Tag Archives: နှင်းအိအိဝင်း

မြန်မာအိုင်ဒေါပြိုင်ပွဲအပြီး ပထမဆုံးကိုယ်ပိုင်သီချင်းလေးထွက်ရှိလာတဲ့ နှင်းအိအိဝင်း

မြန်မာအိုင်ဒေါ Season-4 ပြိုင်ပွဲကြီးရဲ့ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ နှင်းအိအိဝင်းကတော့ ကိုယ်ပိုင်အရည်အချင်းအပြည့်နဲ့ ဆန်ခါတင်စာရင်းဝင်ခဲ့သူဖြစ်သလို ငယ်စဉ်ကတည်းက ဂီတခရီးလမ်းပေါ်လျှောက်လှမ်းကာ မိဘကို လုပ်ကျွေးပြုစုခဲ့သူတစ်ယောက်ပါ။ ကိုယ်ပိုင်စတိုင်နဲ့ သီချင်းတွေကို သီဆိုလေ့ရှိသူဖြစ်ပြီး ဒီနေ့မှာတော့ ပြိုင်ပွဲမှာကတည်းက အားပေးခဲ့ကြတဲ့ ပရိသတ်ကြီးအတွက် ကိုယ်ပိုင်သီချင်းသစ်တစ်ပုဒ်ကို ချပြနိုင်ခဲ့ပြီဖြစ်ပါတယ်။ နားထောင်လိုက်ရုံနဲ့ အရမ်းဆွေးသွားစေမယ့် နှင်းအိအိဝင်းရဲ့ ချစ်ခဲ့ပါသော်လည်း သီချင်းလေးကိုတော့ စောင့်မျှော်နေတဲ့ပရိသတ်ကြီးကို အမြန်ဆုံးချပြနိုင်ဖို့အတွက် ကိုဗစ်ကာလမှာ ခက်ခက်ခဲခဲနဲ့ အသံသွင်းခဲ့ရကြောင်း မျှဝေခဲ့ပါတယ်။ ဒါ့အပြင် နှင်းအိအိဝင်းကတော့ အခုလိုပြီးပြည့်စုံတဲ့ သီချင်းတစ်ပုဒ်ဖြစ်လာစေဖို့ Video Call နဲ့ Guide လုပ်ပေးခဲ့တဲ့ တီချယ်ထရေစီကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။ နှင်းအိအိဝင်းရဲ့သီချင်းလေးကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲပြီးလို့ အချိန်ကြာမှ ထွက်ရှိလာခဲ့တာဖြစ်ပေမယ့် စောင့်မျှော်နေသူတွေအတွက် တကယ်ကိုမျှော်ရကျိုးနပ်စေမှာ အမှန်ပါပဲ ပရိသတ်ကြီးရေ.. …

Read More »

မကြာခင်အချိန်မှာ ကိုယ်ပိုင် သီချင်းလေးထွက်ရှိလာတော့မယ့် နှင်းအိအိဝင်း

ပရိသတ်ကြီးရေ နှင်းအိအိဝင်းကတော့ Myanmar Idol Season (4) ပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူတစ်ယောက်ပါ။ မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီးပြီးသွားခဲ့တဲ့ နောက်မှာလည်း နှင်းအိအိဝင်းက အောင်မြင်တဲ့ အဆိုတော် တစ်ယောက်အဖြစ် အနုပညာလောကမှာ ရပ်တည်နိုင်ဖို့ ကြိုးစားနေခဲ့ပါသေးတယ်။ အောင်မြင်တဲ့အဆိုတော်တစ်ယောက် ပရိသတ်အချစ်တော်တစ်ယောက်အဖြစ်ရပ်တည်နိုင်အောင် ကြိုးစားနေတဲ့ နှင်းအိအိဝင်းကတော့ ကိုယ်ပိုင်သီချင်းတွေလည်း ထွက်ရှိနိုင်ဖို့ကို အားသွန်ခွန်စိုက်ကြိုးပမ်းနေခဲ့တာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ ဒီနေ့မှာတော့ နှင်းအိအိဝင်းက ကိုယ်ပိုင်သီချင်းလေးထွက်ရှိလာတော့မယ့်အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အသိပေးလာပါတယ်။ နှင်းအိအိဝင်းရဲ့ ကိုယ်ပိုင်သီချင်းလေးကတော့ မကြာခင်အချိန်မှာ ထွက်ရှိလာတော့မှာဖြစ်ပြီး ပရိသတ်တွေရော အားပေးဖို့အဆင်သင့်ဖြစ်နေကြပြီလား။ CeleGabar ပရိသတ်ကြီးတွေထဲက နှင်းအိအိဝင်းရဲ့ သီချင်းတွေကို မျှော်နေတဲ့ နှင်းအိအိဝင်းရဲ့ ပရိသတ်တွေအတွက် ဒီသတင်းကောင်းလေးကို …

Read More »
x