Tag Archives: လှအဉ္ဇလီတင့်

သံဃာတော်တွေ ဆွမ်းဟင်းမခက်ခဲစေဖို့ အသားငါး အချိန်တစ်ရာကျော်လှူဒါန်းပေးခဲ့တဲ့ လှအဉ္ဇလီတင့်

တချိန်က ပရိသတ်အချစ်ကိုများစွာသိမ်းပိုက်ခဲ့တဲ့ မင်းသမီးချောလှအဉ္ဇလီတင့်ကတော့ အခုအချိန်မှာ နေ့စဉ်ဘဝကို ကုသိုလ်ကောင်းမှုတွေနဲ့ ယှဉ်တွဲရင်း ဖြတ်သန်းနေသူတစ်ယောက်ပါ။ ဘာသာ၊သာသနာရေးဘက်ကို အလေးထားသူတစ်ယောက်မို့ လူမှုကွန်ရက်ကိုလည်း မိတ်ဆွေတွေအတွက် ကုသိုလ်ရေးမျှဝေရာနေရာတစ်ခုအဖြစ်သာ သဘောထားသလို နေ့စဉ်တိုင်းလည်း မြတ်စွာဘုရားရှင်တွေအတွက် ကပ်လှူတဲ့ သူ့ရဲ့ဆွမ်း၊ကွမ်းအလှူလေးတွေကို မျှဝေပေးလျက်ရှိပါတယ်။ လှအဉ္ဇလီတင့်ကတော့ အခုလိုခက်ခဲနေတဲ့ကာလကြီးမှာ သာသနာ့တာဝန်ထမ်းဆောင်နေကြတဲ့ သံဃာတော်၊သီလရှင်တွေရဲ့ ဆွမ်းကိစ္စ မခက်ခဲအောင် ဖြည့်ဆည်းပေးကြဖို့ မိတ်ဆွေအပေါင်းအသင်းတွေကို တိုက်တွန်းထားသလို သူကိုယ်တိုင်လည်း မကြာသေးခင်ကမှ စားသောက်ကုန်တွေလှူဒါန်းပေးခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ အခြောက်အခြမ်းစားသောက်ကုန်တွေမဟုတ်ဘဲ ပံ့သကူသား ငါးနဲ့ပုဇွန် စုစုပေါင်း အချိန်တစ်ရာကျော် လှူဒါန်းပေးခဲ့ကြောင်း မျှဝေလာပါတယ်။ ရွေတိဂုံမှကျောင်း (၆) ကျောင်း၊ အိမ်အနီးအနားမှာရှိတဲ့ ကျောင်း(၄) ကျောင်း၊ ခြောက်ထပ်ကြီးဝင်းအတွင်းမှာရှိတဲ့ကျောင်းပေါင်း(၄၆) ကျောင်းစာအတွက် အာဟာရဒါနအလှူအနေနဲ့ ငါး(၆၆) ပိဿာ၊ …

Read More »

ဘုန်းကြီးကျောင်းနဲ့သီလရှင်ကျောင်း (၁၈) ကျောင်းအတွက် စားသောက်ကုန်တွေလှူဒါန်းပေးခဲ့တဲ့ လှအဉ္ဇလီတင့်

ပရိသတ်အချစ်တော်မင်းသမီးချောလှအဉ္ဇလီတင့်ကတော့ အနုပညာအလုပ်တွေရပ်နားခဲ့ပြီးနောက်ပိုင်းမှာတော့ ရွှေအဉ္ဇလီစားသောက်ကုန်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသူကာ ဘဝကိုရပ်တည်နေသူပါ။ ဘာသာ၊သာသနာရေးဘက်ကို ဦးစားပေးပြီးလုပ်နေသလို နေ့စဉ်နေ့တိုင်းလည်း မြတ်စွာဘုရားရှင်ကို သက်ရှိထင်ရှားဘုရားတစ်ဆူလိုစဉ်းစားပြီး ဆွမ်းဆက်ကပ်လှူဒါန်းလေ့ရှိကာ သူ့ရဲ့အလှူလေးတွေကိုလည်း ပရိသတ်ကို မျှဝေပေးလျက်ရှိပါတယ်။ ဒီနေ့မှာတော့ အခုလိုကိုဗစ်ကာလမှာ ခက်ခဲနေကြမယ့် ဘုန်းကြီးကျောင်းတွေအတွက် စဉ်းစားမိပြီး အလှူလေးတစ်ခုပြုလုပ်ထားကြောင်း မျှဝေလာပါတယ်။ ဒီလိုကာလမှာ ကိုဗစ်ကပ်ရောဂါကြောင့်လူတိုင်း ပူပန်နေကြရတာအမှန်ပါ။ လူတွေက စုဆောင်းထားတာတွေရှိတတ်သေးပေမယ့် တချို့သော သံဃာတော်၊ ကိုရင်လေး၊သီလရှင် စတဲ့သာသနာ့ဝန်ထမ်းတွေအတွက် တွေးမယ်ဆိုရင် အနည်းစုအဆင်ပြေတဲ့ ကျောင်းတွေရှိသလို အဆင်မပြေတဲ့ကျောင်းတွေလည်း ရှိမှာပဲလို့ တွေးမိရင် နိုင်သလောက် နည်းသည်များသည်မဟုတ် လှူကြဖို့ တိုက်တွန်းခဲ့ပြီး သူကိုယ်တိုင်လည်း ကျောင်း(၁၈) ကျောင်းစာအတွက် တစ်ကျောင်းစီကို ကြက်အူချောင်း၊ ပုန်းရည်ကြီး(၂) ပိဿာ၊ နှမ်းဖတ်ချဉ်ကြော်၊ မန်ကျည်းရွက်ချဉ်၊ မုန့်ဟင်းခါးအခြောက်ထုတ်တွေ …

