birthday လို့ပြောချင်ပေမယ့် မကြားနိုင်တော့တဲ့သူတစ်ယောက်လို့ ဝမ်းနည်းဖွယ်ဆိုလာတဲ့ သားညီ
ရခိုင်တိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့မင်းသွေးတစ်ယောက် လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ် အောက်တိုဘာလမှာ ဆုံးပါးသွားခဲ့တာကိုတော့ ပရိသတ်တွေလည်း မှတ်မှတ်ထင်ထင်ဖြစ်ခဲ့ကြမှာပါ။ အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေသူတစ်ယောက်ဖြစ်တဲ့အပြင် စိတ်ထားကောင်းသူတစ်ယောက်မို့ ပရိသတ်တွေသာမက ရုပ်ရှင်အသိုင်းအဝိုင်းက လူတွေပါ မင်းသွေရဲ့သေဆုံးမှုကို ယူကြုံးမရဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပါ။ အဲ့ဒီထဲမှာတော့ မင်းသွေးနဲ့အမြဲအနီးကပ်ရှိနေခဲ့တဲ့ သားညီကတော့ မင်းသွေးနဲ့အမှတ်တရတွေကို […]
ဒီနေ့မှာ ဇီဝိတဒါန ငါးလွှတ်ကုသိုလ်ယူခဲ့တဲ့ ခန့်စည်သူ
ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသားချော ခန့်စည်သူကတော့ ဒီနေ့ ဇွန်လ (၂၁)ရက်နေ့မှာ ဇီဝိတဒါနကုသိုလ်လေးတစ်ခုက်ု ထပ်မံပြုလုပ်ခဲ့ပြန်ပါတယ်။ ခန့်စည်သူက အလှူအတန်းတွေကို အလှူရေစက်လက်နဲ့မကွာဆိုသလို လှူဒါန်းနေခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး အမြဲတမ်းလိုလို သူ့ရဲ့ကောင်းမှုတွေကို ပရိသတ်တွေသာဓုခေါ်ဆိုလို့ရအောင်မျှဝေပေးလေ့ရှိပါတယ်။ ဒီနေ့ဇွန်လ (၂၁)ရက်နေ့မှာလည်း […]