လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုစီတုန်းက ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ ပြေတီဦးကတော့ သူအရမ်းအောင်မြင်နေတဲ့အချိန်မှာ ပရိသတ်တွေကို ပြန်လည်ပေးဆပ်လိုတဲ့စိတ်နဲ့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး ချို့တဲ့ပြီး ထူးချွန်တဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ ပညာရေးအတွက် ဆက်တိုက်ကူညီလာခဲ့တာ ယနေ့အချိန်ထိ လို့ဆိုရမှာပါ။ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပြေတီဦးပညာရေး ဖောင်ဒေးရှင်းကနေတဆင့် အနာဂတ်မျိုးဆက်သစ်လူငယ်ပေါင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အခုလိုနှစ်ပေါင်းများစွာ ဆက်တိုက်လှူဒါန်းပေးလာနိုင်ဖို့ အလှူရှင်တွေရဲ့ပံ့ပိုးပေးမှုကလည်း အဓိကကျသလို ဒီတစ်ခေါက်မှာတော့ အလှူရှင်တစ်ယောက်က ဖောင်ဒေးရှင်းအတွက် ငွေသိန်းရာချီကို အမည်မဖော်ဘဲ လှူဒါန်းပေးသွားတယ်လို့ သိရပါတယ်။ ဒီအလှူလေးနဲ့ပတ်သက်ပြီး ပြေတီဦးကတော့ ခုလိုအစစ အရာရာခက်ခဲနေတဲ့အချိန်မှာ ကျွန်တော်တို့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းအတွက် အလှူငွေ သိန်း (၂၀၀) ကျပ်တိတိကို လာရောက်လှူဒါန်းသွားသော အမည်မဖေါ်လိုသည့် အလှူရှင်မိသားစုအား ကျေးဇူးအထူးတင်ရှိပါသည် ဆိုပြီး ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ အခုလို အစစအရာရာခက်ခဲနေတဲ့ကာလကြီးမှာတောင် …
Read More »Tag Archives: ပြေတီဦး
ပြေတီဦးဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး အထင်မြင်လွဲမှားနေမှုတွေကို ဖြေရှင်းလာတဲ့ အိန္ဒြာကျော်ဇင်
ပရိသတ်အချစ်တော် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့နှစ်ယောက်ကတော့ နှစ်ကိုယ်တူ ဘဝတစ်ခုတည်ဆောက်ပြီးနောက်မှာ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်ပေမယ့် ချို့တဲ့ တဲ့ ကျောင်းသားများကို ကူညီထောက်ပံ့ပေးရန်ရည်ရွယ်ချက်နဲ့ ပြေတီဦးဖောင်ဒေးရှင်းကို မတည် တည်ထောင်ခဲ့ပြီး ကူညီလာခဲ့တာ အခုဆိုဆယ်စုနှစ်တစ်ခုစာလောက်ရှိနေပြီ လို့ ဆိုရမှာပါ။ ဒါပေမယ့် လတ်တလောထွက်ပေါ်နေတဲ့သတင်းအမှားတွေကြောင့် ဖောင်ဒေးရှင်းရဲ့နာမည်ဂုဏ်သိက္ခာထိခိုက်လာတာကြောင့် အိန္ဒြာကျော်ဇင်ကတော့ သတင်းအမှားတွေနဲ့ပတ်သက်ပြီး အသိပေးကြေညာခဲ့ပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းသည် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ပညာထူးချွန်ပြီးကျောင်းဆက်တက်ရန် အခက်အခဲရှိသော ကျောင်းသား၊ကျောင်းသူများကို ကူညီထောက်ပံ့ခြင်းနဲ့အမှန်တကယ်အကူအညီလိုအပ်နေသော နေရာများတွင် တတ်နိုင်သမျှသွားရောက် လှူဒါန်းခြင်းကိုသာ ဆောင်ရွက်လျက်ရှိပေမယ့် ယခုအခါမှာတော့ မသမာသူတွေက ငွေချေးလုပ်ငန်းများဆောင်ရွက်နေတယ်လို့ သတင်းလွှင့်ပြီး ငွေချေးခြင်းကိစ္စများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မျှဝေခဲ့တဲ့အပြင် အခုလိုငွေချေးခြင်း ကိစ္စရပ်များသည် ပြေတီဦးပညာရေးဖောင်ဒေးရှင်းနဲ့ သက်ဆိုင်မှု လုံးဝမရှိပါကြောင်း၊ နောင်တွင်လည်း ငွေချေးခြင်းကိစ္စများ ပြုလုပ်ရန် အစီအစဉ်လုံးဝမရှိပါကြောင်း အသိပေးကြေညာခဲ့ပါတယ်။ …
