ပရိသတ်ချစ်တဲ့မင်းသမီးချောလေးပိုးကြာဖြူခင်ကတော့ သရုပ်ဆောင်ပိုင်းမှာအရည်အချင်းအပြည့်အဝရှိတယ်ဆိုတာ ပရိသတ်တွေသိပြီးသားဖြစ်မှာပါ။ အခုဆိုရင် ဂီတဘက်ကိုခြေလှမ်းလာသလို ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကိုလည်း ရရှိထားပါတယ်။ ပရိသတ်တွေချစ်စနိုးနဲ့ဆိုင်းမိုင်လို့ခေါ်တဲ့ ပိုးကြာဖြူခင်ကတော့ Hoodie တွေကို ကိုယ်ပိုင်ထုတ်လုပ်ရောင်းချဖို့အတွက်လည်း ကြိုးစားနေတာပါ။ ဒီလိုရောင်းချရာမှာတော့ ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေလည်း ပါဝင်နေတာဖြစ်ပြီး “အင်္ကျီရောင်းရငွေရဲ့အမြတ်ကို Covid 19 ကုသရေးအတွက် အသုံးပြုလှူဒါန်းသွားပါမယ်ရှင် ဆိုင်းမိုင် အခု ဆိုင်းမိုင် ရဲ့ စိတ်ကူးလေးနဲ့ ဖန်တီးဖြစ်ခဲ့တဲ့ ပထမဆုံး ကိုယ်ပိုင် Hoodie လေးအကြောင်း ပြောပြချင်ပါတယ်…Hoodie ဆိုတာက ယောက်ျားလေးရော မိန်းကလေးရော ကြိုက်ကြတဲ့ fashion တစ်ခုလည်းဖြစ်တာဆိုတော့ fans တွေအားလုံးနဲ့လည်း အဆင်ပြေနိုင်တာကြောင့် Hoodie Fashion လေး လုပ်ဖြစ်ခဲ့ပါတယ်…ဒါက ဆိုင်းမိုင်အနေနဲ့ ပထမဆုံးထုတ်ဖြစ်တာလည်း ဖြစ်တော့ ဆိုင်းမိုင်ကိုယ်တိုင်အတွက်ရော ပရိသတ်တွေအတွက်ရော …
Read More »Tag Archives: ပိုးကြာဖြူခင်
ကြည်နူးစရာမွေးနေ့အမှတ်တရလေးတွေကို ပရိသတ်ကိုမျှဝေလာတဲ့ပိုးကြာဖြူခင်
ဆိုင်းမိုင်လို့ပရိသတ်တွေချစ်စနိုးခေါ်တဲ့မင်းသမီးချောလေးပိုးကြာဖြူခင်ကိုတော့ ပရိသတ်တွေ သိကြမှာပါ။ ရုပ်သံဇာတ်လမ်းတွဲများစွာမှာပါဝင်ခဲ့ပြီး ပီပြင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရယူထားနိုင်သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းအသစ်လည်းထွက်ရှိထားပြီး ပရိသတ်တွေရဲ့ကြိုက်နှစ်သက်မှုကိုလည်း ရယူထားနိုင်သူပါ။ ဒီနေ့ကတော့ ဆိုင်းမိုင်ရဲ့မွေးနေ့လေးလည်းဖြစ်ပါတယ်။ ဆိုင်းမိုင်ကတော့ မွေးနေ့အတွက်ပြင်ဆင်ရင်း ညကတည်းကစိတ်လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်။ ဆိုင်းမိုင်ကတော့ မွေးနေ့ရက်မြတ်လေးမှာ ကုသိုလ်ကောင်းမှုတွေလုပ်နေခဲ့တာဖြစ်ပြီး မွေးနေ့အမှတ်တရဗီဒီယိုလေးကို ပရိသတ်တွေကိုမျှဝေလာတာလည်းဖြစ်ပါတယ်။ ဆိုင်းမိုင်ရဲ့မွေးနေ့မှာတော့ သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ ပရိသတ်တွေကတော့ မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြတာပါ။ ဆိုင်းမိုင်တစ်ယောက် မွေးနေ့မှစပြီး များစွာသောအောင်မြင်မှုတွေရရှိပြီး အနုပညာလောကမှာတောက်ပတဲ့ကြယ်ပွင့်လေးအဖြစ်ဆက်လက်ရပ်တည်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ Source : PoeKyarPhyuKhin
