Tag Archives: မျိုးမင်းစိုး

ကင်ဆာရောဂါခံစားနေရပြီး ငွေကြေးအခက်အခဲများစွာဖြစ်နေတဲ့ညီမငယ်တစ်ဦးကို လှူဒါန်းခဲ့ပြန်တဲ့ မျိုးမင်းစိုး

ဒီဇိုင်နာမျိုးမင်းစိုးကတော့ အလှူအတန်းရက်ရောလွန်းတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေလည်း သိကြမှာပါ။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့အောင်မြင်တဲ့ဒီဇိုင်နာတစ်ဦးအနေနဲ့လည်း ရပ်တည်နေပါသေးတယ်။ မကြာခဏဆိုသလိုအလှူလုပ်လေ့ရှိတဲ့မျိုးမင်းစိုးကတော့ ငွေကြေးမတတ်နိုင်တဲ့ကင်ဆာရေဂါသည်တစ်ယောက်ကို “ဒီနေ့ပီတိဖြစ်ခဲ့တဲ့အလှူလေးတစ်ခု ကင်ဆာရောဂါဝေဒနာခံစားရပြီးဆေးသွင်းကုသဖို့ငွေကြေးအခက်အခဲဖြစ်နေတဲ့ညီမငယ်လေးတစ်ဦးအတွက် ကျနော်တတ်နိူင်တဲ့ငွေလေးနဲ့ လှုဒါန်းဖြစ်ခဲ့တာလေးပါ။ မိတ်ဆွေသူငယ်ချင်းများလည်းတတ်အားသရွှေ့လှုနိုင်ပါကြောင်း နိုးဆော်ပေးရပါတယ်။ အကျိုးဆောင်ပေးတဲ့ချစ်ညီမလေး Dr WaiMon Thant ကိုလည်းကျေးဇူးအထူးတင်ပါတယ်နော်…. အမြဲလှူဒါန်းနိင်တဲ့လက်တစ်စုံဖြစ်ပါရစေ…” ဆိုပြီးတော့ ရေးသားဖော်ပြလာတာပါ။ မျိုးမင်းစိုးကတော့ အမြဲလိုလိုအလှူအတန်းပြုလေ့ရှိပြီး မကြာသေးခင်ကလည်း လမ်းလာခင်းတဲ့စည်ပင်လုပ်သားတွေကို အိမ်မှာရှိတဲ့ဆန်တွေနဲ့အလှူအတန်းပြုခဲ့ပါသေးတယ်။ အခုလည်း ငွေကြေးမတတ်နိုင်တဲ့ ကင်ဆာရောဂါသည်အတွက်  ငွေကျပ်နှစ်သိန်းလှူဒါန်းခဲ့ပြန်ပါပြီနော်… Source : MyoMinSoe

Read More »

အစီအစဉ်မရှိဘဲလှူချင်စိတ်ပေါက်လာတာကြောင့် အိမ်မှာရှိတဲ့ဆန်တွေနဲ့ အလှူပြုလုပ်ဖြစ်ခဲ့တယ်ဆိုတဲ့ မျိုးမင်းစိုး

ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိထားသူဖြစ်သလို စိတ်စေတနာကောင်းမွန်သူလည်း ဖြစ်ပါတယ်။ အလှူအတန်းတွေရက်ရက်ရောရောပြုသူတစ်ယောက်ဖြစ်တာကြောင့် ဘွဲ့တံဆိပ်တွေလည်း ရရှိထားသူပါ။ အခုလည်း မထင်မှတ်ဘဲနဲ့အိမ်မှာရှိတဲ့ဆန်တွေနဲ့ အလှူပြုလုပ်ခဲ့ပါသေးတယ်။ အဲ့ဒီအကြောင်းကိုတော့ “ဒီနေ့ကျန်တော့်ဆိုင်ရှေ့မှာလမ်းခင်းကြတဲ့စည်ပင်မှဝန်ထမ်းလုပ်သား(၃၁)ဦးကို တစ်ဦးလျှင် ဆန်တစ်ပြည်၊ ငွေတစ်သောင်းကျပ်( ၁၀၀၀၀ကျပ်) ရေသန့်ဗူး မုန့်များ ကို (၃၁ဦး)စာအတွက်အစီအစဉ်မရှိပဲလှူချင်စိတ်ပေါက်လာလို့အလှုလေးလုပ်ဖြစ်သွားတယ်။ လမ်းထပ်ပိုးခင်းမယ်ဆိုတာကြိုပြီးမသိထားတော့ ဝယ်ဖို့ရာဆန်အဆင်မသင့်လို့..စားဖို့ရှိနေတဲ့ဆန်အိတ်ထဲကမို့ဆန်တပြည်စီပဲလှုလိုက်ရလို့စိတ်မကောင်းဖြစ်ရသေးတယ်.. ကျန်တော့်အလှူဆိုတာထက်.. Designer မျိုးမင်းစိုးနဲ့ ရွှေမျိုးကိုအားပေးကြတဲ့ မိတ်ဆွေအမျိုးများရဲ့ အလှုလေးဆိုလည်းမမှားပါဘူး…ဤအကျိုးအားကြောင့် အမြဲပေးကမ်းလှုဒါန်းနိုင်သောလက်တစုံဖြစ်ပါရစေ” ဆိုပြီးတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြထားပါတယ်။ မျိုးမင်းစိုးကတော့ နေ့စဉ်အလှူတွေပြုလုပ်နေသလို လိုအပ်တဲ့နေရာတွေမှာလည်း အလှူအတန်းတွေပြုလုပ်လေ့ရှိသူပါ။ အခုလည်း စည်ပင်လုပ်သားတွေကို အိမ်မှာရှိတဲ့ဆန်တွေနဲ့အလှူအတန်းပြုခဲ့တာဖြစ်ပြီး တကယ့်ကိုစေတနာထက်သန်သူပါပဲနော်… Source : MyoMinSoe

Read More »

ကိုဗစ်ကြောင့်စားဝတ်နေရေးအခက်ကြုံနေတဲ့မိသားစုတွေကို လှူဒါန်းခဲ့ပြန်တဲ့ မျိုးမင်းစိုး

ဒီဇိုင်နာမျိုးမင်းစိုးကတော့ နာမည်ကြီးဒီဇိုင်နာအဖြစ်ရပ်တည်နေသလို ရရှိသမျှဝင်ငွေတွေကိုလည်း အမြဲလိုလိုလှူဒါန်းမှုပြုနေသူတစ်ယောက်ပါ။ ကိုဗစ်ကာလအတွင်းမှာလည်း မကြာခဏလှူဒါန်းမှုတွေပြုခဲ့ပြီး အခုလည်း ကိုဗစ်ကြောင့်စားဝတ်နေရေးအခက်ကြုံနေတဲ့မိသားစုတွေကို လှူဒါန်းခဲ့ပြန်ပါတယ်။ အလှူအကြောင်းကိုသူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့အလှူ ၂၃-၁၂-၂၀၂၀ ဆန်(၂၄)ပြည်အိတ် ( ၃၄၀ )အိတ် ၊PPE ဝတ်စုံ၂၀၀၊ ခေါက်ဆွဲခြောက်ထုတ် (၉၀၀) တန်ဖိုးငွေစုစုပေါင်း( ၁၆၇ )သိန်း(တစ်ရာခြောက်ဆယ်ခုနှစ်သိန်း) ဖိုးကို အဖြူရောင်နှလုံးလူမူရေးအသင်းနဲ့ မိတ်ဆွေသူငယ်ချင်းတွေစုပေါင်းပြီးပြင်ဦးလွင်အနီးတဝိုက်မှာရှိကြတဲ့covid ကြောင့်စားဝတ်နေရေးအခက်အခဲကြုံနေကြတဲ့အိမ်ထောင်စုဝင်တွေကိုလှုဒါန်းမှာပါ။ COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၊ပြင်ဦးလွင်မြို့ မှတဆင့်ပေးအပ်လှူဒါန်းပေးမှာပါ……ခုလိုအချိန်တွေမှာလူတိုင်းအနည်းနဲ့အများ အခက်အခဲလေးတွေရှိနေကြပေမဲ့ လည်းကိုယ့်ထက်ခက်ခဲတဲ့သူတွေအတွက်… ကိုယ်လည်းတစ်တပ်တစ်အားပါဝင်လှူဒါန်းထားတဲ့ကာလဒါနအလှူလေးတခုပါ။ ပါဝင်လှူနိုင်ခဲ့ရလို့ပီတိဖြစ်ရပါတယ်…အမြဲလှူဒါန်းနိင်တဲ့လက်တစ်စုံဖြစ်ပါရစေ.. ” ဆိုပြီးတော့ ရေးသားထားပါတယ်။ မျိုးမင်းစိုးကတော့ အလှူအတန်းများစွာပြုလေ့ရှိတာကြောင့် ဘွဲ့တံဆိပ်တွေလည်းရရှိထားသူပါတယ်။ အခုလည်းကိုဗစ်ကာလမှာဆက်တိုက်လှူဒါန်းနေတာဖြစ်ပြီး ပြင်ဦးလွင်အနီးတဝိုက်မှာရှိကြတဲ့ covid ကြောင့်စားဝတ်နေရေးအခက်အခဲကြုံနေကြတဲ့အိမ်ထောင်စုဝင်တွေကိုလှုဒါန်းခဲ့တာပဲဖြစ်ပါတယ်။ Source : MyoMinSoe

