လွန်ခဲ့တဲ့ရက်ပိုင်းက တက္ကသိုလ်ဂွမ်းပုံရဲ့မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ပရိသတ်တွေ ရယ်မောပျော်ရွှင်ဖို့ ကိုယ်တတ်ကျွမ်းတဲ့ဟာသပညာနဲ့ အမြဲဖျော်ဖြေပေးနေသူဂွမ်းပုံအတွက် ဒီကာလတွေကတော့ မရယ်နိုင်တဲ့ကာလတွေ ဖြစ်နေမှာအမှန်ပါပဲ။ သူကတော့ မိခင်အတွက်ရည်စူးပြီး ရန်ကုန်မှာလည်း အလှူအတန်းတွေလုပ်ပေးခဲ့တဲ့အပြင် မိခင်ဖြစ်သူရဲ့မွေးရပ်မြေရွာလေးမှာပါ တခုခုလုပ်ပေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ မိခင်ဖြစ်သူရဲ့ တစ်လပြည့်အမှီ ရွာဦးကျောင်းစေတီမှာ ရင်ပြင်ခင်းဖို့ လှူဒါန်းပေးခဲ့ပြီး ဒီနေ့မှာတော့ ပြီးစီးသွားပြီဖြစ်တဲ့ ရင်ပြင်တော်အလှူလေးကို မျှဝေပေးခဲ့ပါတယ်။ လာမယ့် ဇွန်လ(၂၄) ရက်နေ့မှာတော့ မိခင်ရဲ့မွေးရပ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ပုန်းညက်ရွာလေးမှာ တစ်လပြည့်ဆွမ်းကျွေးဖို့နဲ့ ရင်ပြင်တော်အလှူလေးအတွက် တက္ကသိုလ်ဂွမ်းပုံကတော့ ရောက်ရှိနေပြီဖြစ်ပါတယ်။ တက္ကသိုလ်ဂွမ်းပုံကတော့ မိခင်ဖြစ်သူအတွက် ကောင်းမှုကုသိုလ်တွေလုပ်ပေးရင်း အကောင်းဆုံးနလန်ပြန်ထူနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုရမှာပါ။ မေမေ့အတွက် ကုသိုလ်ကောင်းမှုတွေလုပ်ပေးရင်း သေသောသူကြာရင်မေ့ ဆိုသလို မိခင်ကိုသတိရစိတ်တွေ မြန်မြန်မေ့ဖျောက်နိုင်ပါစေလို့ …
Read More »Tag Archives: ဆယ်လီကမ္ဘာ
ကွယ်လွန်သူမင်းသွေးကို ရည်စူးပြီး မိသားစုမှရခိုင်စစ်ရှောင်ပြည်သူတွေကို လှူဒါန်း
ပရိသတ်အချစ်တော်သရုပ်ဆောင်မင်းသွေးကတော့ ကွယ်လွန်သွားတာတစ်နှစ်ကျော်ခဲ့ပါပြီ။ မိသားစုကတော့ သတိတရနဲ့ကောင်းမှုကုသိုလ်တွေရည်စူးပြီးလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။ဒီနေ့သူ့ရဲ့မွေးနေ့မှာ မင်းသွေးအတွက်ရည်စူးပြီးလုပ်ပေးခဲ့တဲ့ အလှူတစ်ခုကိုတော့ အစ်ကိုအရင်းဖြစ်သူ နေတိုးကသူ့ရဲ့ဖေ့ဘွတ်ကနေပြန်လည်မျှဝေခဲ့ပါတယ်။ အဲ့ဒီအကြောင်းကိုတော့ နေတိုးရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့ ကွယ်လွန်သူ – သရုပ်ဆောင်- မင်းသွေး (ခ) နေမင်းအောင် ခေါ် ညီလေးငယ်အားရည်စူး၍ဆွမ်းဆက်ကပ် ပြီးတော့ ရခိုင်စစ်ရှောင်ပြည်သူများအတွက် တည်အိမ်(၁၅)လုံးကို အလိုတော်ပြည့်ဆရာတော်ကြီးအား ဦးထိပ်ထားလျက် ရန်ကုန်မြို့ အလိုတော်ပြည့်ကျောင်းတိုက်သို့လှူဒါန်းခဲ့ပါတယ်။ ပရိသတ်များအားလုံးကုသိုလ်အမျှရကြပါစေခင်ဗျာ” ဆိုပြီးတော့ ပုံများနဲ့တကွ ပြန်လည်မျှဝေခဲ့တာပါ။ မင်းသွေးကတော့ဆုံးပါးသွားခဲ့ပြီဖြစ်ပေမဲ့ ကျန်ရှိခဲ့တဲ့ သူ့ရဲ့အနုပညာဖန်တီးမှုတွေနဲ့အတူ ပရိသတ်တွေကသတိရနေဆဲလည်း ဖြစ်ပါတယ်။ ကောင်းရာဘုံဘဝမှာပျော်ရွှင်နေနိုင်ပါစေ မင်းသွေးရေ…. Souce : NayToe
Read More »မိသားစုပိုင် အခမဲ့မျက်စိဆေးရုံကြီးမှာ ဓာတ်လှေကားပါ ထပ်မံလှူဒါန်းပေးခဲ့တဲ့ စည်ဖြိုးတို့မိသားစု