Read More »အလုပ်တိုင်းဟာဂုဏ်ရှိတာကြောင့် အနုပညာအလုပ်လုပ်သလို ဈေးလည်းရောင်းတယ်ဆိုတဲ့ ပိုးကြာဖြူခင်
ဆိုင်းမိုင်လို့ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေးပိုးကြာဖြူခင်ကိုတော့ ပရိသတ်တွေသိကြမှာပါ။ ဆိုင်းမိုင်ကတော့ မော်ဒယ်လ်တစ်ယောက်အနေနဲ့အနုပညာအလုပ်စတင်ခဲ့ပြီး အခုဆိုရင်တော့ ရုပ်သံဇာတ်လမ်းတွဲများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပြီး မင်းသမီးတစ်လက်အနေနဲ့အောင်မြင်လာသူတစ်ယောက်ပါ။ ဆိုင်းမိုင်ကတော့ သရုပ်ဆောင်အလုပ်မှာလည်း အလွန်ကြိုးစားသလိုအခုလည်း သီချင်းတစ်ပုဒ်ထွက်ရှိထားကာ ပရိသတ်အားပေးမှုရရှိထားပါတယ်။ သူ့ရဲ့အလုပ်နဲ့ပတ်သက်တဲ့ခံယူချက်ကိုလည်း “ဂုဏ်ငွေပကာသနတွေ မမက်မောတတ်သူမို့ ငွေရေးကြေးရေးကို အဓိကမထားပဲ အလုပ်ကို စေတနာထားပြီး လုပ်ငန်းရှင်တွေကိုရော ပရိတ်သတ်တွေကိုရော စိတ်ချမ်းသာဖို့ အဓိက ထားပါတယ် သီချင်းလဲဆိုပါတယ် ရုပ်ရှင်လဲ ရိုက်ပါတယ် ကြော်ငြာလဲရိုက်တယ် ဈေးလဲရောင်းပါတယ် အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့ ကျမကတော့ အလုပ်လုပ်တဲ့သူ တိုင်း ကြိုးစားကြတဲ့သူတိုင်းကို လေးစားတန်ဖိုးထား လျှက်ပါ အားလုံးပဲ fighting” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာရေးသားထားပါတယ်။ ဆိုင်းမိုင်ကတော့ ကိုဗစ်ကာလမှာ အွန်လိုင်းက ဈေးရောင်းတာလည်း လုပ်နေသလို ပရိသတ်တွေကလည်း ချစ်ခင်အားပေးလျက်ရှိနေတာပါ။ အလုပ်နဲ့ပတ်သက်ပြီး …
Read More »Official Music Video ထွက်ရှိလာတဲ့ ပိုးကြာဖြူခင်ရဲ့သီချင်းအသစ်
ပိုးကြာဖြူခင်ကိုတော့ ဇာတ်လမ်းတွဲချစ်တဲ့သူတွေမသိသူမရှိလောက်ပါဘူးနော်။ ဆိုင်းမိုင်ဆိုတဲ့ချစ်စနိုးနာမည်လေးနဲ့အတူ သရုပ်ဆောင်ပီပြင်ကောင်းမွန်တဲ့မင်းသမီးတစ်လက်ပါ။ သူပါဝင်သရုပ်ဆောင်ထားတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲကတော့ မနေ့ညကပြီးခဲ့ပြီဖြစ်ပြီး ပရိသတ်တွေလည်း ကြိုက်နှစ်သက်ခဲ့ကြတာပါ။ ဇာတ်လမ်းတွဲပြီးသွားတဲ့နေ့မှာပဲ သူကိုယ်တိုင်သီဆိုထားတဲ့သီချင်းရဲ့ Official Music Video လေးထွက်ရှိလာပါတယ်။ ဆိုင်းမိုင်ကတော့ အဆိုတော်စိန်လင်းနဲ့တွဲပြီးတော့ သီချင်းထွက်ရှိထားတာ ပရိသတ်အားပေးမှုလည်း ရရှိထားပါတယ်။ အခုလည်း အသည်းကွဲသီချင်းလေးကိုပရိသတ်တွေအတွက်ဖန်တီးပေးခဲ့ပြီး အားပေးမှုလည်း ရရှိထားတာပါ။ သီချင်းနာမည်ကတော့ “မိန်းကလေးတစ်ယောက်အတွက်” ဖြစ်ပြီးတော့ မင်းသားချောကျော်ထက်ဇော်ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ပရိသတ်တွေနားဆင်နိုင်အောင်လို့ ပြန်လည်မျှဝေလိုက်ပါတယ်နော်.. Source : PoeKyarPhyuKhin
Read More »ဒီနေ့မှာ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိလာတဲ့ ပိုးကြာဖြူခင်
