ဂျူးဂျူးကေကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ် သရုပ်ဆောင် မင်းသမီးချောလေး တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဂျူးဂျူးကေက အနုပညာလှုပ်ရှားမှုတွေကို ခပ်ကျဲကျဲသာလုပ်ကိုင်နေခဲ့ပြီး ကုသိုလ်ရေးတွေကို ပိုမိုအချိန်ပေးလုပ်ကိုင်နေခဲ့ပါသေးတယ်။ ကုသိုလ်ရေးတွေကို ကိုယ်တိုင်ကိုယ်ကျလုပ်ဆောင်နေခဲ့ပြီး လတ်တလောမှာလည်း အပတ်စဉ်ဆွမ်းလောင်းလှူတဲ့ အလှူလေးကိုလည်း ပြုလုပ်နေခဲ့ပါသေးတယ်။ […]

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ဂျူးဂျူးကေကတော့ လတ်တလောမှာ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကုသိုလ်ထူးတစ်ခုကို လှူဒါန်းပြုလုပ်ခွင့်ရတဲ့ အကြောင်းကို မျှဝေဖော်ပြလာခဲ့ပါတယ်။ အဲ့ဒါကတော့ မန္တလေးမြို့ရဲ့ အထက်ကရဘုရားကြီးဖြစ်တဲ့ မဟာမြတ်မုနိဘုရားကြီးကို ညရုံတော်သင်္ကန်းကပ်လှူခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ မနေ့က ဇွန်လ (၂၅)ရက်နေ့ကစပြီး (၂၀၂၀)ခုနှစ်အတွက် (၁)လကို […]