Read More »

ရပ်ကွက်အတွင်းနေထိုင်သူတွေအတွက် လှူဒါန်းမှုများပြုခဲ့တာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ ဂုဏ်ပြုမှတ်တမ်းလွှာရရှိခဲ့တဲ့ မျိုးမင်းစိုး

ဒီဇိုင်နာမျိုးမင်းစိုးကတော့ သူမတူတဲ့ဒီဇိုင်းလက်ရာတွေကြောင့်နာမည်ကျော်သလို အလှူအတန်းရက်ရက်ရောရောပြုလေ့ရှိတာကြောင့်လည်း လူသိများပါတယ်။ မျိုးမင်းစိုးကတေ့ာ အလှူအတန်းတွေမကြာခဏပြုလေ့ရှိသူဖြစ်ပြီး ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေလည်း ရရှိထားတဲ့သူတစ်ယောက်ပါ။ အခုလိုကိုဗစ်ကာလမှာလည်း အလှူရေစက်လက်နဲ့မကွာ ဆက်လက်လှူဒါန်းလျက်ရှိနေပါတယ်။ ဒါကြောင့်လည်း ဂုဏ်ပြုလွှာလက်မှတ်တစ်ခုထပ်မံရရှိခဲ့ပြန်ပါပြီ။ အဲ့ဒီအကြောင်းကိုလည်း “ကျန်တော့်ရဲ့စေတနာလေးကိုအခုလိုပြန်ပြီးတန်ဖိုးထားအသိအမှတ်ပြုပေးလို့မဟာအောင်မြေမြို့နယ်အရှေ့ရပ်ကွက်မှရပ်မိရပ်ဖများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့မှတာဝန်ရှိသူများကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ…” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မာရေးသားထားပါတယ်။ မျိုးမင်းစိုးကတော့ ရပ်ကွက်အတွင်းမှာနေထိုင်ကြသူတွေရဲ့ ကျန်းမာရေးနဲ့စားဝတ်နေရေးကိစ္စတွေအတွက် စေတနာသဒ္ဓါတရားထက်ထက်သန်သန်လှူဒါန်းခဲ့တာကြောင့် အခုလိုဂုဏ်ပြုလွှာပေးအပ်ခံရတယ်လို့သိရပါတယ်။ ရှေ့လျှောက်အလှူအတန်းများစွာပြုနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ Source : MyoMinSoe

Read More »

သီတင်းကျွတ်အကြိုကန်တော့ခဲ့တဲ့ဝန်ထမ်းတွေနဲ့ ကြည်နူးစရာအဖြစ်အပျက်လေးကိုမျှဝေလာတဲ့ ဒီဇိုင်နာမျိုးမင်းစိုး

