Tag Archives: ခင်ခင်ခ

ဦးဇင်းနောက်ဆုံးရေးသွားတဲ့ စာအုပ်နှစ်အုပ်ကို မြန်မာပြည်က ပရိသတ်တွေလက်ထဲ ထည့်ပေးသွားမယ်ဆိုတဲ့ သမီးဖြစ်သူ ခင်ခင်ခ

တချိန်တုန်းက မြန်မာနိုင်ငံမှာ သျှမ်းသျှမ်းတောက်အောင်မြင်မှုတွေနဲ့ သိမ်းပိုက်ခဲ့တဲ့ သဘာမင်းသားကြီးဦးကျော်ဟိန်းကတော့ လွန်ခဲ့တဲ့ရက်ပိုင်းက ဦးဇင်းကိတ္ထိသာရအနေနဲ့ ပျံလွန်တော်မူခဲ့ပြီ ဖြစ်ပါတယ်။ ဦးဇင်းမရှိတော့ခြင်းက မိသားစုဝင်တွေအတွက်သာမက ပရိသတ်တွေအတွက်ပါ တသသဖြစ်စေခဲ့သလို ဦးဇင်း မင်းသားဘဝက အနုပညာလက်ရာတွေကိုလည်း လူမှုကွန်ရက်မှာ မျှဝေရင်း ဖြေမဆည်နိုင်ဖြစ်ခဲ့ကြပါတယ်။ ဒီနေ့မှာတော့ ဦးဇင်းကိတ္ထိသာရ ရဲ့သမီးဖြစ်သူ ခင်ခင်ခကနေပြီးတော့ မြန်မာပြည်က ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခုကို မျှဝေခဲ့ပါတယ်။ ” အားလုံး အားလုံး အဖေ ဦးဇင်းအတွက် ဝိုင်းပြီး ဆုတောင်း သာဓုခေါ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီစာရေးတာတော်တော်တော့ နောက်ကျနေတယ်။ ဘယ်လိုမှပြောပြလို့ မရတဲ့ ခံစားမှုတွေ ရင်ထဲ ခေါင်းထဲ ပြည့်လွန်းလို့ လျှံထွက်နေတယ်။ လောကရဲ့ အမှန်တရားအစစ်တွေကို ခုမှ လက်တွေ့ ခံစားဖူးတာပါ။ …

Read More »
x