ပိုးကြာဖြူခင်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတာပါ။ ဇာတ်ရုပ်များစွာကို ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့သလို လက်ရှိအချိန်မှာလည်း MRTV-4 မှာပြသနေတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာ အဏ္ဏဝါမုန်းဇာတ်ရုပ်နဲ့ ပရိသတ်တွေအားပေးမှု ရရှိထားပါသေးတယ်။ ပိုးကြာဖြူခင်ကတော့ စိန်လင်းနဲ့တွဲပြီးသီချင်းတွေသီဆိုရာမှာလည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတာပါ။ ဒီနေ့မှာတော့ သီချင်းအသစ်တစ်ပုဒ်ထွက်ရှိလာပါတယ်။ သီချင်းနာမည်ကတော့ “မိန်းကလေးတစ်ယောက်အတွက်” ဖြစ်ပြီး JOOX မှာနားဆင်လို့ရပါတယ်။ လှည့်စားခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ခံစားချက်ကို ရေးထားတဲ့ အသည်းကွဲသီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ သီချင်းရဲ့Music Video ကိုတော့ မနက်ဖြန်ထွက်ရှိလာတော့မှာလည်း ဖြစ်ပါတယ်။ မကြာသေးခင်ကတော့ သီချင်းရဲ့ရိုက်ကွင်းနောက်ကွယ်ပုံရိပ်လေးတွေကို မျှဝေခဲ့ပါသေးတယ်။ ပိုးကြာဖြူခင်ရဲ့သီချင်းအသစ်လေးကို JOOX မှာ နားဆင်ခံစားကြည့်လိုက်ပါဦးနော်… Source : PoeKyarPhyuKhin, V7Entertainment
Read More »ပရိသတ်တွေရင်ခုန်စေမယ့် ကျော်ထက်ဇော်နဲ့ ပိုးကြာဖြူခင်တို့ရဲ့ ရိုက်ကွင်းနောက်ကွယ်ပုံရိပ်မျာ
အနုပညာရှင်တွေကတော့ အနုပညာဖန်တီးမှုအသစ်တွေကို ဆက်တိုက်ကြိုးစားနေလေ့ရှိသလို ပရိသတ်တွေကိုလည်း ချပြလေ့ရှိတာပါ။ အခုလည်း ပိုးကြာဖြူခင်နဲ့ကျော်ထက်ဇော်တို့ကတော့ ပရိသတ်တွေကို ရင်ခုန်မျှော်လင့်နေစေမယ့် ရိုက်ကွင်းနောက်ကွယ်ပုံရိပ်တွေကို ချပြလာခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ Music Video အတွက် ရိုက်ကူးရေးလုပ်နေတာဖြစ်ပြီး ပရိသတ်တွေကိုလည်း အသိပေးလာခဲ့တာပါ။ ပိုးကြာဖြူခင်ကတော့ “မိန်းကလေးတစ်ယောက်အတွက် MV shooting .. Coming soon” ဆိုပြီးတာ့ ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြလာတာပါ။ ဒီ Music Video ကိုတော့ V7Entertainment ရိုက်ကူးထုတ်လုပ်သွားမှာလည်း ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကတော့ ရုပ်သံဇာတ်လမ်းတွဲပေါင်းများစွာရိုက်ကူးအောင်မြင်ခဲ့သလို လက်ရှိမှာလည်း “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲနဲ့အတူ ပရိသတ်တွေကြားရေပန်းစားနေသူပါ။ ကျော်ထက်ဇော်ကလည်း ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူ နာမည်ကြီးလျက်ရှိပြီး ထုတ်လွှင့်ပြသခဲ့တဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲမှာလည်း လူကြိုက်များခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ဦးရဲ့သရုပ်ဆောင်ချက်တွေနဲ့အတူ …
