Myanmar K-beauty contents commerce ကုမ္ပဏီတစ်ခု ဖြစ်သော ‘Seoul Sisters(Seoul Unniedeul)’ သည် မြန်မာနိုင်ငံစျေးကွက်တွင် ၅ နှစ်မြောက်ကာလထိ တည်ရှိခဲ့ရာ ယခုနှစ်တွင် အထိမ်းအမှတ်ပွဲအဖြစ် အောက်တိုဘာလ ၁ ရက်နေ့ Time City Main Event Hall, Jewelry Mall, Indoor Promotion Area (မြန်မာ-ရန်ကုန်မြို့) တွင် K-beauty Launching မိတ်ဆက်ပွဲကို ကျင်းပမည်ဖြစ်ပါသည်။
Seoul Unniedeul သည် မြန်မာနိုင်ငံသို့ အလှကုန်တင်ပို့သည့် ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည်။ မြန်မာလူငယ်များအကြား ရေပန်းစား၊ နာမည်ကြီး brand တစ်ခုဖြစ်သော ETUDE (Etudehouse) အပါအဝင် ကိုရီးယားရုံးချုပ်နှင့် တရားဝင် စာချုပ်ချုပ်ဆိုထားသည့် အခြားသော K-beauty အမှတ်တံဆိပ် အမျိုးပေါင်း (၄၀) ခန့်ကို မြန်မာနိုင်ငံသို့ တင်ပို့လျက်ရှိပါသည်။
အောက်တိုဘာလ ၁ရက် ပွဲနေ့တွင် ဝယ်ယူသူများ၏ အားပေး၊ အသိအမှတ်ပြုမှုကို ရရှိပိုင်ဆိုင်ထားသော ကိုရီးယားအမှတ်တံဆိပ်များဖြစ်သော haruharu wonder, Mixsoon, SAM’U, Nowater, VERTTY, ETUDE(etude house), Radimery, IPKN စသည်တို့သည်ကို မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။
အထူးသဖြင့် ဤအခမ်းအနားပွဲနေ့တွင် Seoul Business Agency (SBA) Beauty Tech POC ပရောဂျက်အတွက် ရွေးချယ်ထားသော အလှအပဆိုင်ရာနည်းပညာကုမ္ပဏီများဖြစ်သည့် ‘Regiena’၊ ‘Lulu Lab’ နှင့် ‘Blossom Cloud’ တို့၏ အလှအပဆိုင်ရာနည်းပညာများကို အခမဲ့ လေ့လာစမ်းသပ်နိုင်မှာ ဖြစ်ပါသည်။ပွဲကို အောက်တိုဘာ ၁ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲညနေ ၆ နာရီအထိ ကျင်းပသွားမည်ဖြစ်ပါသည်။ ထိုနေ့တွင် မြန်မာနိုင်ငံမှ influencerများ အပါအဝင် KOL အယောက် (၃၀)ကျော် တက်ရောက်မည်ဖြစ်ပါသည်။ ‘Influencer Makeup Show’၊ ‘Influencer Live’ နှင့် ‘Influencer Makeup Class’ ကဲ့သို့သော အစီအစဉ်များကိုလည်း နာမည်ကျော် influencer များနှင့် တင်ဆက်ပေးသွားမှာ ဖြစ်ပြီး အခြားသော စိတ်ဝင်စားဖွယ် အစီအစဉ်အမျိုးမျိုးကို ကျင်းပသွားရန် စီစဉ်ထားသည်။
ထို့အပြင် K-beauty ထုတ်ကုန်များကို ပွဲကျင်းပရာနေရာ၌ 70% အထိ လျှော့စျေးဖြင့် ရောင်းချပေးဦးမည် ဖြစ်ပြီး အခြားသော အပိုလျှော့စျေးများ၊ ဝယ်ယူသူများအတွက် ဝမ် 5 သန်းတန်ဖိုးရှိ အခမဲ့လက်ဆောင်များနှင့် ကံစမ်းမဲဖောက်ပေးမည့် အစီအစဉ်အမျိုးမျိုးကို ပြင်ဆင်ထားပါသည်။
အခြားအခွင့်အရေးအနေဖြင့် ပွဲနေ့တွင် on-site buyer consultation booth ကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ကိုရီးယား အလှကုန်/ဖက်ရှင်/နည်းပညာ ထုတ်ကုန်များ တရားဝင် ဖြန့်ဖြူးခြင်းနှင့် တင်သွင်းခြင်းအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်မှာ ဖြစ်ပါသည်။ အလှအပဆိုင်ရာနည်းပညာအတွက် ဆွေးနွေးပွဲများနှင့် မျက်ခုံးမွှေးတက်တူးထိုးခြင်း အစရှိသော အလှအပနှင့်ပတ်သက်သည့် အကြောင်းအရာများကို တိုက်ရိုက် လေ့လာဆွေးနွေးနိုင်ပါသည်။ဆိုးလ်မြို့တော်အစိုးရမှ ရွေးချယ်ထားသော