ဒီဇိုင်နာမျိုးမင်းစိုးကတော့ နာမည်ကျော်ဒီဇိုင်နာဖြစ်တာကြောင့် ပရိသတ်တွေသိကြမှာပါ။ သက်ဆိုင်ရာနယ်ပယ်မှာထူးချွန်တဲ့အပြင် စိတ်စေတနာကောင်းမွန်တဲ့ ပရဟိတသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း လေးစားခံရသလို လူချစ်လူခင်ပေါလှတာပါ။ မျိုးမင်းစိုးရဲ့ဝန်ထမ်းတွေကတော့ သီတင်းကျွတ်အစဉ်အလာမပျက်ကန်တော့ခဲ့ကြပါတယ်။ မျိုးမင်းစိုးကလည်း မုန့်ဖိုးလည်းပေးသလို ဆုတွေလည်း ပေးရင်းအချိန်ကုန်ဆုံးခဲ့တဲ့ကြည်နူးစရာအမှတ်တရလေးပါ။ အဲ့ဒီအကြောင်းကိုလည်း ပြန်လည်မျှဝေရင်း ပရိသတ်တွေကိုလည်း အပျော်တွေကူးစက်စေခဲ့ပါတယ်။ ကြည်နူးစရာပုံရိပ်လေးတွေနဲ့အတူ “ဒီကိုဗစ်ကာလာမှာကျန်တော့်ဆိုင်မှာပဲခေါ်ထားတဲ့ဝန်ထမ်းလေးတွေရဲ့သီတင်းကျွတ်အကြိုကန်တော့ကြတာပါ။ ဝန်ထမ်းလေးတွေဆိုတာထက်ကိုယ်ရဲ့မိသားစုဝင်တွေလိုပါပဲအမြဲတမ်းသက်မှတ်ထားပါတယ်။ ကိုယ်တွေလည်းဝန်ထမ်းဘဝနဲ့(၉)နှစ်အလုပ်လုပ်ခဲ့တဲ့မို့သူတို့တွေကိုအမြဲတမ်းကိုယ်ချင်စာစိတ်နဲ့အမြဲစောင့်ရှောက်ခဲ့ပါတယ်။ နယ်တွေကနေလာလို့မရကြသေးတဲ့ကျန်တဲ့ဝန်ထမ်းတွေကိုလည်းသတိရမိတယ်.. ခုလိုဂါရဝတရားရှေ့ထားပီးကန်တော့ရသောအကျိုးအားကြောင့် ဆရာထက်ကျော်လွန်သောအောင်မြင်မှူများစွာနဲ့မိဘနဲ့မိသားစုကိုလုပ်ကျွေးနိင်ကြတဲ့သားသမီးကောင်းလေးတွေဖြစ်ကြပါစေ။ တချိန်မှာဆရာထက်သာလွန်သောနေရာမှာဆရာလိုကန့်တော့ခံနိင်ပြီးဝန်ထမ်းတွေကချစ်ခင်လေးစားအားကိုးရတဲ့သူတွေဖြစ်ကြပါစေ” ဆိုပြီးတော့ ရေးသားဖော်ပြထားတာပါ။ မြန်မာရိုးရာအစဉ်အလာမပျက်ကြည်နူးစရာပုံရိပ်လေးတွေပါပဲနော်… Source : MyoMinSoe

Read More »

(၇)နှစ်ကြာပြီဖြစ်ပေမယ့် ခေတ်မှီနေတုန်းဖြစ်တဲ့ အမှတ်တရပုံရိပ်တွေကိုချပြလာတဲ့ မျိုးမင်းစိုး

