မင်းသားချောအလင်းရောင်ကတော့ ပရိသတ်အားပေးမှုရရှိထားတဲ့မင်းသားတွေထဲကတစ်ယောက်လည်း ဖြစ်ပါတယ်။ အလင်းရောင်ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ကောင်းမွန်သလိုအဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတာပါ။ အလင်းရောင်ကတော့ ပရိသတ်တွေကို သူ့ရဲ့လှုပ်ရှားမှုတွေမကြာခဏဆိုသလို မျှဝေပေးလေ့ရှိသလို ဒီနေ့မှာလည်း “Light’s Diary ကနေ ပထမဦးဆုံးအနေနဲ့ ကျွန်တော်နေ့စဉ်ဖြတ်သန်းဖြစ်တဲ့ တစ်နေ့တာပုံရိပ်လေးတွေကို တင်ဆက်လိုက်ပါတယ်…..နောက်ထပ် အသစ်အသစ်သော […]

ဂျွန်လွင်ကတော့ Stars & Models အေဂျင်စီကိုတည်ထောင်ထားသူတစ်ယောက်ဖြစ်သလို မျိုးဆက်သစ်မော်ဒယ်လ်တွေကိုလည်း မွေးထုတ်ပေးနေသူတစ်ယောက်ပါ။ သူ့ကိုတော့ အနုပညာလောကမှ အနုပညာရှင်တော်တော်များများက ဆရာတစ်ယောက်အဖြစ်လေးစားကြသလို လိုအပ်တဲ့နေရာမှာ ဝင်ရောက်ညှိနှိုင်းပေးတာကြောင့်လည်း လေးစားခြင်းခံရသူပါ။ အခုဆိုရင်တော့ ဆရာဖြစ်သူဂျွန်လွင်နဲ့ မင်းသားချောအလင်းရောင်တို့ရဲ့ မပြေမလည်ဖြစ်ခဲ့တဲ့(၆)နှစ်တာ ပြဿနာတွေပြေလည်သွားပြီလည်း ဖြစ်ပါတယ်။ […]

အလင်းရောင်ကိုတော့ ရုပ်ရှင်ဇာတ်ကားတွေထဲက သရုပ်ဆာင်ချက်တွေသာမက သီချင်းတွေကြောင့်လည်း ပရိသတ်တွေကချစ်ခင်အားပေးကြတယ်လို့ဆိုရမှာပါ။ ဒါ့အပြင်စိတ်ထားကောင်းတဲ့ အလင်းရောင်ကတော့ လိုအပ်တဲ့နေရာတွေမှာလည်း သွားရောက်လှူဒါန်းတတ်တဲ့ စိတ်ထားလေးရှိသူတစ်ယောက်ပါ။ သူ့ရဲ့ဖေ့ဘွတ်ခ်မှာသူငယ်ချင်းတွေနဲ့စုပြီးတော့ အလှူတွေလုပ်ဖြစ်တဲ့အကြောင်းကို “မနေ့က ကျွန်တော်တို့ သူငယ်ချင်းတစုရဲ့ စုပေါင်းအလှူလေးပါ…အခုလိုကာလမှာ တိရစ္ဆာန်ရုံလည်း ပိတ်ထားရတော့ လာလည်တဲ့သူတွေမရှိတဲ့အခါ… သူတို့လေးတွေလည်း […]