အနုပညာရှင်တွေကတော့ အနုပညာဖန်တီးမှုအသစ်တွေကို ဆက်တိုက်ကြိုးစားနေလေ့ရှိသလို ပရိသတ်တွေကိုလည်း ချပြလေ့ရှိတာပါ။ အခုလည်း ပိုးကြာဖြူခင်နဲ့ကျော်ထက်ဇော်တို့ကတော့ ပရိသတ်တွေကို ရင်ခုန်မျှော်လင့်နေစေမယ့် ရိုက်ကွင်းနောက်ကွယ်ပုံရိပ်တွေကို ချပြလာခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ Music Video အတွက် ရိုက်ကူးရေးလုပ်နေတာဖြစ်ပြီး ပရိသတ်တွေကိုလည်း အသိပေးလာခဲ့တာပါ။ ပိုးကြာဖြူခင်ကတော့ “မိန်းကလေးတစ်ယောက်အတွက် MV shooting .. Coming soon” ဆိုပြီးတာ့ ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြလာတာပါ။ ဒီ Music Video ကိုတော့ V7Entertainment ရိုက်ကူးထုတ်လုပ်သွားမှာလည်း ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကတော့ ရုပ်သံဇာတ်လမ်းတွဲပေါင်းများစွာရိုက်ကူးအောင်မြင်ခဲ့သလို လက်ရှိမှာလည်း “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်တွေကြားရေပန်းစားနေသူပါ။ ကျော်ထက်ဇော်ကလည်း ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူ နာမည်ကြီးလျက်ရှိပြီး ထုတ်လွှင့်ပြသခဲ့တဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲမှာလည်း လူကြိုက်များခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ဦးရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ …
Read More »Tag Archives: ကျော်ထက်ဇော်
မွေးနေ့မှာ ချစ်ရတဲ့ပရိသတ်တွေဆီက လက်ဆောင်တွေအများကြီးရခဲ့တဲ့ ကျော်ထက်ဇော်
လွန်ခဲ့တဲ့ရက်ပိုင်းကမှ အသက်(၂၇) နှစ်ပြည့်ခဲ့တဲ့ကျော်ထက်ဇော်ကတော့ သူ့ရဲ့မွေးနေ့မှာ ရရှိထားတဲ့ပရိသတ်တွေချစ်ခြင်းမေတ္တာအပြည့်နဲ့အေးခဲ့တဲ့လက်ဆောင်လေးတွေကို မျှဝေခဲ့ပါတယ်။ နာမည်ကြီးဝါရင့်အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် မြန်မာတစ်နိုင်ငံလုံးနီးပါးက ပရိသတ်တွေရဲ့ဂရုစိုက်အားပေးခြင်းကို ရရှိထားတဲ့ ကျော်ထက်ဇော်ရဲ့စန်းကတော့ တကယ်ကို အားကျစရာပါ။ သူ့ရဲ့မွေးနေ့မှာ ကိုယ်တိုင်လည်း နေရာတွေအများကြီးကို လှူခဲ့သလို ပြန်အကျိုးပေးတဲ့အနေနဲ့ ပရိသတ်တွေဆီ ချစ်ခြင်းမေတ္တာတွေလည်း အများကြီးရရှိခဲ့ပါတယ်။ မွေးနေ့ကိတ်တွေသာမက ရွှေဆွဲကြိုး၊လက်စွပ်၊ ပီချူးလက်ပတ်၊ရင်ထိုး၊ စိန်နားကပ်၊ ပလက်တီနမ်ဆွဲကြိုး၊ ကြာပုဆိုးတွေအပြင် ကိုယ့်အတွက် ကုသိုလ်ပြုပြီး လှူဒါန်းပေးထားတဲ့ အမာခံပရိသတ်တွေရဲ့ဂုဏ်ပြုမှတ်တမ်းလေးကိုလည်း ရရှိခဲ့ပါတယ်။ ကျော်ထက်ဇော်ကတော့ အခုလို သူ့ရဲ့မွေးနေ့မှာဆုတောင်းပေးခဲ့ရုံမက