Read More »ခွေးလေးတွေကိုချစ်တတ်သူတစ်ယောက်ဖြစ်ကြောင်းဆိုလာတဲ့ ပိုးကြာဖြူခင်
မင်းသမီးချောပိုးကြာဖြူခင်ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူပရိသတ်တွေသိကြမှာပါ။ သူ့ကိုတော့ ပရိသတ်တွေကဆိုင်းမိုင်လို့လည်း ချစ်စနိုးခေါ်ကြပါသေးတယ်။ လက်ရှိ MRTV-4 မှာပြသနေတဲ့ “မာယာလှည့်ကွက်” ဇာတ်လမ်းတွဲမှာတော့ အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ ဆိုင်းမိုင်ကတော့ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေသလို လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းလေ့ရှိသူပါ။ စိတ်ထားနူးညံ့တဲ့မင်းသမီးချောလေးကတော့ တိရစ္ဆာန်လေးတွေကိုလည်း ချစ်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “တိလေးချစ်သူတစ်ယောက်ပါ” ဆိုပြီးတော့ ခွေးလေးကိုချီထားတဲ့ပုံရိပ်လေးနဲ့အတူ ဖော်ပြလာတာပါ။ တချို့တွေကတော့အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ကြပြီး သားသမီးတွေလိုဂရုစိုက်ကာကျွေးမွေးစောင့်ရှောက်ကြတာပါ။ ဆိုင်းမိုင်ကတော့ တိလေးချစ်သူတစ်ယောက်ဖြစ်ကြောင်းဆိုလာပါပြီ။ ဆယ်လီကမ္ဘာပရိသတ်ကြီးထဲမှာ တိလေးတွေကိုချစ်တဲ့သူတွေရှိလားနော်… Source : PoeKyarPhyuKhin
Read More »ဇာတ်ရုပ်အသစ်နဲ့ပရိသတ်တွေရှေ့ရောက်လာတော့မယ့်အကြောင်းကို ပရိသတ်တွေကိုအသိပေးလာတဲ့ ပိုးကြာဖြူခင်
ပရိသတ်တွေဆိုင်းမိုင်လို့လည်း ချစ်စနိုးခေးတဲ့ မင်းသမီးချောလေးပိုးကြာဖြူခင်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေနဲ့အတူ ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားသူတစ်ယောက်ပါ။ သူ့ရဲ့ဇာတ်ရုပ်တွေကတော့ပရိသတ်တွေရင်ထဲမှာစွဲထင်ကျန်ခဲ့တာဖြစ်ပြီး မြန်မာဆန်ဆန်လေးနဲ့လှတဲ့မင်းသမီးလေးအဖြစ်အသိအမှတ်ပြုခံထားရတာပါ။ အခုလည်း ဇာတ်ရုပ်အသစ်နဲ့ပရိသတ်တွေရှေ့ထပ်မံရောက်ရှိလာဦးမှာပါ။ အဲ့ဒီအကြောင်းကိုတော့ သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ပရိသတ်တွေကိုအသိပေးခဲ့တာ ဖြစ်ပါတယ်။ ဆိုင်းမိုင်ကတော့ သူ့ရဲ့ဖေ့ဘွတ်ပေချ့်မှာ “လမင်းကြီးရယ် သာလိုက်စမ်းပါ” ဆိုပြီးတော့ ရေးသားကာ ဇာတ်လမ်းတွဲနာမည်ကို ဖော်ပြခဲ့သလို “လမင်းကြီးသာစမ်းပါ မှာ ခင်ခင်ကြီးနေရာက ရိုက်ခွင့်ရပါပြီ ” “ရင်ခုန်နေပြီ ခင်ခင်ကြီး ကာရိုက်တာအတွက်” ဆိုပြီးတော့လည်း ပရိသတ်တွေကို အသိပေးလာခဲ့ပါတယ်။ ပရိသတ်အခိုင်အမာရရှိထားတဲ့မင်းသမီးတစ်လက်ဖြစ်တာကြောင့် အားပေးတဲ့ပရိသတ်တွေကတော့ ရင်ခုန်နေကြပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ကြပါသေးတယ်။ ဒီဇာတ်လမ်းတွဲ့တော့ (၂၀၂၁) မှာရိုက်ကူးမှာဖြစ်တယ်လို့လည်း သိရပါတယ်။ Source : PoeKyarPhyuKhin
