စင်္ကာပူနိုင်ငံကကျင်းပတဲ့ Asian Academy Creative Awards ကတော့ အာရှ-ပစိဖိတ်ဒေသတွင်းမှာရှိတဲ့ ရုပ်ရှင်နဲ့မီဒီယာနယ်ပယ်ကထူးချွန်သူတွေကို ဆုချီးမြှင့်တဲ့ပွဲဖြစ်ပြီး အခုနှစ်ဟာ တတိယအကြိမ်မြောက်ကျင်းပတာလည်း ဖြစ်ပါတယ်။ ဒီတစ်နှစ်အတွက်တော့ နိုင်ငံအသီးသီးမှ နိုင်ငံကိုယ်စားပြုဆုရရှိသူစာရင်းထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ နိုင်ငံအသီးသီးမှဆုရရှိသူတွေဟာ ဆန်ခါတင်ရွေးချယ်ခံရသူတွေအဖြစ် Grand Final ပွဲကြီးမှာဆက်လက်ယှဉ်ပြိုင်ရဦးမှာပါ။ မြန်မာနိုင်ငံကနေပြီးတော့ မနှစ်က(၂၀၁၉) ခုနှစ်မှာတော့ နိုင်ငံကိုယ်စားပြု (National Winner) ဆုခြောက်ဆုရရှိပြီး Grand Final မှာတော့အကောင်းဆုံးဇာတ်လမ်းတိုဆုနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု (၂) ဆုရရှိခဲ့ပါတယ်။ ဒီတစ်နှစ်အတွက်တော့မြန်မာ့ကိုယ်စားပြုအနေနဲ့ (၁၁)ဆုရရှိခဲ့ပါတယ်။ အဲ့ဒီဆုတွေကတော့ (၁) အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု – ခါရာ (လောကကြိုးဝိုင်း) (၂) အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု- ပန်းရောင်ခြယ် (လိပ်ပြာ- အမှန်တရားရဲ့ ဓါးတစ်လက်) (၃) အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု – …
Read More »