Tag Archives: ကိုလင်းမြိုင်

Annie ရဲ့ အမာခံပရိသတ်တွေ ကြေကွဲခဲ့ရတဲ့ The Voice Myanmar Battle ည

ကိုဗစ်ကာလအတွင်း ပြည်သူလူထုအတွက် ဘဝအမောဖြေဖျောက်စရာအစီအစဉ်တစ်ခုအဖြစ် ထုတ်လွှင့်ပြသလာတဲ့ The Voice Myanmar Season-3 သီချင်းဆိုပြိုင်ပွဲကြီးကတော့ Blind Audition အပတ်စဉ်တွေပြသခဲ့ပြီးနောက် ဒီနေ့ညမှာတော့ ပြိုင်ပွဲဝင်နှစ်ယောက်ချင်း ယှဉ်ပြိုင်ရတဲ့ Battle Round ပထမဆုံးထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့ထဲက ပြိုင်ပွဲဝင်နှစ်ယောက် သီဆို battle ပြိုင်ရတဲ့ပွဲမို့ နှစ်ယောက်ထဲကတစ်ယောက်ကတော့ နောက်ထပ် သူ့ကို Steal လုပ်မယ့်ဒိုင်သာမရှိခဲ့ဘူးဆိုရင် ပြိုင်ပွဲကို နှုတ်ဆက်ထွက်ခွာသွားရမှာဖြစ်ပါတယ်။ ဒီနေ့ ည Battle Night ရဲ့နှုတ်ဆက်ထွက်ခွာခဲ့ရတဲ့ ပြိုင်ပွဲဝင်တွေက ပရိသတ်ကိုစိတ်မကောင်းဖြစ်စေခဲ့ဆုံးသူကတော့ Annie ပါ။ Annie ကတော့ Season-3 ပြိုင်ပွဲရဲ့ Blind Audition အဆင့်ကို ကိုဌက်ရဲ့ သီချင်းလေးကို သီဆိုပြီး ပထမဆုံးဖြတ်ကျော်နိုင်ခဲ့တဲ့သူပါ။ …

Read More »

အဆိုတော်နေနေရဲ့ခင်ပွန်းပါ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ The Voice Myanmar Season-3 ပြိုင်ပွဲကြီး

မြန်မာနိုင်ငံရဲ့အောင်မြင်တဲ့အဆိုပြိုင်ပွဲတွေထဲက တစ်ခုဖြစ်တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးကတော့ ပရိသတ်ရှေ့ကို တစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ The Voice ရဲ့သူများနဲ့မတူတဲ့အရာလေးဖြစ်တဲ့ Blind Audition ပြိုင်ပွဲရဲ့ ပထမအပတ်မှာကတည်းက ပါရမီရှင်တွေကို တွေ့မြင်ခဲ့ရသလို ဒီတစ်ပတ်မှာတော့ ထူးထူးခြားခြားလေးအဖြစ် အဆိုတော်နေနေရဲ့ခင်ပွန်းပါ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အဆိုတော်ချမ်းချမ်းနဲ့ နေနေ တို့ကတော့ ဂီတလောကမှာ နာမည်တစ်ခုရထားတဲ့ အဆိုတော်ညီအစ်မပါ။ ဒီအပတ်ပြိုင်ပွဲမှာတော့ အဆိုတော်နေနေရဲ့ခင်ပွန်းကိုလင်းမြိုင်က “ချစ်တိုင်းလည်း မညား” သီချင်းနဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုံးလှည့်ကြည့်ခဲ့တဲ့ဒိုင်ကတော့ နီနီခင်ဇော်ပါ။ နီနီကတော့ လှည့်ကြည့် ကြည့်လိုက်ချင်း ဝါရင့်အဆိုတော်ရဲ့ခင်ပွန်းဖြစ်သူ လာရောက်ယှဉ်ပြိုင်တာကြောင့် အရမ်းအံ့သြခဲ့ရပါတယ်။ ဒိုင်နောက်တစ်ဦးဖြစ်တဲ့ ကျားပေါက်ပါ လှည့်ကြည့်ခဲ့ပြီး ကိုလင်းမြိုင်ကတော့ Blind Audition အဆင့်ကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကိုလင်းမြိုင်ကတော့ ကျားပေါက်ရဲ့ Team …

Read More »
x