Read More »

မေမေ့ရဲ့ မွေးနေ့မှာ ပိုက်ဆံပန်းစည်းကြီးလက်ဆောင်ပေးပြီး ဆုမွန်ကောင်းတောင်းပေးလိုက်တဲ့ လှအဉ္ဇလီတင့်

ပရိသတ်ရဲ့အချစ်တော်မင်းသမီးချောလေး လှအဉ္ဇလီတင့်ကတော့ လက်ရှိအချိန်မှာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ဘဲ စီးပွားရေးပဲ ဦးဆောင်လုပ်ကိုင်နေသူပါ။ ရွှေအဉ္ဇလီစားသောက်ကုန်လုပ်ငန်းကို ဦးဆောင်လုပ်ကိုင်ကာ ရွှေစိတ်ပျော်သုပ်နဲ့ ဝက်အူချောင်း စတဲ့ စားသောက်ကုန်တွေကို မြန်မာပြည်အနှံ့ဖြန့်ဖြူးလျက်ရှိပါတယ်။ မနေ့ကတော့ လှအဉ္ဇလီတင့်ရဲ့ မိခင်ကြီးမွေးနေ့ဖြစ်ပြီး မေမေ့မွေးနေ့အတွက် တစ်သောင်းတန်တွေနဲ့ ပြုလုပ်ထားတဲ့ ပန်းစည်းကြီး လက်ဆောင်ပေးခဲ့သလို မွေးနေ့ဆုမွန်ကောင်းတောင်းပြီး လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။ ” Happy birthday ပါ Mum… ကျန်းမာ ချမ်းသာစွာဖြင့် အသက်ရာကျော်ရှည်ပြီး တရားဘာဝနာများအားထုတ်နိုင်ပါစေ…. အလှူရေစက် လက်နဲ့မကွာလှူတန်းနိုင်ပါစေ…. ဒီဘဝမှာပဲ တရားထူး များရပါစေကြောင်း ဆုမွန် ကောင်းတောင်းလိုက်ပါတယ် ” ဆိုပြီး မေမေ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ မိဘကျေးဇူးအအထူးသိတတ်ပြီး ကောင်းမှုကုသိုလ်နေ့စဉ်ပြုနေတဲ့ လှအဉ္ဇလီတင့်ကတော့ တကယ်ကို အားကျအတုယူဖွယ်ရာပါပဲ …

Read More »

လတ်တလော ဘဝဖြတ်သန်းနေထိုင်မှုပုံစံကို ပရိသတ်တွေကို မျှဝေလိုက်တဲ့ လှအဉ္ဇလီတင့်

တစ်ချိန်တုန်းက အောင်မြင်တဲ့မင်းသမီးတစ်လက်အနေနဲ့ ရပ်တည်ခဲ့တဲ့ မျက်လုံးဝိုင်းဝိုင်း နှုတ်ခမ်းဖူးဖူးလေးနဲ့ လှအဉ္ဇလီတင့်ကိုတော့ ပရိသတ်တွေအမှတ်ရနေကြမှာပါနော်။ အနုပညာလောကနဲ့ အလှမ်းဝေးနေခဲ့တာ ကြာနေပြီဖြစ်တဲ့အပြင် ပရိသတ်ရှေ့ကပျောက်နေခဲ့တာမို့ အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကတော့ လှအဉ္ဇလီတင့်တစ်ယောက် ဘာတွေလုပ်နေသလဲ သိချင်နေကြမှာအမှန်ပါ။ လှအဉ္ဇလီတင့်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် တနေ့တာအကြောင်းအရာနဲ့ အလှူအတန်းပုံရိပ်လေးတွေ မျှဝေလေ့ရှိသူတစ်ယောက်ပါ။ အနုပညာအလုပ်တွေမလုပ်ဘဲ ဘာတွေလုပ်နေသလဲ သိချင်နေကြမယ့်ပရိသတ်ကြီးအတွက် လတ်တလောသူ့ရဲ့ဘဝရပ်တည်မှုပုံစံကို မျှဝေခဲ့ပါတယ်။ ” FB. က Fri တွေ တချို့ မိတ်ဆွေတွေ က ကျမ ဘာတွေ ရောင်းတယ် ဘာလုပ်တယ် မသိကြတော့ အလင်း ပြပါတယ်… ရွှေအဉ္ဇလီ ရဲ့ ရွှေစိတ်ပျော်သုပ် ဆိုပြီး ကျမ ကိုယ်တိုင် ကိုယ်ပိုင် အမည်ပေးပြီး လွန်ခဲ့ …

Read More »
x