အဆိုတော်ပိုပိုကတော့ သူချစ်တဲ့ဂီတတွေကိုဖန်တီးရင်းပျော်နေတဲ့သူတစ်ယောက်ပါ။ ကိုယ်ပိုင်ဂီတွေကိုတွေဖန်တီးရေးသားသီဆိုကာ ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှုတွေကို ရရှိထားသူလည်း ဖြစ်ပါတယ်။ ဘဝကို အောက်ခြေကနေပြီတစ်ယောက်တည်းရုန်းကန်ကာ အခုဆိုရင်အောင်မြင်တဲ့အဆိုတော်တစ်ဦးအဖြစ်ရပ်တည်လာနိုင်တဲ့ပိုပိုကတော့ လေးစားအားကျစရာကောင်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပိုပိုကတော့ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေ အတွေးအခေါ်တွေကို ပရိသတ်တွေကို ဖေ့ဘွတ်ခ်ကနေတဆင့်မျှဝေလေ့ရှိသူပါ။ အခုလည်း သူ့ဘဝမှာဂီတကိုချစ်မြတ်နိုးတဲ့အကြောင်းကို ရေးသားဖော်ပြလာပြန်ပါတယ်။ ပိုပိုကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဘဝ ဆိုတာ ပျော်အောင်နေတတ်ဖို့ အရေးကြီးဆုံး မင်းဘေးမှာ ဘယ်သူမှ မရှိနိုင်ဘူး။ မရှိလဲ အေးဆေး Music ရှိတယ်” ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။ ပိုပိုကတော့သူ့ရဲ့ပုံရိပ်တွေကိုလည်းပရိသတ်တွေကိုမျှဝေပေးခဲ့ပြီး တစ်ယောက်တည်းပျော်ရွှင်နေတဲ့ပုံရိပ်တွေ ဖြစ်ပါတယ်။ ပိုပိုကတော့ အမြဲလိုလိုသီချင်းအသစ်တွေဖန်တီးနေသူဖြစ်ပြီး ဘယ်သူမှမရှိလည်း ဂီတနဲ့ပျော်မွေ့နေသူတစ်ယောက်ဆိုတာ ပရိသတ်တွေကိုပြောပြလာခဲ့ပါပြီ။ Source : ဝတ်ရည်မိုး
Read More »Tag Archives: ပိုပို
ဇာတ်ဝင်တေးသီချင်းကို ပထမဆုံးရေးသားဖို့အတွက်စိတ်လှုပ်ရှားနေတဲ့ ပိုပို
ပိုပိုကတော့ ကိုယ်ပိုင်ဟန်နဲ့ရေးသားသီဆိုတဲ့သီချင်းတွေကြောင့် လူကြိုက်များပြီး အောင်မြင်လာခဲ့သူတစ်ယောက်ပါ။ လက်ရှိအချိန်မှာလည်း သီချင်းအသစ်တွေဆက်တိုက်ဖန်တီးထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ ဂီတကိုချစ်မြတ်နိုးပြီး ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းရှိတဲ့ပိုပိုကတော့ ဇာတ်ဝင်တေးသီချင်းကို ရေးသားခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုတော့ “ဘဝမှာ ပထမဆုံး ရေးပေးရမဲ့ ဇာတ်ဝင်သီချင်းဖြစ်မှာပါ ။ဆိုပြီးသားသီချင်း