မြန်မာနိုင်ငံရဲ့နာမည်ကြီးဒီဇိုင်နာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဒီဇိုင်နာမျိုးမင်းစိုးကိုတော့ ပရိသတ်တွေသိကြမှာပါ။ ပြောင်မြောက်တဲ့ဖန်တီးမှုလက်ရာတွေအပြင် အလှူအတန်းများစွာပြုလေ့ရှိတဲ့ ပရဟိတစိတ်အပြည့်ရှိသူဖြစ်တာကြောင့်လည်း ပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိထားတာပါ။ မျိုးမင်းစိုးကတော့ နာမည်ကြီးဒီဇိုင်နာပီသစွာဖက်ရှင်အမြင်ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ သူကတော့ ခေတ်မှီနေဆဲဖြစ်တဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေကိုမျှဝေလာတာပါ။ အဲ့ဒီအကြောင်းကိုတော့ “လွန်ခဲ့သော(7)နှစ်က ASEAN Fashion Week (2013)ပွဲတုန်းက ဂျပန်မှာ Photography Nay Ma Kha ရိုက်ပေးထားတဲ့ပုံလေးတွေပြန်တက်လာလို့ ပုံလေးတွေကခုထိခေတ်မီနေတုန်းပဲ…” ဆိုပြီး ရေးသားဖော်ပြလာပါတယ်။ ပုံတွေကတော့ လက်ရှိအချိန်နဲ့သိပ်မကွာဘူးလို့ထင်ရတဲ့အပြင် ဒီဇိုင်ကြီးကလည်း (၇)နှစ်ကြာတာတောင် စတိုင်ကျပြီးနုပျိုနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ tအမြဲလိုလိုစတိုင်ကျတယ်ဆိုပြီးတော့ ကောင်းမွန်တဲ့မှတ်ချက်တွေရေးသားနေကြတာလည်း ဖြစ်ပါတယ်။ Source :MyoMinSoe

Read More »

မန္တလေးအနီးတစ်ဝိုက်မှာဓာတ်ပုံရိုက်ဖို့သွားရင်း အလှူပြုလုပ်ဖြစ်ခဲ့တယ်ဆိုတဲ့ မျိုးမင်းစိုး

ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီဇိုင်းလက်ရာကောင်းတွေကိုဖန်တီးလေ့ရှိတဲ့မန္တလေးမြို့ရဲ့ နာမည်ကျော်ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။ အောင်မြင်တဲ့ဒီဇိုင်နာတစ်ယောက်ဖြစ်သလို အလှူရေစက်လက်နဲပမကွာလှူတန်းလေ့ရှိတာကတော့ မျိုးမင်းစိုးရဲ့စေတနာသဒ္ဓါတရားထက်သန်တဲ့စိတ်ဓာတ်ကြောင့်လို့ ဆိုရမှာပါ။ အလှူအတန်းရက်ရောလွန်းတာကြောင့် ဘွဲ့တံဆိပ်တွေလည်းရထားတဲ့မျိုးမင်းစိုးကတော့ ဓာတ်ပုံရိုက်ကူးရင်းနဲ့တောင်မှ လမ်းကြုံရင်အလှူလုပ်လေ့ရှိတဲ့သူပါ။ အခုလည်း မန္တလေးအနီးတစ်ဝိုက်ဓာတ်ပုံလေးတွေရိုက်ရင်း အကျိုးရှိအောင်အလှူလှူဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူသွားတဲ့နေရာမှာတော့ လူသူနည်းပြီး နွားကျောင်းသူတွေပဲရှိလို့ ဆန်၊ဆီနဲ့ Mask တွေလှူခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလိုမထင်မှတ်ဘဲလှူခဲ့တာကတော့(၅)ပြည်အိတ်ဆန်အိတ်(၁၀၀)ကျော်ကုန်ခဲ့တယ်လို့ သိရပါတယ်။ မျိုးမင်းစိုးကတော့ မကြာခဏဆိုသလို အလှူအတန်းတွေပြုလုပ်လေ့ရှိပြီး အခုလည်း ဓာတ်ပုံသွားရောက်ရိုက်ကူးရင်း အလှူပြုဖြစ်ခဲ့သူပါ။ မကြာသေးခင်ကလည်း အိမ်ကိုကြွလာတဲ့ဆရာတော်ကို ဝတ္ထုငွေ(၅)သိန်းနဲ့ Mask တွေ လှူဒါန်းခဲ့ပါသေးတယ်။ တကယ့်ကိုလေးစားစရာကောင်းတဲ့သူတစ်ယောက်ပါပဲနော်… Source : MyoMinSoe