ကုမ္ပဏီသုံးခုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။အသားရည်အရေပြား ထိန်းသိမ်းပေးသော ပစ္စည်းထုတ်လုပ်သူ Regiena သည် အခမ်းအနားတွင် HIFU-based အိမ်သုံးအသားရည်ထိန်းသိမ်းနိုင်မည့်ကိရိယာများ၊ AI အိမ်သုံးဆရာဝန်ပလက်ဖောင်းများနှင့် စမတ်မျက်နှာဖုံးများကို သရုပ်ပြသွားမည်ဖြစ်ပါသည်။ အရေပြားရောဂါဗေဒတွင် စစ်ဆေးထားသော ဆေးဘက်ဆိုင်ရာနည်းပညာကိုအခြေခံ၍ IoT နှင့် ICT ပေါင်းစပ်ခြင်းဖြင့်၊ အသားရည်အရေပြားအမျိုးအစား ရှာဖွေခြင်းကို အိမ်တွင် အလွယ်တကူ အဆင်ပြေစွာ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
‘Blossom Cloud’ သည် ကိုရီးယားတွင် မျက်ခုံးမွှေးတက်တူးမိတ်ကပ်အတွက် အကြီးဆုံး ကူးသန်းရောင်းဝယ်ရေးပလပ်ဖောင်းကုမ္ပဏီဖြစ်ပြီး မျက်ခုံးမွှေးတက်တူး ထုတ်ကုန်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် သင်ကြားရေးတို့ကို ပံ့ပိုးပေးပါသည်။ ပွဲနေ့တွင်၊ မျက်ခုံးမွှေးတက်တူးအလှအပအတွက် လိုအပ်သော ထုတ်ကုန်ရောင်းချမှု၊ အခမဲ့မျက်ခုံးမွှေးတက်တူး အခမဲ့ ထိုးနိုင်မည့် အတွေ့အကြုံနှင့် မျက်ခုံးမွှေးတက်တူး အလှအပနှင့် စပ်လျင်း၍ တစ်ယောက်ချင်းစီကိုလည်း တိုင်ပင်ဆွေးနွေးပေးသွားမည် ဖြစ်ပါသည်။
AI အရေပြားဒေတာဖြေရှင်းချက် ကုမ္ပဏီတစ်ခုဖြစ်သည့် ‘LuluLab’ သည် AI အသားရည်အရေပြားရောဂါရှာဖွေရေးကိရိယာ “Lumini Kiosk” ဖြင့် ပြသမည်ဖြစ်သည်။ “Lumini Kiosk” သည် AI ကိုအခြေခံ၍ အသုံးပြုသူ၏ အသားအရေ အမျိုးအစား (၇)မျိုး (ဝက်ခြံပြဿနာ၊ အမဲစက်၊ ဆီဘမ်၊ ချွေးပေါက်များ၊ အသားရောင်မညီမျှခြင်း၊ အနီကွက်များနှင့် အရေးအကြောင်းများ) ခွဲခြမ်းစိတ်ဖြာပြီး အရေပြားဒေတာအပေါ်အခြေခံ၍ အကောင်းဆုံးအလှကုန်နှင့် စကင်ကဲများကို အကြံပြုပေးသွားမည့် စက်ကိရိယာတစ်ခု ဖြစ်ပါသည်။ ပွဲနေ့တွင် ထိုစက်ဖြင့် အခမဲ့အသားအရည် စမ်းသပ်လေ့လာပြီး မေတ္တာလက်ဆောင်များလည်း ပါဝင်ကံစမ်းနိုင်ပါသေးသည်။ယခုဆိုလျှင် Seoul Unniedeul ကုမ္ပဏီသည် “ဝယ်ယူသူတွေအတွက် ငါးနှစ်တာအတွင်း ပထမဆုံး ကျင်းပမည့်ပွဲဖြစ်လို့ အမျိုးမျိုးသော အစီအစဉ်တွေကို ပြင်ဆင်နေလျက် ဖြစ်ပါကြောင်း”
Zawgyi Font
Seoul Unniedeul ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ကျင်းပသော ‘K-beauty Launching Event’
Myanmar K-beauty contents commerce ကုမ္ပဏီတစ်ခု ဖြစ်သော ‘Seoul Sisters(Seoul Unniedeul)’ သည် မြန်မာနိုင်ငံဈေးကွက်တွင် ၅ နှစ်မြောက်ကာလထိ တည်ရှိခဲ့ရာ ယခုနှစ်တွင် အထိမ်းအမှတ်ပွဲအဖြစ် အောက်တိုဘာလ ၁ ရက်နေ့ Time City Main Event Hall, Jewelry Mall, Indoor Promotion Area (မြန်မာ-ရန်ကုန်မြို့) တွင် K-beauty Launching မိတ်ဆက်ပွဲကို ကျင်းပမည်ဖြစ်ပါသည်။
ထို့အပြင် K-beauty ထုတ်ကုန်များကို ပွဲကျင်းပရာနေရာ၌ 70% အထိ လျှော့ဈေးဖြင့် ရောင်းချပေးဦးမည် ဖြစ်ပြီး အခြားသော အပိုလျှော့ဈေးများ၊ ဝယ်ယူသူများအတွက် ဝမ် 5 သန်းတန်ဖိုးရှိ အခမဲ့လက်ဆောင်များနှင့် ကံစမ်းမဲဖောက်ပေးမည့် အစီအစဉ်အမျိုးမျိုးကို ပြင်ဆင်ထားပါသည်။