ကျော်ဟိန်းကတော့ သေဆုံးသွားတဲ့တိုင်အောင် လူတွေရဲ့ရင်ထဲမှာ ပြောစမှတ်တွင် ကျန်နေရစ်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကမှာလည်း ချီးကျူးစကားများစွာနဲ့ ရင်ထဲစွဲထင်စေကျန်သူ တစ်ယောက်လည်းဖြစ်တာပါ။ ဒါရိုက်တာထူးပိုင်ဇော်ဦးကတော့ ပရိသတ်အားပေးမှုရထားတဲ့ လူငယ်ဒါရိုက်တာတစ်ယောက်ပါ။ သူကတော့ ကျော်ဟိန်းနဲ့ပတ်သက်ပြီး ရင်ထဲမှာမှတ်မှတ်ထင်ထင်ဖြစ်နေတဲ့ဇာတ်ကားတွေကို ပရိသတ်တွေကို မျှဝေလာခဲ့တာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကျွန်တော် မှတ်မှတ်ထင်ထင် အဖြစ်ရဆုံး ဦးကျော်ဟိန်း ဇာတ်ကား (၄၀) အပိုင်း (၁) ဦးကျော်ကို ဘယ်လောက် ကြိုက်နှစ်သက်ပြီး သူ့ ဇာတ်ကားတွေကို ဘယ်လောက် အားပေးလဲ ဆိုရင် ဒီ အကြောင်းအရာလေးရေးမယ်ဆ်ုပြီး စဉ်းစားလိုက်တာနဲ့ ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင် ၊ ဗီဒီယို တွေ ခေါင်းထဲ အစီအရီ ပေါ်လာပါတယ်။တချို့ ဇာတ်ကားတွေ ဆို ၅ နှစ်သားလောက်က …
Read More »Tag Archives: ကျော်ဟိန်း
ဒီနေ့မှာ (၁၃) နှစ်ပြည့်တဲ့တူတော်မောင်နဲ့များ ချိန်းထားသလားလို့ ဝမ်းနည်းဖွယ်ဆိုလာတဲ့ ရန်အောင်
ပရိသတ်ကြီးရေ ဒီနေ့မနက်(၉)နာရီ (၂၇)မိနစ်မှာတော့ ရုပ်ရှင်လောကရဲ့ဒိတ်ဒိတ်ကြဲကြယ်တစ်ပွင့်ဖြစ်ခဲ့ဖူးပြီး လက်ရှိသြစတေးလျနိုင်ငံမှာ သီတင်းသုံးနေတဲ့ ဦးဇင်းကိတ္ထိသာရကတော့ သက်တော်(၇၃) နှစ်မှာပဲ ပျံလွန်တော်မူသွားခဲ့ပြီဖြစ်ပါတယ်။ ဦးဇင်းကျော်ဟိန်းရဲ့ စိတ်မကောင်းစရာသတင်းအတွက် ရုပ်ရှင်လောကတစ်ခုလုံးစိတ်မကောင်းဖြစ်ခဲ့ရပြီး အကယ်ဒမီများရှင်ရန်အောင်ကလည်း သူ့ရင်ထဲကခံစားချက်တချို့ကို မျှဝေခဲ့ပါတယ်။ “ရုပ်ရှင်လောကရဲ့မြင်းမိုရ်တောင်ကြီး ပြိုပါပကောလားဗျာ…. ရှိနေစေချင်သေးတယ်.. တွေ့ဆုံချင်နေသေးတယ်.. စကားတွေပြောချင်နေသေးတယ်..တရားတွေနာချင်နေသေးတယ်… ရုပ်ရှင်မှာ မြင်ဆရာ သင်ဆရာဖြစ်သလို အားကျ အတုယူ စံထားရတဲ့သူ အပြီးအပိုင် ထွက်သွားပြီတဲ့လား… ဒီတခါ တကယ် အပြတ်ဖြတ်သွားပြီပေါ့… ပူဆွေးလွန်းရပါတယ်… နှမြောတသချင်းလွန်စွာဖြစ်ရပါတယ်.. ဒီနေ့မှာ (၁၃) နှစ်ပြည့်တဲ့ တူတော်မောင်နဲ့ ချိန်းများထားသလားထင်ရအောင် တိုက်ဆိုင်နေတာကလည်း ဘယ်တော့မှ မေ့မရတော့ပါဘူးဘယ်တော့မှ မမေ့ တော့ပါဘူး.. ဦးဇင်းကြီး(ဦးကျော်ဟိန်း)…. နောက်ခန္ဓာအသစ်မှာပြည့်စုံ စွာဖြင့်နိဗ္ဗာန်မဂ်ဖိုလ် ကိုငြိမ်းချမ်းစွာရောက်တဲ့ အကျင့်ထူး အသိထူး …
Read More »ပရိသတ်ရဲ့အချစ်တော်မင်းသားကြီး ဦးကျော်ဟိန်း ဒီနေ့မှာပဲဆုံးပါးသွား
တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားတဲ့မင်းသားတစ်လက်အနေနဲ့ ရပ်တည်ခဲ့တဲ့ မင်းသားကြီးကျော်ဟိန်းကတော့ ဒီနေ့မနက် (၉)နာရီ (၂၇) မိနစ်မှာပဲ ဆုံးပါးသွားပြီဖြစ်ပါတယ်။ ဦးကျော်ဟိန်းကတော့ အနုပညာလောကကနေ အနားယူခဲ့ကာ သြစတေးလျနိုင်ငံ ကင်မ်ဘာရာ မြို့မှာ ဦးကိတ္ထိသာရ ဘွဲ့နဲ့ သီတင်းသုံးလျက်ရှိပြီး ဒီနေ့မှာတော့ ပျံလွန်တော်မူခဲ့ပြီဖြစ်ပါတယ်။ ထူးခြားတိုက်ဆိုင်စွာပဲ ဒီနေ့ကတော့ တူဖြစ်သူ ဒွေးဆုံးတဲ့ (၁၃) နှစ်ပြည့်လေးပဲ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်လောကမှာ သဘာဝမင်းသားတွေအနေနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ တူဝရီးနှစ်ယောက်စလုံး တနေ့တည်းမှာ ကွယ်လွန်ခဲ့တာကတော့ တကယ်ကို တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ရပ်ပါပဲ ပရိသတ်ကြီးရေ…. သက်တော်(၇၃) နှစ်မှာပဲ ဦးကိတ္ထိသာရ တစ်ဖြစ်လဲ မင်းသားကြီးဦးကျော်ဟိန်းကတော့ ပျံလွန်တော်မူသွားပြီ ဖြစ်တဲ့အကြောင်း ဆယ်လီကမ္ဘာပရိသတ်ကြီးကို စိတ်မကောင်းစွာနဲ့ မျှဝေလိုက်ပါတယ်နော်။ Rainbow- Cele Gabar
Read More »