Read More »

သူငယ်ချင်းတွေနဲ့အတူ ဝါဆိုသင်္ကန်းကပ်ကာအလှူတွေပြုဖြစ်ခဲ့ကြတဲ့အကြောင်း မျှဝေလာတဲ့မျိုးမင်းစိုး

ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီဇိုင်နာတစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိနေသလို လေးစားစရာစိတ်ဓာတ်ကိုပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူကတော့ လိုအပ်တဲ့နေရာမှာမကြာခဏဆိုသလို လှူလေ့ရှိတဲ့ သဒ္ဓါတရားထက်သန်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ မျိုးမင်းစိုးကတော့ ကာလဒါနလေးပြုဖြစ်တဲ့အကြောင်းကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေပေးလာပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ဒီနေ့မနက်စစ်ကိုင်းရတနာထွဋ်ခေါင်ကျောင်းတိုက်မှာ မအေးသောင်းရယ်သူငယ်ချင်းတွေရယ်စုပြီး ကာလဒါနဝါဆိုသင်္ဃန်းနဲ့ဝတ္ထူငွေများဆရာတော်ထံဆက်ကပ်လှူဒါန်းဖြစ်ပါတယ်။ နတ်လူသာဓုခေါ်ပါစေသော်” ဆိုပြီးတော့ အလှူပြုလုပ်နေတဲ့ပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို မျှဝေလာခဲ့တာပါ။ ဒီတစ်ခေါက်အလှူလေးကတော့ မအေးသောင်းအပါအဝင်သူငယ်ချင်းတွေပါဝင်တာဖြစ်ပြီး ပရိသတ်တွေကတော့ သူ့ရဲ့အလှူလေးအတွက် သာဓုခေါ်ခဲ့ကြပါတယ်။ ဘွဲ့တံဆိပ်တွေရရှိထားတဲ့ မျိုးမင်းစိုးကတော့ ပရဟိတစိတ်ဓာတ်လည်းရှိသလို အလှူအတန်းရက်ရောတာက တကယ့်ကို လေးစားစရာအချက်တစ်ချက်ပါပဲနော်… Source : MyoMinSoe

Read More »

ကြော်ငြာတွေရိုက်ကူးနေတာကြောင့် အထင်အမြင်လွဲမှားနေတဲ့သူတွေကို ပြောပြလာတဲ့ မျိုးမင်းစိုး