Read More »မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်သီချင်းလေးရိုက်ကူးခဲ့တဲ့ပုံရိပ်တွေကို ဖော်ပြလာတဲ့ပိုးကြာဖြူခင်
ပရိသတ်တွေချစ်တဲ့ဇာတ်လမ်းတွဲမင်းသမီးချောပိုးကြာဖြူခင်ကိုတော့ ဆိုင်းမိုင်အဖြစ်နဲ့လည်း ပရိသတ်တွေသိကြမှာပါ။ ဆိုင်းမိုင်ကတော့သရုပ်ဆောင်ပိုင်းမှာအကောင်းဆုံးကြိုးစားပြီး ပရိသတ်တွေရဲ့အသည်းနှလုံးကိုဖမ်းစားထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒီနေ့မှာတော့သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်မှာ “မြန်မာ့ရုပ်ရှင် နှစ်၁၀၀ ပြည့် အထိမ်းအမှတ် သီချင်းလေးရိုက်ကူးခဲ့ပါတယ် မျိုးဆက်သစ် သရုပ်ဆောင် တစ်ယောက်အနေနဲ့ မြန်မာ့ရုပ်ရှင်လောက အတွက် အကောင်းဆုံး ကြိုးစားသွားပါမယ်” ဆိုပြီးရေးသားကာ ပုံရိပ်လေးတွေကိုလည်းမျှဝေထားပါတယ်။ ဒီရိုက်ကူးရေးမှာတော့ ပိုးကြာဖြူခင်နဲ့အတူ ခေးဆက်သွင်၊မြတ်သူသူစတဲ့မင်းသမီးတွေအပြင် အခြားရုပ်သံဇာတ်လမ်းတွဲမင်းသားချောတွေလည်းပါဝင်ထားပါသေးတယ်။ ပိုးကြာဖြူခင်ကတော့ မျိုးဆက်သစ်အနေနဲ့လည်း အကောင်းဆုံးကြိုးစားဖို့ စိတ်ကူးတွေရှိနေပုံပါပဲနော်… Source : poekyarphyukhin
Read More »သန်လျင်မှာလှူဒါန်းဖြစ်ခဲ့တဲ့ မိသားစုအလှူလေးကိုမျှဝေလာတဲ့ ပိုးကြာဖြူခင်
ရုပ်သံဇာတ်လမ်းတွဲမင်းသမီးချောလေးပိုးကြာဖြူခင်ကိုတော့ ပရိသတ်တွေက ဆိုင်းမိုင်လေးဆိုပြီးတော့လည်း ချစ်စနိုးခေါ်ကြပါတယ်။ မြန်မာဆန်ဆန်အလှလေးကို ပိုင်ဆိုင်ထားတဲ့မင်းသမီးလေးကတော့ ဘာသာရေးကိုကိုင်းရှိုင်းတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဆိုင်းမိုင်ကတော့ အလှူဒါနတွေတစ်ခုပြီးတစ်ခုပြုလုပ်နေတာပါ။ မကြာသေးခင်က မဟာမြိုင်တောရကိုသွားရောက်တရားအားထုတ်ခဲ့သလို သန်လျှင်မှာရှိတဲ့ မယ်သီလရှင်ကျောင်းဆောက်လုပ်လှူဒါန်းရာမှာလည်း လှူခဲ့ပါသေးတယ်။ အခုလည်း နောက်ထပ်အလှူလေးအကြောင်းကို “သန်လျင် နယ်လှည့် သစ္စာဓိဌာန် စတုဒီသာ နတ်စင်တစ်ရာ ဆရာတော်ကြီးရဲ့ ကျောင်းမှာ ဝါတွင်း ၃ လ ရက်ပေါင်း ၉၀ နေ့ညအသံမစဲ အဘိဓမ္မာ(၇) ကျမ်း ပဌာန်းဒေသနာကျမ်း ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကြီးအတွက် ကျမတို့ မိသားစု ပါဝင် လှူဒါန်းခဲ့ပါတယ်” ဆိုပြီး ပုံရိပ်လေးတွေနဲ့အတူ ဖေ့ဘွတ်ခ်မှာအသိပေးရေးသားထားတာပါ။ ဆိုင်းမိုင်ကတော့ အောင်မြင်နေတဲ့မင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အားပေးမှုလည်းအခိုင်အမာရရှိထားသူလေးပါ။ အခုလည်း အလှူတွေတစ်ခုပြီးတစ်ခုပြုလုပ်နေတဲ့ပိုးကြာဖြူခင်ကတော့ တကယ့်ကိုလေးစားစရာပါပဲနော်…. Source …
Read More »