ပရိသတ်ကြီးရေ.. ပြည်သူ့အချစ်တော် မင်းသားချောနိုင်နိုင်းကတော့ သူ့ရဲ့မွေးနေ့လေးမှာ မွန်မြတ်တဲ့အလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ် ။ ဒီဇင်ဘာ(၂)ရက်နေ့ က နိုင်နိုင်းရဲ့ အသက်(၄၂)ပြည့် မွေးနေ့လေးဖြစ်ပြီး မိသားစုနဲ့ဝေးနေပေမယ့် ညီဖြစ်သူ သရုပ်ဆောင် အောင်မင်းခန့်နဲ့အတူ သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။ ဒီဇင်ဘာ (၂) ရက်နေ့ မနက်က မှော်ဘီနမ့်ခမ်းကျောင်းမှာ ရှိတဲ့ သံဃာတွေကို သွားရောက်လှူဒါန်း ကုသိုလ်ယူခဲ့တာပဲဖြစ်ပါတယ် ။ မွေးနေ့ အလှူလေးကို ဝိုင်းကူ ဝိုင်းလှူ ၇ရက်သားသမီး အပေါင်း သာဓုခေါ်တိုင်ပါစေ လို့လည်း နိုင်နိုင်းကလူမှုကွန်ရက်စာမျက်နှာကနေတဆင့်ရေးသားဖော်ပြခဲ့ပါတယ် ။ လာလှူချင်တဲ့ ချစ်ပရိသတ်တွေကိုလည်း မှော်ဘီနမ့်ခမ်းကျောင်းမှာလာရောက်လှူဒါန်းနိုင်ကြောင်း ပြောပြထားပါသေးတယ် ။ ပရိသတ်တွေကတော့ နိုင်နိုင်းရဲ့ မွေးနေ့အလှူလေးအတွက် သာဓုတွေခေါ်ဆိုခဲ့ကြပြီး မွေးနေ့ဆုမွန်ကောင်းတွေလည်း အများကြီးပေးခဲ့ကြပါတယ် ။ …
Read More »Tag Archives: Actor 99
ကိုဗစ်ကပ်ရောဂါကို ကျော်လွှားနိုင်မယ့်နည်းလမ်းလေးကို အကြုံပြုလိုက်တဲ့ နိုင်နိုင်း
မင်းသားချောနိုင်းနိုင်ကတော့ မကြာသေးခင်ကမှ မိသားစုရှိရာနယူးယောက်မြို့ကနေ ပြန်လာသူဖြစ်ပြီး Hotel Quarantine ဝင်ခဲ့ပြီးနောက်ပိုင်းမှာတော့ လတ်တလော Home Quarantine ဝင်နေပါတယ်။ ကိုဗစ်ကပ်ရောဂါကို ကျော်လွှားနိုင်ဖို့ သူကိုယ်တိုင်သတိရှိရှိ ကာကွယ်နေသလို ပရိသတ်ကြီးကိုလည်း ဗွီဒီယိုလေးနဲ့အကြံပြုခဲ့ပါတယ်။ ဒီဗွီဒီယိုလေးထဲမှာတော့ လတ်တလောအစိုးရက ချမှတ်ထားတဲ့ (၁၄) ရက်ကို တတ်နိုင်ရင် အိမ်မှာပဲနေပေးကြဖို့ ၊ အိမ်မှာပဲနေခြင်းအားဖြင့် ကိုယ်ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်ကလူတွေပါ နှစ်အများကြီးအသက်ရှင်ချိန်ရအောင် လုပ်ပေးလိုက်တာနဲ့အတူတူပဲဖြစ်ကြောင်း ပြောထားပါတယ်။ ဒါ့အပြင်”အခုချိန်က အိမ်မှာနေရမယ့်အချိန်ပါ၊ အခုအချိန်က မျှော်လင့်ချက်တွေရှင်သန်နေရမယ့်အချိန်ပါ၊ အခုချိန်က အကြင်နာ၊ကရုဏာထားရမယ့်အချိန်ပါ၊ အခုအချိန်က တစ်ယောက်နဲ့တစ်ယောက် အားပေးကူညီနေရမယ့်အချိန်ပါ ” ဆိုပြီးတော့လည်း ရင်ထဲကစကားလေးတွေ ကို မျှဝေခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ.. အခုလို တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ကိုဗစ်ကပ်ရောဂါဆိုးကြီးကို ကျော်လွှားနိုင်ဖို့ …
Read More »တစ်နေ့တစ်နေ့ ရဲဘော်လေးတွေနဲ့ဘာဆော့ရမလဲ စဉ်းစားရတာအလုပ်တစ်ခုလို့ ဆိုလာတဲ့ နိုင်နိုင်း
ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင်နိုင်နိုင်းကတော့ တည်ကြည်ခန့်ညားတဲ့ဥပဓိရုပ်နဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ သူ့ရဲ့ချစ်ဇနီးလေးနဲ့ ကလေး လေးယောက်ကတော့ နယူးယောက်မြို့မှာနေထိုင်ပြီး နိုင်နိုင်းကတော့ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေလာလုပ်လိုက်၊ မိသားစုရှိရာ နယူးယောက်မြို့ကို ပြန်လိုက်နဲ့ အသွားအပြန်လုပ်နေတယ်လို့ ဆိုရမှာပါ။ လတ်တလောမှာတော့ နိုင်နိုင်းတစ်ယောက် မိသားစုရှိရာ နယူးယောက်မြို့ကို ရောက်ရှိနေပြီး ရဲဘော်လေးတွေနဲ့အတူ ပျော်ရွှင်စရာအချိန်တွေ ဖန်တီးလျက်ရှိပါတယ်။ နေ့တိုင်းနီးပါး ကလေးတွေပျော်ဖို့ အဆန်းထွင်ဆော့ပေးလေ့ရှိသလို သူတို့ရဲ့ ပျော်စရာအချိန်လေးတွေကိုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မျှဝေပေးလျက်ရှိပါတယ်။ ဒီနေ့မှာလည်း ” တစ်နေ့တစ်နေ့ ဘာဆော့ရမလဲ စဉ်းစားရတာလဲ အလုပ်တစ်ခု။ ကိုယ်တွေသာ မောသွားမယ်…. သူတို့ကတော့ အလံမလဲ ” ဆိုတဲ့စာသားလေးနဲ့အတူ သားအဖတွေ ပျော်ရွှင်စွာဆော့ကစားနေတဲ့ ဗွီဒီယိုလေးကို မျှဝေပေးခဲ့ပါတယ် ပရိသတ်ကြီးရေ.. ဖေဖေပြန်လာတိုင်း …
Read More »နယူးယောက်မြို့က အိမ်ကိုပြန်ရောက်တုန်း သားလေးကို ကိုယ်တိုင်ဆံပင်ညှပ်ပေးနေတဲ့ နိုင်နိုင်း
နိုင်နိုင်းကတော့ ယောကျ်ားပီသတဲ့ခန္ဓာကိုယ်နဲ့ မိန်းကလေးတိုင်းစွဲမက်ဖွယ် တည်ကြည်ခန့်ညားတဲ့မျက်နှာကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ လက်ရှိအချိန်မှာတော့ ချစ်ဇနီးလေးအပြင် သားသမီးလေးယောက်တို့နဲ့ အတူ ဖခင်ကောင်းတစ်ယောက်အဖြစ် ပျော်ရွှင်အေးချမ်းတဲ့ဘဝကို တည်ဆောက်ထားသူလည်း ဖြစ်ပါတယ်။ ဇနီးသည်နဲ့ ကလေးတွေကတော့ အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့မှာ အခြေချနေထိုင်လျက်ရှိပြီး နိုင်နိုင်းကတော့ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေလုပ်ရင်း အားလပ်ချိန်တိုင်း မိသားစုဆီကို ပြန်လေ့ရှိသူပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းကတော့ ချစ်ရတဲ့မိသားစုလေးရှိရာ နယူးယောက်မြို့ကို ပြန်ခဲ့ပြီး ကလေးတွေကို စပရိုက်လုပ်ခဲ့ကာ မိသားစုပျော်စရာအချိန်လေးဖန်တီးထားတဲ့ ဗွီဒီယိုလေးကိုတော့ ပရိသတ်တွေလည်း သဘောကျခဲ့ကြမှာပါနော်။ ဒီနေ့မှာတော့ ချစ်ရတဲ့သားလေးကို ကိုယ်တိုင်ဆံပင်ညှပ်ပေးနေတဲ့ ပုံရိပ်တချို့နဲ့အတူ ” ဆံသဆရာလည်း ဖြစ်တယ်နော်….အိမ်အရောက်လိုက်ညှပ်ပေးသည်” ဆိုတဲ့စာသားလေးရေးသားကာ မျှဝေခဲ့ပါတယ်။ နိုင်နိုင်းတို့ မိသားစုပုံလေးကို ကြည့်ပြီး တကယ်ကို အချစ်တွေလွှမ်းခြုံထားတဲ့မိသားစုလေးလို့ ခံစားမိစေမှာ အမှန်ပါပဲ …
Read More »