Answer ခွေထဲက သီချင်းတစ်ပုဒ်ကို Music Video အဖြစ် ပရိသတ်တွေရှေ့ကို အရောက်ပို့တော့မယ့် ရာဝန

လက်ရှိ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့တက်သစ်စ အဆိုတော် တစ်ယောက်ဖြစ်တဲ့ ရာဝနကတော့ မကြာသေးမီကမှ သူ့ရဲ့ ပထမဆုံးတေးစီးရီး ဖြစ်တဲ့ Answer ဆိုတဲ့ ခွေကို ထွက်ရှိခဲ့တာဖြစ်ပါတယ် ။ ဒီခွေလေး ပရိုမိုးရှင်းလုပ်စဉ်ကလည်း ပရိသတ်တွေ တိုးမပေါက်အောင် လာရောက်အားပေးခဲ့ကြတာဖြစ်ပါတယ် ။

လတ်တလောမှာတော့ V7Entertainment ကနေတဆင့် အလွမ်းကို ကြုံဖူးသူတိုင်း အတွက် ရာဝန ရဲ့ သီချင်းကောင်းလေး တစ်ပုဒ် ကို မကြာမှီ တင်ဆက်ပေးသွားတော့မှာ ဖြစ်တယ်လို့သိရပါတယ် ။ ANSWER အခွေထဲက ရာဝန ရဲ့ အားအရဆုံးသီချင်းတစ်ပုဒ်
Music video နဲ့ပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ် ။ ဒီ MV လေးကို ပုဂံမှာသွားရောက် ရိုက်ကူးထားတာဖြစ်ပြီး အောင်ရဲထိုက် ၊ နန်းစန္ဒာလှထွန်းရဲ့ ရာဝန တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ် ။

ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်တွေမှာ ဘယ်လိုပုံစံလေး နဲ့ တင်ဆက်မလဲ ဆိုတာလေး ကို အတိကျ မကြေညာသေးတဲ့အတွက် ပရိသတ်တွေလည်း အရမ်းကို ကြည့်ချင်နေကြပြီထင်ပါတယ်နော် ။ ရာဝနကို ချစ်ကြတဲ့ Cele Gabar ပရိသတ်ကြီးလည်း ဆက်ဆက် စောင့်မျှော်အားပေးကြပါဦးနော် ။

Source : Yarwanna
Emily (Cele Gabar)

x