အခုလိုခက်ခဲနေတဲ့အချိန်မှာတောင် လက်ဆောင်တွေကို လက်ထဲမရောက် ရောက်အောင်ပို့ပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ဒါ့အပြင် မွေးနေ့လေးမှာအရမ်းပျော်ခဲ့ရကြောင်းနဲ့ အခုလိုမျှော်လင့်ချက်မထားတဲ့ အဖြူရောင်မေတ္တာတွေကို အနှိုင်းမဲ့တန်ဖိုးထားပါကြောင်း ရေးသားမျှဝေခဲ့ပါတယ်။ Source -Kyaw Htet Zaw …
Read More »ဒီနေ့မှာ အသက်(၂၇) နှစ်ပြည့်သွားပြီဖြစ်တဲ့ ပရိသတ်ရဲ့အချစ်တော် ကျော်ထက်ဇော်
ပရိသတ်ကြီးရေ ဒီနေ့ စက်တင်ဘာလ(၆) ရက်နေ့လေးကတော့ ကျော်ထက်ဇော်ရဲ့ အသက်(၂၇) နှစ်ပြည့်မွေးနေ့လေးပါ။ MRTV-4 မင်းသားတစ်လက်အနေနဲ့ ဇာတ်လမ်းတွဲများစွာမှာ ပါဝင်ထားတဲ့ ကျော်ထက်ဇော်ကတော့ အခုဆိုရင် အားပေးသူအမာခံပရိသတ်တွေနဲ့ အနုပညာလောကမှာ အခိုင်အမာရပ်တည်နေနိုင်ပြီဖြစ်ပါတယ်။ ဒီနေ့ကျရောက်တဲ့ သူ့ရဲ့မွေးနေ့အတွက်လည်း မွေးနေ့မတိုင်ခင်ကတည်းက အလှူအတန်းများစွာလုပ်ခဲ့ပါတယ်။ ရန်ကုန်စိတ်ကျန်းမာရေးဆေးရုံကြီးမှာ အထွေထွေပဒေသာပင်အနေနဲ့ ငါးသိန်းလှူဒါန်းပေးခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအတွက် အလှူငွေ(၁၀)သိန်း၊ ကိုလူချောအဖွဲ့အတွက် အလှူငွေ(၃)သိန်းလှူဒါန်းပေးခဲ့ပါတယ်။ ဒါ့အပြင် အမြဲလှူဒါန်းပေးနေကြဖြစ်တဲ့ မခိုင်နှင်းဝေရဲ့ရင်သွေးလေးများဂေဟာမှာလည်း ကလေးတွေနဲ့အတူ မွေးနေ့ကိတ်ခွဲခဲ့ပြီး လိုအပ်တာတွေလှူဒါန်းပေးခဲ့ပါတယ်။ ကျော်ထက်ဇော်ကတော့ မွေးနေ့အကြိုကတည်းက လိုအပ်နေတဲ့နေရာတွေအတွက် လှူဒါန်းပေးရင်း အသက်(၂၇) နှစ်ပြည့်မွေးနေ့လေးကို မိတ်ဆက်ခဲ့ပါတယ်။ အခုလို အများအကျိုးကို ကြည့်ပေးတတ်တဲ့ ကျော်ထက်ဇော်တစ်ယောက် ဒီနေ့မွေးနေ့လေးကစပြီး ပျော်ရွှင်အေးချမ်းတဲ့ဘဝကိုပိုင်ဆိုင်ပြီး အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းနိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ …
Read More »ပရိသတ်တွေသဘောကျနေတဲ့ ရွှေသမီးနဲ့ကျော်ထက်ဇော်တို့ အတွဲညီညီကနေတဲ့ Tik Tok လေး
ကျော်ထက်ဇော်ကတော့ ပရိသတ်ချစ်တဲ့ ရုပ်သံဇာတ်လမ်းတွဲမင်းသားတစ်လက်ဖြစ်သလို ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူပါ။ ပရိသတ်တွေနဲ့အဆက်အသွယ်မပြတ်သူ့ရဲ့သတင်းတွေကို မကြာခဏအသိပေးလေ့ရှိပြီး ပျော်စရာတွေကိုလည်း ပရိသတ်တွေနဲ့ မျှဝေတတ်ပါသေးတယ်။ မင်းသမီးချောလေးရွှေသမီးနဲ့အတူ Tik Tok တွေဆော့ထားတာဖြစ်ပြီး ပရိသတ်တွေကိုလည်းကြည့်စေချင်တာကြောင့် “ခရီးသွားရင်း ရွှေရွှေနဲ့ ဆော့ထားတာလေးအမှတ်တရ မကတက်ကတက်တွေ အခါပေါင်းများစွာရိုက်ထားလို့သည်းခံပြီးကြည့်ပေးနော်” ဆိုပြီးတော့ပြန်လည်မျှဝေပေးထားတာပါ။ သူတို့နှစ်ဦးကတော့ သီချင်းအတိုင်းအတွဲညီညီကထားကြတာဖြစ်ပြီး ပရိသတ်တွေကတော့ သဘောကျပြီးအားပေးနေကြတာ ဖြစ်ပါတယ်။ ကျော်ထက်ဇော်ကတော့ သိပ်မကတတ်ဘူးလို့ပြောထားပေမဲ့လည်း ပရိသတ်တွေကတော့ သဘောကျနေကြတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်လိုက်ဖက်ညီပြီး ချစ်ဖို့ကောင်းတဲ့ Tik Tok လေးကို ပရိသတ်ကို ပြန်လည်မျှဝေလိုက်ပါတယ်နော်… Source : KyawHtetZaw
Read More »အင်းတော်ကြီးရွှေမဉ္ဇူရေလည်ဘုရားကိုရောက်ခဲ့တဲ့အမှတ်တရကို ပရိသတ်တွေကို ပြန်လည်ဝေမျှလာတဲ့ ကျော်ထက်ဇော်
ကျော်ထက်ဇော်ကိုတော့ ရုပ်သံဇာတ်လမ်းတွဲများနဲ့အတူ ပရိသတ်တွေအသိအမှတ်ပြု ချစ်ခင်ကြတာလည်း ဖြစ်ပါတယ်။ ကျော်ထက်ဇော်ကတော့ အားပေးကြတဲ့ပရိသတ်တွေကို သူ့ရဲ့လှုပ်ရှားမှုတွေကို အသိပေးလေ့ရှိတဲ့အနုပညာရှင်တစ်ယောက်လည်းဖြစ်ပြီး အခုလည်း တန်ခိုးကြီးဘုရားတစ်ဆူကို သွားရောက်ဖူးမြော်ခဲ့တာဖြစ်ပြီး ပရိသတ်တွေကို ဗီဒီယိုလေးနဲ့တကွပြန်လည် မျှဝေလာတာပါ။ ကျော်ထက်ဇော်ကတော့ ဗီဒီယိုဖိုင်လေးနဲ့အတူ “အင်းတော်ကြီး ရွှေမဉ္ဇူ ရေလည် ဘုရားရောက် အမှတ်တရ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရေကန်တစ်ခုဖြစ်သလို တန်ခိုးကြီးတဲ့ အကြောင်းတွေကို စာတွေသာဖတ်ခဲ့ဖူးတဲ့အတွက် အရမ်းရောက်ဖူးချင်နေခဲ့မိတာအမှန်ပါ ။ရောက်ဖူးတဲ့သူတွေလည်းရှိသလို မရောက်ဖူးသေးတဲ့ ဇော်ဂျီလေးတွေ အားလုံးအတွက် အမှတ်တရ ဖူးစေချင်လို့ တင်ပေးလိုက်ပါတယ်ဗျ”ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။ မင်းသားချောကျော်ထက်ဇော်ကတော့ မကြာသေးခင်က အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲမှာ နှစ်ကိုယ်ခွဲဇာတ်ရုပ်နဲ့ ပရိသတ်အကြိုက်တွေ့ထားသူလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ အရမ်းကိုဖူးချင်ခဲ့တဲ့ ဘုရားကိုသွားရောက်ဖူးမြော်ခဲ့တာလည်း ဖြစ်ပါတယ်နော်…. Source : …
Read More »ညအိပ်မပျော်နိုင်ဖြစ်လောက်တဲ့အထိ ပရိသတ်တွေဆီက Surprise လက်ဆောင်တွေရခဲ့တဲ့ ကျော်ထက်ဇော်
ကျော်ထက်ဇော်ကတော့ ပရိတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိထားတဲ့ သူတစ်ယောက်ပါ။ ကျော်ထက်ဇော်ကတော့ မနေ့က ညက သူ့ရဲ့ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် အိပ်မပျော်နိုင်ဖြစ်တဲ့ အထိ အံ့သြဝမ်းသာခဲ့ရတဲ့ အကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေအခုလိုပဲ ဖော်ပြလာခဲ့ပါတယ်။ “ဒီညတော့ အိပ်မပျော်နိုင်အောင်ပါပဲဗျာ။ ခရီးကပြန်ရောက်ရောက်ချင်း Shooting ကိုတန်းဝင် အားလုံးလည်းပြီးရော အိမ်ရောက်တာနဲ့တန်းအိပ်တော့မယ်ဆိုပြီး အိမ်ထဲလည်းအဝင် ဒီလိုလေးစီးကြိုနေတော့ ပင်ပန်းသမျှအမောပြေရပါပြီ ဇော်ဂျီလေးတို့ရေ.”