ကိုသုံးမှာမဟုတ်ပဲ။ ဝတ္တု ဇာတ်ကောင် ဖြိုးနေလင်းရဲ့ ခံစားချက်ကို သုံးပြီးရေးရမဲ့ ရုပ်ရှင် ဇာတ်ဝင်တေးဖြစ်ပါတယ်။ တာဝန် ကြီးသလို ခံစားရပါတယ်။ သေချာ ဖတ်ပြီး အကောင်းဆုံးကြိုးစားပေးပါမယ်အကို စေတနာမောင်ရေ မိန်းကလေး တေးရေးကို ယောကျားလေး ဆိုမဲ့ သီချင်းရေးခိုင်းတာကိုက တာဝန်ပိုကြီးတာပါပဲ ။ ကြိုးစားပါ့မယ် ကျေးဇူးပါ။ ရတဲ့ အနုပညာကြေး ကိုလဲ မဟာဝိဟာရ ဘုန်းကြီး ကျောင်း တစ်နေ့လုံးစာအတွက် လှူပါမယ်။ တေးရေးခ …
Read More »သီဆိုထားခဲ့တဲ့သီချင်းတွေနဲ့ပတ်သက်ပြီး FM တွေကမလွှင့်ဖို့ကိုအခြားသူတွေက ပြောဆိုပိုင်ခွင့်မရှိကြောင်း ပြတ်ပြတ်သားသား ပြောလာတဲ့ပိုပို
ပိုပိုကတော့ ပထမဆုံးအယ်လ်ဘမ်ထွက်ရှိချိန်ကတည်းက ပရိသတ်တွေကြားမှာရေပန်းစားကာ စတင်အောင်မြင်လာသူတစ်ယောက်ပါ။ အခုဆိုရင်မြန်မာနိုင်ငံရဲ့နာမည်ကြီးအဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေပြီလည်းဖြစ်သလို သီချင်းကောင်းများစွာကိုလည်း ထွက်ရှိခဲ့ပါတယ်။ ပိုပိုကတော့ သူကိုယ်တိုင်ရေးသားထားတဲ့သီချင်းတွေနဲ့ပတ်သက်ပြီး “ဒီ စာကတော့ FM Radio တွေ ဖြစ်နေတဲ့ ပြသနာအတွက်ပါ။ ပိုပို ရဲ့ ထွက်ထားသမျှ သီချင်းတွေကို ပိုပို ပဲ ပိုင်ပါတယ် ။ အကယ်လို့ အတွဲခွေ တွေထဲက သီချင်းတွေကလဲ ဒဏ် နဲ့ မငိုပါနဲ့ ကလေးလေးရယ် ကလွဲလို့ ကျန်တာက producer က မလွှင့်ဖို့ သူတစ်ယောက်တည်း တားပိုင်ခွင့်မရှိပါ။ တေးရေး တေးဆို ပိုပို ဖြစ်နေလို့ပါ။ အခု FM တွေ က မလွှင့်ဖို့ တားထားတာက ဒုက္ခ …
Read More »မကြာခင်မှာ ရောက်ရှိတော့မယ့် သီတင်းကျွတ်လပြည့်ညအတွက် ပိုပိုရဲ့ သီတင်းကျွတ်ဖူးစာသီချင်းလေး
ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်သီဆိုဟန်တွေနဲ့ ဂီတခရီးလမ်းပေါ်မှာ လျှောက်လှမ်းနေသူ အဆိုတော်ပိုပိုကတော့ ပထမဆုံးတေးစီးရီးအခွေမှာကတည်းက ပရိသတ်အားပေးမှုအခိုင်အမာနဲ့ ရပ်တည်လာနိုင်ခဲ့သူတစ်ယောက်ပါ။ သီချင်းတွေကို ကိုယ်တိုင်ရေးတဲ့အပြင် ရင်ထဲထိရှစေတဲ့ ပိုပိုရဲ့သီချင်းစာသားတွေကတော့ ဘယ်အချိန်နားထောင်နားထောင် မရိုးနိုင်အောင် ဆွဲဆောင်မှုရှိနေတယ်လို့လည်း ဆိုရမှာပါ ပရိသတ်ကြီးရေ… ဒီတစ်ခေါက်မှာလည်း ပိုပိုကတော့ ချစ်ခင်အားပေးနေတဲ့ပရိသတ်ကြီး သီတင်းကျွတ်ကာလကို သူ့ရဲ့သီချင်းလေးနဲ့ ဖြတ်သန်းနိုင်ဖို့အတွက် သူကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ သီချင်းဟောင်းလေးဖြစ်တဲ့ သီတင်းကျွတ်ဖူးစာဆိုတဲ့ သီချင်းလေးကို ပြန်လည်ဆန်းသစ်ထားပြီး သီချင်းဗွီဒီယိုလေး ရိုက်ကူးကာ မျှဝေလာပါတယ်။ သီတင်းကျွတ်လပြည့်ညမှာ ဆုံတွေ့ခဲ့ရတဲ့ကောင်လေးတစ်ယောက်အကြောင်းကို စိတ်ကူးယဉ်ချင်စရာကောင်းလောက်အောင် ရေးစပ်သီဆိုထားသလို သီတင်းကျွတ်ကာလရဲ့ အငွေ့အသက်တွေအများကြီး ပါဝင်တဲ့ သီချင်းဗွီဒီယိုလေးကလည်း ပရိသတ်ကြီးကို သဘောကျစေမှာ အမှန်ပါ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင်တော့ သီတင်းကျွတ်ကာလမှာ ရှိုးပွဲတွေ၊ စင်တာတွေတိုင်းမှာ မီးရောင်စုံတွေ၊ ပျော်ရွှင်စွာ သွားလာလှုပ်ရှားနေတဲ့သူတွေ၊ …
Read More »ပိုပိုမှ ပိုပို ဆိုသူတွေအတွက် သတင်းကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်တဲ့ ပိုပို
မြန်မာနိုင်ငံရဲ့အောင်မြင်ကျော်ကြားတဲ့ အမျိုးသမီးအဆိုတော်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ ပိုပိုကတော့ Stay Home ကာလမှာပျင်းနေကြမယ့် ပရိသတ်ကြီးအတွက် အစီအစဉ်လေးတစ်ခုလုပ်ထားကြောင်း မျှဝေလာပါတယ်။ ပိုပိုမှ ပိုပိုဆိုတဲ့ ကိုကိုတွေ၊ မောင်မောင်တွေ၊ ပိုပိုကိုချစ်တဲ့ ပရိသတ်တွေအားလုံးအတွက် သတင်းကောင်းလေး ဆိုရင်လည်း မမှားပါဘူးနော်။ သီတင်းကျွတ်ကာလကို Stay Home ရင်းအိမ်တွင်းပုန်းနေရမယ့်ပရိသတ်ကြီးအတွက် Po Po VIP Fan Club Group လေးကိုမိတ်ဆက်ပေးခဲ့ပြီး ဘယ်မှမသွားရ ဘာမှမလုပ်ရလို့ စိတ်ဓာတ်ကျနေကြတဲ့ပရိသတ်ကြီး အားလုံးအပြုံးတွေနဲ့ဖြစ်သွားအောင် သီတင်းကျွတ်လပြည့်နေ့ည အောက်တိုဘာ(၃၁) ရက်နေ့မှာ Live Streaming At Home Concert လေးတစ်ခုပြုလုပ်ပေးသွားမှာပါ။ ပိုပိုရဲ့ သီချင်းတွေကို တစ်ဝကြီးနားထောင်ရမယ့် ဒီအစီအစဉ်လေးအတွက် Group ထဲဝင်လိုသူတွေအနေနဲ့ ၀၉၄၂၀၂၄၄၈၂၉ …