Read More »ရုပ်ရှင်လောကသားတွေရဲ့ ကလေးတွေအတွက် စာအုပ်ဒါဇင် ရာနဲ့ချီပြီး လှူဒါန်းပေးခဲ့တဲ့ ပြေတီဦး
လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုစီက မြန်မာ့ရုပ်ရှင်လောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ပြေတီဦးကတော့ သူ့ဘဝရဲ့အအောင်မြင်ဆုံးအချိန်တွေမှာ အများကောင်းကျိုးပြန်ကြည့်တဲ့အနေနဲ့ ပြေတီဦးဖောင်ဒေးရှင်းကို တည်ထောင်ပြီး ငွေကြေးအခက်အခဲကြောင့် ကျောင်းတက်ဖို့ ခက်ခဲနေတဲ့ကလေးတွေကို ဆက်တက်ဆိုသလို ကူညီခဲ့သူပါ။ အခုဆိုရင် ပြေတီဦးဖောင်ဒေးရှင်းကနေ မွေးထုတ်ပေးလိုက်တဲ့ ဆရာဝန်၊ အင်ဂျင်နီယာပေါင်းများစွာ ရှိလာပြီဖြစ်ပြီး ဒီနေ့မှာလည်း ကိုဗစ်ကြောင့် ရိုက်ကူးရေးတွေရပ်နားထားရတဲ့ရုပ်ရှင်လောကသားတွေအတွက်ပါ တစ်ဖက်တစ်လမ်းက ကူညီခဲ့ပါတယ်။ မကြာခင်အချိန်အတွင်းမှာ အခြေခံပညာရေးကျောင်းတွေ ပြန်ဖွင့်တော့မှာဖြစ်တဲ့အတွက် ရုပ်ရှင်လောကသားတွေရဲ့ ကလေးသူငယ်တွေအတွက် စာအုပ်ဒါဇင်ပေါင်း (၃၀၀) ကို ကနဦးအနေနဲ့ ရုပ်ရှင်အစည်းအရုံးမှာ သွားရောက်လှူဒါန်းပေးခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ…. ကိုဗစ်ကာလစတင်ကတည်းက ရိုက်ကူးရေးတွေရပ်နားထားရတာကြောင့် ဝင်ငွေမရှိတဲ့ ရုပ်ရှင်လောကသားတွေရဲ့ အခက်အခဲကို ပြေတီဦးပညာရေးဖောင်ဒေးရှင်းကနေ တတ်နိုင်သမျှကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ ပြေတီဦးရဲ့မွန်မြတ်လှတဲ့အလှူလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး။ Source – Pyay Ti …
Read More »အဖွားရဲ့ပြေတီဦးထက်ချောတယ်ဆိုတဲ့ စကားကြောင့် ကျေနပ်နေတဲ့ ကိုပေါက်
ရုပ်ရှင်သရုပ်ဆောင်နဲ့ ဒါရိုက်တာကိုပေါက်ကတော့ လတ်တလောမှာ Tik Tok တွေဆော့ရင်း သူတတ်ကျွမ်းတဲ့ဟာသပညာနဲ့ ပရိသတ်တွေရဲ့ဘဝအမောတွေ ဖြေဖျောက်ပေးနေသူပါ။ ကိုပေါက်ရဲ့ ရယ်ရလွန်းတဲ့ Tik Tok တွေကိုတော့ ကြည့်ရှုအားပေးသူပရိသတ်တွေ များစွာရှိနေပြီ ဖြစ်ပြီး ကိုပေါက်ကတော့ ဒီတစ်ခေါက်မှာ ပြေတီဦးကို ရန်စတဲ့ဗွီဒီယိုလေးတစ်ခုထပ်မံ မျှဝေခဲ့ပါတယ်။ သူကတော့ လတ်တလောမှာ မန္တလေးရောက်နေပြီး ဒီဇိုင်နာမျိုးမင်းစိုးနဲ့အတူ မနေ့က YGW ဘိုးဘွားရိပ်သာမှာ သွားရောက်လှူဒါန်းရင်း အဘွားတစ်ယောက်နဲ့စကားလက်ဆုံကျခဲ့ရာက အဘွားကို ပြေတီဦးနဲ့ကျွန်တော် ဘယ်သူပိုချောလဲဆိုတဲ့မေးခွန်းလေးကို မေးခဲ့ပါတယ်. အဖွားကတော့ မင်းပိုချောတာပေါ့ လို့ ပြောခဲ့တာကြောင့် ကိုပေါက်ကတော့ ဒီ ဗွီဒီယိုလေးကို အရွှန်းဖောက်မျှဝေခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ… ကိုပေါက်နဲ့ ပြေတီဦးတို့ကတော့ အရမ်းရင်းနှီးကျတဲ့သူငယ်ချင်းတွေပီပီ တစ်ယောက်ကိုတစ်ယောက် ဆေးထိုးရင်းစနောက်လေ့ရှိသူတွေပါ။ …
Read More »