ဒီဇိုင်နာမျိုးမင်းစိုးကတော့ မြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးဒီဇိုင်နာတွေထဲကတစ်ယောက်ပါ။ သူကတော့ အခုရက်ပိုင်းမှာ ကြော်ငြာလေးတွေရိုက်ကူးလာတာလည်းဖြစ်ပြီး လူအချို့ကတော့ ဒီအပေါ်မှာအထင်အမြင်လွဲမှားလာတာလည်း ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ မျိုးမင်းစိုးကတော့ သေသေချာချာရှင်းလင်းပြောပြလာခဲ့တာပါ။ မျိုးမင်းစိုးကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “ကျွန်တော်ဒီရက်ပိုင်းအနုပညာအလုပ်လေးတွေလုပ်ဖြစ်နေတာအပျော်နဲ့ဝါသနာကြောင့်ပါနော်။စိတ်ထွက်ပေါက်တခုအနေနဲ့လုပ်နေတာပါနော် ငွေရေးကြေးရေးမက်ပြီးလုပ်နေတာမဟုတ်သလိုအနုပညာရှင်ဖြစ်ချင်နေလို့လုပ်နေတာလည်းမဟုတ်ပါဘူးနော်။ အနုပညာရှင်လည်းမဖြစ်ချင်ပါဘူးနော်။ဖြစ်နိင်တဲ့ရုပ်ရည်မရှိမှန်းလည်းဘွဲ့ရပညာတတ်မို့ကိုယ့်ကိုကိုယ်လည်းသိပါတယ်နော်….ကျွန်တော့်ရဲ့အဓိကအလုပ်ကdesigner အလုပ်ပါနော်။ ဒီdesigner အလုပ်ကလွဲပြီးဘာမှစိတ်မဝင်စားပါဘူး။ ကျွန်တော်က Designer မျိုးမင်းစိုးအဖြစ်ပဲအမြဲဖြစ်ချင်ရပ်တည်ချင်နေတာပါနော်။အမြဲဖြစ်နေအောင်လည်းကြိုးစားနေသူပါ။ ဘာလို့လည်းဆိုဒီအလုပ်နဲ့ပဲရှာဖွေပြီးလှူဒါန်းခဲ့တာသိန်းလေးထောင်ကျော်နေပါပြီနော်… ကျန်တော်စိတ်ပါတဲ့ကြော်ငြာဆိုကျွန်တော့်ဂုဏ်သိက္ခာကိုမထိခိုက်ရင်ရိုက်ပါတယ်နော်။ နောက်ထပ်လက်ခံထားတာတွေလည်းအများကြီးပါနော်။ ငွေရေးကြေးရေးအဓိကမဟုတ်လို့ အနုပညာကြေးရလို့ရိုက်ခဲ့တာတွေရှိခဲ့သလို မရပဲချစ်ခင်မှူစေတနာနဲ့ရိုက်ပေးခဲ့တာတွေလည်းအများကြီးရှိခဲ့ပါတယ်။ ဒီနေ့လည်းအရက်ကြော်ငြာတခုရိုက်ဖို့ဒေါ်လာနဲ့ကမ်းလှမ်းခြင်းခံရပေမဲ့ ကျန်တော်ငြင်းခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်ဟာနိင်ငံတော်သမ္မတကချီးမြင့်ထားတဲ့သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်သုဓမ္မမဏိဇောတဓရဘွဲ့ ကိုချီးမြင့်ခြင်းခံထားရတဲ့လူတယောက်ဖြစ်နေတဲ့အတွက်ကြောင့်ရဲရဲဝင့်ဝင့်ငြင်းလိုက်ရတာပါ။ ကျွန်တော်အတွက်ငွေးကြေးကမလိုအပ်ပါဘူးနော်။ ဂုဏ်သိက္ခာတခုသာစောင့်ထိန်းဖို့လိုအပ်တာပါနော်။မရိုက်လို့ ချေတယ်လို့ထင်မြင်ကြတဲ့သူတွေအတွက်ကျန်တော့်ရဲ့ရှင်းလင်းချက်လေးတခုပါနော်. ကျန်တော့်လုပ်လိုက်တဲ့အလုပ်တခုကဘယ်သူမှထိခိုက်မှူမရှိပံအကျိုးဖြစ်ထွန်းစေမဲ့အလုပ်အများပျော်ရွှင်ပြီးသာဓုခေါ်ရမဲ့အကျိုးရှိစေမဲ့အလုပ်မှန်သမျှဆိုကျန်တော်ငွေရသည်ဖြစ်စေမရသည်ဖြစ်စေအဓိကစိတ်ပါရင်ကျွန်တော့်အမြဲလုပ်နေမှာပါနော်”ဆိုပြီးတော့ ရေးသားထားပါတယ်။ ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီဇိုင်နာတစ်ယောက်အနေနဲ့အရည်အချင်းအပြည့်အဝရှိကာ အောင်မြင်နေသလို ပရဟိတတွေကိုအားတက်သရောလုပ်ကိုင်လေ့ရှိတာလည်း သိကြမှာပါ။ အခုဆိုရင်တော့ ငွေကြေးအဓိကမဟုတ်ဘဲအပျော်နဲ့ဝါသနာအရရိုက်ကူးနေတဲ့အပေါ်မှာအထင်အမြင်လွဲနေကြတာကို သေသေချာချာရှင်းပြလာတာဖြစ်ပြီး ခံယူချက်ကတော့တကယ့်ကိုလေးစားစရာပါပဲနော်… Source : MyoMinSoe

Read More »

အလုပ်နားတဲ့ ရက်မှာတောင် မနားဘဲအမေကြိုက်တာလေးတွေချက်ကျွေးခဲ့တဲ့ မျိုးမင်းစိုး


Read More »
x