Read More »သာသနာ့ဝန်ထမ်း(၁၀၀) အတွက် ကိုယ်တိုင်ချက်ဟင်းတွေနဲ့ ကုသိုလ်ယူခဲ့တဲ့ ပိုပို
ပရိသတ်ရဲ့အချစ်တော် အဆိုတော်ပိုပိုကတော့ ဂီတလောကမှာအောင်မြင်ကျော်ကြားသူတစ်ယောက်ဖြစ်သလို တက်သစ်စအဆိုတော်တွေကိုလည်း လက်တွဲခေါ်ယူလေ့ရှိသူတစ်ယောက်ပါ။ စိတ်ကောင်းစေတနာအပြည့်နဲ့ ဘဝကိုရပ်တည်ဖို့ကြိုးစားနေသလို ဘာသာ၊သာသနာရေး၊ကုသိုလ်ရေးဘက်မှာလည်း အားစိုက်ထုတ်သူတစ်ယောက်မို့ ပရိသတ်တွေလေးစားချစ်ခင်နေရသူပါ။ လတ်တလောကိုဗစ် Stay Home ကာလမှာတော့ ကပ်ဆိုးကြီးကိုကျော်လွှားဖို့ ရိသတ်ကြီးနဲ့အတူတူ အဓိဌာန်တွေပြုလုပ်နေသလို အဆင်ပြေရင်ပြေသလိုလည်း အလှူလေးတွေပြုလုပ်နေပါတယ်။ ဒီနေ့မှာတော့ ကိုယ်တိုင်အပင်ပန်းခံပြီး သာသနာ့ဝန်ထမ်းတွေအတွက် ဆွမ်းကပ်ခဲ့တဲ့အလှူလေးကို ကြည်နူးပီတိနဲ့ မျှဝေလာပါတယ်။ သံဃာတော်၊သီလရှင်နဲ့ ယောဂီအပါး(၁၀၀) စာအတွက် ကြက်သားဟင်း၊ ဝက်သားဟင်း၊ ပြည်ကြီးငါးဟင်း၊ ငါးခြောက်ဖုတ်နဲ့ ချဉ်ပေါင်ကြော်တို့ကို တပည့်မလေးတစ်ယောက်နဲ့အတူ တစ်နေကုန်ချက်ပြုတ်ပြီး လှူဒါန်းပေးခဲ့တဲ့အပြင် အခြားစားသောက်ကုန်တွေကိုပါ လှူဒါန်းပေးခဲ့ပါတယ်။ ဒီအလှူလေးကတော့ ပိုပိုရဲ့ သီချင်း Ringtune ဝယ်ယူအားပေးကြတဲ့ ပရိသတ်တွေကြောင့် ရရှိလာတဲ့အနုပညာကြေးတွေကို ပြန်လည်လှူဒါန်းပေးခဲ့တာဖြစ်ပြီး ပိုပိုကတော့ အလှူတွေလုပ်နေရရင် ပျော်နေတာပဲ ဆိုတဲ့စာသားလေးနဲ့အတူ …
Read More »ကပ်ဆိုးကြီးကိုကျော်လွှားဖို့ Stay Home ကာလမှာ Challenge တစ်ခုလုပ်ဖို့ပြောလာတဲ့ ပိုပို
ပရိသတ်အချစ်တော်ပိုပိုကတော့ ဘာသာတရားရိုသေကိုင်းရှိုင်းသူတစ်ယောက်ဖြစ်သလို ကိုဗစ်ကာလမှာတောင် သံဃာတော်တွေအတွက် တတ်နိုင်သမျှ ဆွမ်းဆက်ကပ်လှူဒါန်းနေသူတစ်ယောက်ပါ။ ဒုတိယလှိုင်းပြန်လည်စတင်ချိန်မှာတော့ ဒီနေ့ကစပြီး Stay Home နေကြဖို့ အစိုးရက တရားဝင်အမိန့်ထုတ်ပြန်ခဲ့ပြီး ပိုပိုကတော့ အခုလို Stay Home ကာလမှာ ကပ်ဆိုးကြီးကို ဗုဒ္ဓတရားတော်တွေနဲ့ တွန်းလှန်ဖို့ မိတ်ဆွေတွေကို Challenge လုပ်ခဲ့ပါတယ်။ ပိုပိုရဲ့ သူရဲ့challenge လေးကိုလုပ်ဖို့ အဆင့်(၇) ဆင့်နဲ့ ဖော်ပြခဲ့ပါတယ်။ “(၁)ဘုရား သောက်တော်ရေ ကပ် (၂)ငါးပါးသီလ ဆောက်တည် (၃)ရတနသုတ် ရွတ်ဖတ်ပါ (၄) ပဋ္ဌာန်းရွတ်ပါ… (၅) မေတ္တာပို့ပါ ကိုယ်ဘေးက လူကနေ၃၁ ဘုံလုံးကိုမေတ္တာပို့ပါ (၆) ဂုဏ်တော်ပွားပါ (၇) တရား (၁၅) မိနစ် …