ဆိုပြီး ပရိသတ်တွေပေးပို့တဲ့ Surprise လက်ဆောင်တွေကြောင့် အံ့သြပျော်ရွှင်ဖြစ်ခဲ့ရကြောင်းနဲ့ ကြိုးစားရသမျှအမောပြေသွားခဲ့ရကြောင်း ပြောပြလာခဲ့ပါတယ်။ ကျော်ထက်ဇော်ကတော့ လက်ဆောင်ပစ္စည်းတွေအားလုံးကို တန်ဖိုးထားရင်း အသိအမှတ်ပြုတဲ့အနေနဲ့ အမှတ်တရသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားခဲ့ပြီး အမြတ်တနိုးသိမ်းထားမှာပါတဲ့။CeleGabar ပရိသတ်ကြီးရေ ကျော်ထက်ဇော်ရဲ့ ပရိသတ်တွေကတော့ ကျော်ထက်ဇော်ကို တော်တော်လေးချစ်တာပဲနော်။ Chilli – CeleGabar Source – Kyaw …
Read More »အကုန်လုံးနဲ့တစ်ယောက်မလဲနိုင်လို့ ချစ်သူမထားသေးတာပါဆိုတဲ့ ကျော်ထက်ဇော်
MRTV-4 မင်းသားတစ်လက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ကျော်ထက်ဇော်ကတော့ ဒီနေ့မှာ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ခံယူချက်တချို့ကိုပြောပြလာခဲ့ပါတယ်။ သူ့ကိုအားပေးတဲ့ ပရိသတ်တွေထဲမှာ ချစ်သူနဲ့တွဲမြင်ချင်တဲ့ပရိသတ်ကတော့ (၁၀) ရာခိုင်နှုန်းလောက်သာရှိပြီး သူကိုယ်တိုင်လည်း အကုန်လုံးနဲ့တစ်ယောက်မလဲနိုင်တဲ့အကြောင်းကို အခုလိုပြောပြခဲ့ပါတယ်။ “ပရိသတ်တွေက ကျွန်တော်ကိုအရမ်းချစ်ကြတယ်..တူလေးလိုပဲဖြစ်ဖြစ်၊ သားလေးလိုပဲ ဖြစ်ဖြစ်၊ အစ်ကိုလိုပဲဖြစ်ဖြစ်၊ မောင်လိုပဲဖြစ်ဖြစ် ချစ်ကြတယ်လေ… ကိုယ့်ရဲ့မိဘလို၊ မောင်နှမလို သူတို့က ကျွန်တော်တစ်ခြားသူစီပါသွားမှာ အရမ်းကိုသဝန်တိုကြတယ်.. ဒါကလည်းလေး တခြားစိတ်မဟုတ်ပါဘူး.. သူတို့မှာ ကျွန်တော်နဲ့ပတ်သက်ပြီး မေတ္တာတွေနဲ့ချစ်တဲ့စိတ်ပေါ့နော်.. ကျွန်တော်အနေနဲ့ဆိုရင် ကျွန်တော်အမြဲဖြေဖူးသလိုပေါ့.. သူတို့ရဲ့မေတ္တာတရားက အရမ်းကြီးမားတယ်.. ကျွန်တော်ချစ်လိုက်ရင်တစ်ယောက်ပဲရမယ်.. ကျွန်တော်ကိုချစ်ရင် အများကြီးရမယ်…ကျွန်တော်မှာ သူတို့တွေအများကြီးရှိနေတဲ့အတွက် သူတို့တွေအယောက်ပေါင်းများစွာ..လူပေါင်းများစွာ… စိတ်ပေါင်းများစွာ..နေရာပေါင်းများစွာက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့စိတ်တွေအများကြီးရှိနေတဲ့အတွက် ကျွန်တော် ဒီတစ်ယောက်ကိုမရွေးချယ်ချင်ဘူး… ဘာလို့ဆို ကျွန်တော့်မှာ သူတို့ရဲ့အချစ်တွေ အများကြီးပြည့်နေတဲ့အတွက်..ကျွန်တော် အားလုံးနဲ့တစ်ယောက်ကို …
Read More »