ပရိသတ်အချစ်တော်အနုပညာရှင်တွေများစွာရှိသလို ပိုပိုနဲ့ဝင့်ယမုံနိုင်တို့ကိုလည်း ပရိသတ်တွေသိကြမှာပါ။ ဝင့်ယမုံနိုင်ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေ စတင်ခေတ်စားလာကလည်းက ပရိသတ်တွေ “အချစ်သင်္ကေတ” ဇာတ်လမ်းတွဲနဲ့ ကြိုက်နှစ်သက်ခဲ့ရသူပါ။ ပိုပိုကတော့ ပရိသတ်တွေကို သီချင်းကောင်းလေးတွေဖန်တီးပေးနေသူမို့ အချစ်ပိုရတဲ့နာမည်ကျော်အဆိုတော်တစ်လက်လည်း ဖြစ်ပါတယ်။ နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့သူတို့နှစ်ဦးကတော့ ဝါဆိုလပြည့်နေ့မှာ ကောင်းမှုကုသိုလ်တွေလုပ်ဖို့ မမေ့ကြပါဘူး။ သူတို့နှစ်ဦးကတော့ ဝါဆိုသင်္ကန်းကပ်တဲ့အလှူလေးကို “ဝါဆိုလပြည့်နေမှာ အတူတူကုသိုလ်ယူကြတယ်” ဆိုပြီးတော့ ရေးသားကာ အလှူအတန်းပြုလုပ်နေတဲ့ပုံလေးတွေနဲ့အတူ ပရိသတ်တွေကို ဖေ့ဘွတ်ခ်မှတစ်ဆင့်အသိပေးမျှဝေလာခဲ့ပါတယ်။ မြန်မာဆန်ဆန်ဝတ်စုံလေးတွေကိုဝတ်ကာ အလှူပြုနေတဲ့ပုံရိပ်လေးတွေကတော့ ပရိသတ်တွေရင်ကိုအေးစေသလို အလှူကိုလည်း ကြည်နူးတဲ့ခံစားချက်တွေကူးစက်စေခဲ့ပါတယ်။ ဝါတွင်းကာလစတင်ဝင်ရောက်လာကတည်းက အလှူတွေပြုလုပ်နေတဲ့ သူတို့နှစ်ဦးကတော့ အနုပညာအလုပ်တွေလည်း ဆက်တိုက်လုပ်ကိုင်လျက်ရှိတာပါ။ ပိုပိုနဲ့ဝင့်ယမုံနိုင်တို့ရဲ့ပရိသတ်တွေရှိကြလားနော်… Source : WintYamoneNaing
Read More »Tag Archives: ဝင့်ယမုံနိုင်
ထောင်ဒဏ်ကျခံရာပြန်လည်လွတ်မြောက်လာတဲ့ မေသန်းနုအတွက် ဝမ်းမြောက်ပျော်ရွှင်နတဲ့ ဝင့်ယမုံနိုင်
ရုပ်ရှင်သရုပ်ဆောင်မေသန်းနုကတော့ ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ နဲ့ အင်းစိန်မှာထောင်ဒဏ်တစ်နှစ်ကျခံနေရတာဖြစ်ပြီး မနေ့ကပဲ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။ ခြောက်လခန့်အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံခဲ့ရတာဖြစ်ပြီး အခုလိုပြန်လည်လွတ်မြောက်လာမှုအတွက် မိသားစုအသိုင်းအဝိုင်းသာမကပရိသတ်တွေကပါ ဝမ်းသားပျော်ရွှင်နေကြတာပါ။ ဒီနေ့မှာတော့ မေသန်းနုက မီဒီယာတွေနဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး မေးခွန်းတွေကိုလည်း ဖြေကြားခဲ့တာပါ။ မေသန်းနုရဲ့လွတ်မြောက်လာမှုကိုတော့ ရုပ်သံဇာတ်လမ်းတွဲမင်းသမီးတစ်လက်ဖြစ်တဲ့ ဝင့်ယမုံနိုင်ကတော့ ဝမ်းသာကြည်နူးနေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ မေသန်းနုနဲ့ရိုက်ထားတဲ့ ဓာတ်ပုံလေးနဲ့အတူ “တီဆင့်အတွက် အရမ်းဝမ်းသာပါတယ် … မင်္ဂလာအချိန်လေးပါ” ဆိုပြီးတော့ရေးသားထားတာပါ။ မေသန်းနုကတော့ ပြောင်မြောက်တဲ့အနုပညာအရည်အချင်းတွေကြောင့် အကယ်ဒမီဆုကြီးကို (၅)ထပ်ကွမ်းရရှိခဲ့တာပါ။ အခုဆိုရင်တော့ ထောင်ဒဏ်ကျခံနေရတာက ပြန်လည်လွတ်မြောက်လာပြီဖြစ်တာကြောင့် အနုပညာဖန်တီးမှုတွေမှာ ပြန်လည်မြင်တွေ့ရတော့မယ် ထင်ပါရဲ့နော်… Source : WintYamoneNaing
Read More »