Read More »ရင်ဘတ်ချင်းတူတဲ့သူပဲလိုတော့တယ်ဆိုတဲ့ အဆိုတော်ပိုပို
အဆိုတော်မလေးပိုပိုကတော့ ချစ်စရာကောင်းသလို စိတ်သဘောထားကောင်းမွန်တဲ့သူလေးတစ်ယောက်ပါ။ ဘာသာရားကိုင်းရှိုင်းတဲ့ပိုပိုက အခုရက်ပိုင်းမှာ ချို့တဲ့စွာပညာသင်ကြားခဲ့ရတဲ့ (၄)ဘာသာဂုဏ်ထူးရှင်လေးကိုသွားရောက် လှူဒါန်းခဲ့ပါသေးတယ်။ ပိုပိုကတော့ အချစ်သီချင်း၊အဆွေးသီချင်းတွေကိုလည်းဖန်တီးပြီး ပရိသတ်တွေကို အကြိုက်တွေ့စေတဲ့သူတစ်ယောက်ပါ။ ကိုယ်ဒူးကိုယ်ချွန်ကြိုးစားလာတဲ့ပိုပိုကတော့ သီချင်းအသစ်တွေကိုလည်း ဆက်လက်ဖန်တီးနေသူဖြစ်ပြီး မကြာသေးခင်ကလည်း “အရိပ်ကလေးလို” ဆိုတဲ့အချစ်သီချင်းလေးကို ထွက်ရှိထားတာပါ။ အခုဆိုရင်တော့ သူ့ရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေနဲ့အတူ ” ကောင်းကင် တစ်ခုရဲ့အောက်မှာ ရင်ဘတ်ချင်းတူမဲ့ သူပဲ လိုတော့တယ်” ဆိုပြီးတော့ ရေးသားကာ ဖေ့ဘွတ်ခ်မှာမျှဝေထားပါတယ်။ တစ်ကိုယ်တည်းဘဝနဲ့ပျော်ရွှင်နေတဲ့ ပိုပိုတစ်ယောက်ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပဟေဠိတွေဖြစ်စေသူတစ်ယောက်ပါ။ အခုလည်း ရင်ဘတ်ချင်းတူမဲ့သူလိုတဲ့အကြောင်းဆိုထားပါတယ်။ ပရိသတ်ကြီးရေ အချစ်သီချင်းတွေဖန်တီးနေတဲ့ပိုပိုရဲ့အချစ်ရေးကတော့စိတ်ဝင်စားစရာပါပဲနော်… Source : ပိုပို
Read More »ချို့တဲ့စွာပညာသင်ခဲ့ရတဲ့ လေးဘာသာဂုဏ်ထူးရှင်လေးကို သွားရောက်လှူဒါန်းခဲ့တဲ့ ပိုပို
အသံချိုချိုလေးနဲ့ အချစ်သီချင်းတွေသီဆိုလေ့ရှိတဲ့ပိုပိုကတော့ ပရိသတ်အချစ်တွေကိုလည်း ရရှိထားသူတစ်ယောက်ပါ။ အနုပညာလောကမှာအောင်မြင်မှုတွေရရှိနေသလို ဘာသာရေးကိုင်းရှိုင်းတဲ့စိတ်ဓာတ်လေးကတော့ ချစ်စရာကောင်းပါတယ်။ အခုလည်း အလှူအတန်းလက်မနှေးတဲ့ ပိုပိုရဲ့ချစ်စရာစိတ်ဓာတ်လေးကို ထပ်မံတွေ့လိုက်ရပြန်ပါပြီ။ ပိုပိုကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “အဖေမရှိပေမယ့် မိခင်နဲ့အတူ ချို့တဲ့စွာ ပညာသင်ကြားခဲ့ရတဲ့ လေးဘာသာ ဂုဏ်ထူးရှင် ညီမလေး မိုးမိုးဖြစ်ချင်တဲ့ ဆရာမတစ်ယောက်ဖြစ်ပြီး ညီမလေး ရဲ့ စိတ်ကူးအိပ်မက်လေးကို အကောင်အထည်ဖော်နိုင်ပါစေ… ပိုပို ,ကိုဟိဏ်းသစ်နဲ့ သူငယ်ချင်းများ စုပေါင်းပြီး တတ်နိုင်သလောက် လှူဒါန်းခဲ့ပါတယ်။ အခုလို ညီမလေး မိုးမိုးကို စေတနာအပြည့်နဲ့ ပညာသင်ကြားပေးခဲ့တဲ့ ဆရာလိုမျိုး ဆရာ ၊ ဆရာမတွေလည်း အများကြီးပေါ်ထွက်လာပါစေ။” ဆိုပြီးတော့ ရေးသားထားပါတယ်။ ဒါ့အပြင် သွားရောက်လှူဒါန်းခဲ့တဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်။ ပိုပိုကတော့ ကိုယ်တိုင်ထူးခွန်စွာကြိုးစားခဲ့သလို အခြားသူတွေကို …
Read More »ကိုယ့်ရဲ့ဘဝကိုပျော်ရွှင်အောင် ကိုယ်တိုင်ဖန်တီးယူသင့်တယ်ဆိုတဲ့ ပိုပို
ပရိသတ်တွေချစ်တဲ့နာမည်ကျော်အဆိုတော်တွေထဲမှာ ပိုပိုတစ်ယောက်လည်း အပါအဝင်ပါ။ ပိုပိုကတော့ အချစ်သီချင်းလေးတွေနဲ့အတူပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူထားနိုင်တဲ့သူတစ်ယောက်ပါ။ သီချင်းအသစ်တွေကိုလည်း မကြာခဏဖန်တီးနေသလို မကြာသေးခင်ရက်ပိုင်းက “အရိပ်ကလေးလို” ဆိုတဲ့သီချင်းထွက်ရှိထားပါသေးတယ်။ ပိုပိုကတော့ သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေကို ပရိသတ်တွေကို မျှဝေလေ့ရှိသူတစ်ယောက်ပါ။ အခုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ပျော်စရာတွေ ကိုကိုယ်တိုင် ဖန်တီးယူပါ။ ဘယ်သူမှ မင်းပျော်အောင်လာမလုပ်ပေးဘူး။ မင်းကိုယ်မင်း ပျော်အောင်နေပါ။ ဘဝဟာ ပျော်စရာတွေလဲ ခဏ စိတ်ညစ်စရာတွေလဲ ခဏပါပဲ ။ အဲ့တော့ ပျော်အောင်နေပါ” ဆိုပြီးတော့ ရေးသားထားပါသေးတယ်။ ပိုပိုကတော့ အနုပညာလောကမှာအောင်မြင်နေသလို ဘာသာရေးကိုလည်း ကိုင်းရှိုင်းသူတစ်ယောက်ပါ။ တစ်ယောက်တည်းဘဝပေမဲ့အောင်မြင်စွာရပ်တည်နေတဲ့ပိုပိုကတော့ ဘဝမှာပျော်ပျော်နေဖို့အတွက်ကို အကြံကောင်းလေးပေးခဲ့တာပါ။ သူ့ရဲ့အကြံပေးချက်ကို ပရိသတ်ကြီးကရောဘယ်လိုထင်သလဲနော်…. Source : ပိုပို
Read More »