Tag Archives: ထူးပိုင်ဇော်ဦး

ကိုဗစ်ကြောင့်ဆုံးပါးသွားတဲ့ဖခင်ဖြစ်သူအတွက်ရည်စူးကာ လှူဒါန်းမှုများစွာပြုလုပ်ခဲ့တဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦး

လူငယ်ဒါရိုက်တာတွေထဲမှာ ပရိသတ်အားပေးအသိအမှတ်ပြုမှုများစွာရရှိထားသူတွေထဲမှာတော့ ဒါရိုက်တာထူးပိုင်ဇော်ဦးလည်း အပါအဝင်ပါ။ သူကတော့ ည နဲ့ သူစိမ်းအိမ် စတဲ့ဇာတ်ကားကြီးတွေရိုက်ကူးထားပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့သူပါ။ ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ဖခင်ဖြစ်သူကတော့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရတာကြောင့် ဆုံးပါးသွားခဲ့ရတာပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူဆုံးပါးသွားခဲ့တဲ့တစ်လပြည့်နေ့မှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး COVID-19 ကုသရေးလုပ်ငန်းတွေအတွက် အလှူငွေ (၅) သိန်း နဲ့ ဒလမြို့ အလယ်ကျောင်းပရိယတ္တိစာသင်တိုက်မှာ ဆွမ်းပဒေသာပင်အတွက် အလှူငွေ (၅) သိန်း ၊ သံဃာတော်တွေအတွက် ဆွမ်း၊ သင်္ကန်း နဲ့ လှူဖွယ်ပစ္စည်းတွေကိုလည်း ဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ ဒါရိုက်တာကြီးဟာ ထွက်ရှိခဲ့တဲ့ဇာတ်ကား(၂)ခုအနက် သူစိမ်းအိမ် ဇာတ်ကားဟာလည်း Asian Academy Creative Awards မှာ Region Winner အဖြစ် ဒါရိုက်တာဆုကိုလည်း ရရှိသလို …

Read More »

မှတ်မှတ်ရရစွဲကျန်နေတဲ့ ကျော်ဟိန်းရဲ့ဇာတ်ကားတွေကို ပြောပြလာတဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦး

ကျော်ဟိန်းကတော့ သေဆုံးသွားတဲ့တိုင်အောင် လူတွေရဲ့ရင်ထဲမှာ ပြောစမှတ်တွင် ကျန်နေရစ်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အနုပညာလောကမှာလည်း ချီးကျူးစကားများစွာနဲ့ ရင်ထဲစွဲထင်စေကျန်သူ တစ်ယောက်လည်းဖြစ်တာပါ။ ဒါရိုက်တာထူးပိုင်ဇော်ဦးကတော့ ပရိသတ်အားပေးမှုရထားတဲ့ လူငယ်ဒါရိုက်တာတစ်ယောက်ပါ။ သူကတော့ ကျော်ဟိန်းနဲ့ပတ်သက်ပြီး ရင်ထဲမှာမှတ်မှတ်ထင်ထင်ဖြစ်နေတဲ့ဇာတ်ကားတွေကို ပရိသတ်တွေကို မျှဝေလာခဲ့တာပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကျွန်တော် မှတ်မှတ်ထင်ထင် အဖြစ်ရဆုံး ဦးကျော်ဟိန်း ဇာတ်ကား (၄၀) အပိုင်း (၁) ဦးကျော်ကို ဘယ်လောက် ကြိုက်နှစ်သက်ပြီး သူ့ ဇာတ်ကားတွေကို ဘယ်လောက် အားပေးလဲ ဆိုရင် ဒီ အကြောင်းအရာလေးရေး‌မယ်ဆ်ုပြီး စဉ်းစားလိုက်တာနဲ့ ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင် ၊ ဗီဒီယို တွေ ခေါင်းထဲ အစီအရီ ပေါ်လာပါတယ်။တချို့ ဇာတ်ကားတွေ ဆို ၅ နှစ်သားလောက်က …

Read More »

ဖန်တီးထားတဲ့ဇာတ်ကားလေးကို ရုံတင်ချင်နေပြီဆိုတဲ့အကြောင်းကို ပြောပြလာတဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦး

ဒါရိုက်တာထူးပိုင်ဇော်ဦးကတော့ ပရိသတ်တွေသဘောကျတဲ့ လူငယ်ဒါရိုက်တာတွေထဲကတစ်ယောက်ပါ။ ပွဲဦးထွက်ဇာတ်ကားဖြစ်တဲ့ “ည” ဇာတ်ကားဟာအတော်လေးလူကြိုက်များခဲ့လိသလို ထပ်မံထွက်ရှိထားတဲ့ “သူစိမ်းအိမ်” ဇာတ်ကားကလည်း အားပေးမှုရရှိခဲ့ပါတယ်။ ထပ်မံထွက်ရှိလာမယ့် တတိယမြောက်ဇာတ်ကားကတော့ “လရဲ့အောက်ဘက်မိုင်အဝေးမှာ” ဆိုတဲ့ဇာတ်ကားဖြစ်ပြီး စာရေးဆရာမကြီးဂျူးရဲ့နာမည်ကြီးစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အိန္ဒြာကျော်ဇင်၊ဒေါင်း၊ဝင်းခန့်မိုး နဲ့ ရံထွဋ်တို့ကပါဝင်သရုပ်ဆောင်ထားတာလို့လည်း သိရပါတယ်။ ရိုက်ကူးပြီးစီးထားတဲ့ဒီဇာတ်ကားကို ပရိသတ်တွေကရင်ခုန်နေသလို ဖန်တီးထားတဲ့ဒါရိုက်တာကြီးကိုယ်တိုင်ကလည်း “လရဲ့အောက်ဘက် မိုင်အဝေးမှာ ရုပ်ရှင်ကို အရမ်းရုံတင်ချင်တာပဲ” ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါသေးတယ်။ ပရိသတ်တွေကတော့ ဒီဇာတ်ကားကိုကြည့်ချင်နေပြီဖြစ်ကြောင်း မှတ်ချက်ရေးသားခဲ့ကြပါသေးတယ်။ ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့နောက်ထပ်ရိုက်ကူးမယ့်ဇာတ်ကားကတော့ “Yangon In Love” ဖြစ်ပြီး အချစ်ဟာသဇာတ်ကားလေးဖြစ်တာကြောင့် မတူတဲ့ဖန်တီးချက်တွေရရှိဦးမှာမို့ ရင်ခုန်စရာပါပဲနော်… Source : HtooPaingZawOo

Read More »
x