အလှူရေစက်လက်နဲ့မကွာဆိုသလို နေ့တိုင်းနီးပါး အလှူမလုပ်တဲ့ရက်မရှိလောက်အောင် ကုသိုလ်ပြုနေသူတွေကတော့ စည်ဖြိုးတို့မိသားစုလေးပါ။ မေတ္တာဓာတ်ကြီးမားလွန်းတဲ့မိခင်ဒေါ်သီသီဝင်းနဲ့အတူ နောက်ကနေ ကူညီအားဖြည့်ပေးတတ်လွန်းတဲ့မိသားစုဝင်တွေကြောင့်လည်း စည်ဖြိုးတို့မိသားစုလေးကတော့ အလှူအတန်းရက်ရောတဲ့မိသားစုလေးအဖြစ် ပရိသတ်တွေလေးစားချစ်ခင်နေကြရတာ ဖြစ်ပါတယ်။ မနေ့ကတော့ ကျိုက်မရောဆရာတော်ဘုရားကြီးရဲ့ကျောင်းမှာ နဂါးရုပ်ထုအလှူအပြင် ဝတ္ထုငွေတွေပါ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဘုန်ကြီးကျောင်းဝင်းထဲက လူအချို့ကိုပါ တတ်နိုင်သလောက် ငွေကြေးလှူဒါန်းမှုပြုလုပ်ခဲ့ပါသေးတယ်။ သူတို့မိသားစုလေးကတော့ ပုသိမ်မြို့တိုက်ကြီးကျောင်းစာသင်တိုက်မှာလည်း ET Foundation မျက်စိအခမဲ့ခွဲစိတ်ကုသဆေးရုံတည်ထောင်ထားပြီး မျက်စိဝေဒနာရှင်ပေါင်းများစွာကို အလင်းပေးနေတဲ့အပြင် ဒီနေ့မှာတော့ မျက်စိဆေးရုံမှာ လာရောက်ကုသနေတဲ့လူနာတွေ အဆင်ပြေစေဖို့အတွက် ဓာတ်လှေကားတစ်ခုကိုပါ ဆောက်လုပ်လှူဒါန်းပေးခဲ့ပြီဖြစ်ကြောင်း ကြည်နူးဖွယ်ရာအလှူလေးကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ.. နေ့စဉ်ရက်ဆက် အလှူကြီးအတန်းကြီးပေးနေတဲ့ စည်ဖြိုးတို့မိသားစုလေးကတော့ တကယ်ကို ကိုယ့်မှာရှိတာ သူများကို မျှဝေတတ်တဲ့ မေတ္တာဓာတ်ကြီးမားတဲ့ မိသားစုလေးပါပဲ ပရိသတ်ကြီးရေ… လောကအတွက် အကျိုးများစေမယ့် အလှူတွေလုပ်ရင်း …
Read More »အဖေနှင့်ခင်ပွန်းဖြစ်သူတို့ကို ဂုဏ်ပြုလိုက်တဲ့ အိန္ဒြာကျော်ဇင်
အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်လျှမ်းလျှမ်းတောက်အောင်မြင်နေသလို သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူပါ။ အခုဆိုရင် သားသားမီးမီးတွေရဲ့မိခင်တစ်ယောက်အဖြစ်လည်းတာဝန်ကျေသလို အပျိုရှုံးအောင်လှတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အများကအားကျတဲ့ဘဝကိုလည်းပိုင်ဆိုင်ထားသူပါ။ အိန္ဒြာကျော်ဇင်ကတော့ ဒီနေ့လိုအဖေများနေ့မှာ ဖခင်ဖြစ်သူကို သတိတရနဲ့ဂုဏ်ပြုခဲ့ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာတော့ “ကျွန်မ၏ တန်ဖိုးမဖြတ်နိုင်သော ဖေဖေ နှင့် ကျွန်မ၏ တန်ဖိုးရှိသော ခင်ပွန်း တို့အတွက် ဂုဏ်ပြုပါသည်…အဖေရှိသောသူတိုင်းကို အားကျပါ၏… “Happy Father’s Day”အဖေများအားလုံးကို လေးစားလျှက်…..” ဆိုပြီးတော့ ဓာတ်ပုံနှင့်တကွရေးသားဂုဏ်ပြုခဲ့တာပါ။ ဒါ့အပြင်သားသားမီးမီးတို့ရဲ့ဖခင်ဖြစ်တဲ့ ခင်ပွန်းကိုလည်း မေ့မထားဘဲနဲ့ဂုဏ်ပြုခဲ့ပါသေးတယ်နော်။ ဖခင်ဖြစ်သူကိုသာမက ခင်ပွန်းကိုပါဂုဏ်ပြုခဲ့တဲ့ အိန္ဒြာကျော်ဇင်ရဲ့ဂုဏ်ပြုစကားတွေကတော့ အခြားသူတွေကိုလည်း ကြည်နူးမှုကူးစက်စေမှာအမှန်ပါပဲနော်… Source : EaindraKyawZin
Read More »Happy Birthday လို့ပြောချင်ပေမယ့် မကြားနိုင်တော့တဲ့သူတစ်ယောက်လို့ ဝမ်းနည်းဖွယ်ဆိုလာတဲ့ သားညီ
ရခိုင်တိုင်းရင်းသားလေးတစ်ယောက်ဖြစ်တဲ့မင်းသွေးတစ်ယောက် လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ် အောက်တိုဘာလမှာ ဆုံးပါးသွားခဲ့တာကိုတော့ ပရိသတ်တွေလည်း မှတ်မှတ်ထင်ထင်ဖြစ်ခဲ့ကြမှာပါ။ အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်လှမ်းနေသူတစ်ယောက်ဖြစ်တဲ့အပြင် စိတ်ထားကောင်းသူတစ်ယောက်မို့ ပရိသတ်တွေသာမက ရုပ်ရှင်အသိုင်းအဝိုင်းက လူတွေပါ မင်းသွေရဲ့သေဆုံးမှုကို ယူကြုံးမရဖြစ်ခဲ့ရတယ်လို့ ဆိုရမှာပါ။ အဲ့ဒီထဲမှာတော့ မင်းသွေးနဲ့အမြဲအနီးကပ်ရှိနေခဲ့တဲ့ သားညီကတော့ မင်းသွေးနဲ့အမှတ်တရတွေကို အခုချိန်ထိလည်း မေ့ဖျောက်လို့ မရသေးတဲ့သူတစ်ယောက်ပါ။ ဒီနေ့ကတော့ မင်းသွေးရဲ့မွေးနေ့လေးဖြစ်ပြီး သားညီကတော့ လွန်ခဲ့တဲ့ လေးနှစ်က မွေးနေ့ဆုတောင်းလေးနဲ့အတူ “Happy Birthday ပြောချင်ပေမယ့် အခုတော့ ခင်ဗျား မကြားနိုင်တော့ဘူးဦးလေးရေ” ဆိုပြီး စိတ်မကောင်းစွာ ပြန်လည်မျှဝေခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ ရုပ်ရှင်အသိုင်းအဝိုင်းမှာ အစ်ကိုရှိတာခြင်းလည်းတူတဲ့အပြင် အစ်ကိုနှစ်ယောက်စလုံးကလည်း အောင်မြင်မှုတွေသိမ်းပိုက်ထားသူတွေမို့ ရှားရှားပါးပါးတူတဲ့သူတွေလို့ ဆိုရမှာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပေါင်းမိခဲ့ကြပြီး သူစိတ်ဓာတ်ကျနေတဲ့အချိန်တိုင်း အကြီးတစ်ယောက်လို စိတ်ခွန်အားပေးတဲ့ မင်းသွေးကတော့ …
Read More »ဒီနေ့မှာ ဇီဝိတဒါန ငါးလွှတ်ကုသိုလ်ယူခဲ့တဲ့ ခန့်စည်သူ
ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသားချော ခန့်စည်သူကတော့ ဒီနေ့ ဇွန်လ (၂၁)ရက်နေ့မှာ ဇီဝိတဒါနကုသိုလ်လေးတစ်ခုက်ု ထပ်မံပြုလုပ်ခဲ့ပြန်ပါတယ်။ ခန့်စည်သူက အလှူအတန်းတွေကို အလှူရေစက်လက်နဲ့မကွာဆိုသလို လှူဒါန်းနေခဲ့တဲ့ သူတစ်ယောက်ဖြစ်ပြီး အမြဲတမ်းလိုလို သူ့ရဲ့ကောင်းမှုတွေကို ပရိသတ်တွေသာဓုခေါ်ဆိုလို့ရအောင်မျှဝေပေးလေ့ရှိပါတယ်။ ဒီနေ့ဇွန်လ (၂၁)ရက်နေ့မှာလည်း ဇီဝိတဒါန ငားလွှတ်အလှူလေးပြုလုပ်ခဲ့တာကို ပရိသတ်တွေသာဓုခေါ်ဆိုလို့ရအောင် အခုလိုပဲ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားပါသေးတယ်။ “ယနေ့ ကုသိုလ် (၂၁-၆-၂၀၂၀) အရပ်(၁၀)မျက်နှာနေ အားလုံးသောသတ္တဝါတွေ ဘေးရန်ကင်းကြပါစေ။ စိတ်ဆင်းရဲကင်းကြပါစေ။ ကိုယ်ဆင်းရဲကင်းကြပါစေ။ ကျန်းမာ ချမ်းသာစွာဖြင့် မိမိတို့ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ။ သာဓု သာဓု သာဓု”လို့ မေတ္တာလေးလည်း ပို့ထားပါသေးတယ်။ ပရိသတ်တွေကတော့ ခန့်စည်သူရဲ့ မွန်မြတ်ဖြူစင်လှတဲ့ စိတ်ထားလေးကို ချီးကျူးနေခဲ့ကြပြီး ဒီနေ့ပြုလုပ်တဲ့ ဇီဝိတဒါနအလှူလေးအတွက်ကို …
Read More »