Tag Archives: Aung Htet

မွေးနေ့မှာလိုအပ်တဲ့နေရာတွေမှာလှူဒါန်းခဲ့ပြီး နေအိမ်မှာပါဆွမ်းကပ်လှူဒါန်းခဲ့တဲ့ အောင်ထက်

အောင်ထက်ကတော့ ပရိသတ်တွေရဲ့အချစ်တွေကိုရရှိထားတဲ့ နာမည်ကျော်အဆိုတော်တွေထဲကတစ်ယောက်ပါ။ အိမ်မက်ဆုံရာ ပြိုင်ပွဲကနေစပြီး ပရိသတ်တွေအချစ်ကိုရရှိလာတဲ့ အောင်ထက်ကတော့ ပရိသတ်တွေကြိုက်နှစ်သက်အားပေးရတဲ့ သီချင်းအယ်လ်ဘမ်တွေလည်း ထွက်ရှိခဲ့ပြီးပါပြီ။ မနေ့ကတော့ အောင်ထက်ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်ပြီး မွေးနေ့လေးမှာ အကျိုးရှိတဲ့ကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ခဲ့ပါတယ်။ လိုအပ်တဲ့နေရာတွေမှာ အလှူငွေတွေကုသိုလ်ပြုခဲ့သလို အိမ်မှာလည်း ဝါဆိုသင်္ကန်းကပ်ကာ ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။ သူ့ရဲ့ကုသိုလ်ကောင်းမှုအစုစုကို သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ” ယနေ့ မွေးနေ့အလှူ ကျွန်တော်နဲ့အတူပါဝင်ကုသိုလ်ပြုကြတဲ့ မိသားစုတွေအားလုံး အေးချမ်းငြိမ်းချမ်းကြပါစေ ကုသိုလ်အားလုံးကို မျှဝေပါတယ်” ဆိုပြီးတော့ ရေးသားခဲ့ပါတယ်။ အောင်ထက်ကတော့ မွေးနေ့အလှူပုံရိပ်လေးတွေကို ပရိသတ်ကိုဝေမျှခဲ့ပြီး ပရိသတ်တွေကလည်းအလှူအတွက် ကြည်နူးပီတိဖြစ်ခဲ့ကြပါတယ်။ အောင်ထက်တစ်ယောက် သက်ဆုံးတိုင်အနုပညာလောကမှာအောင်မြင်ရုံသာမက အခုလိုပဲလှူနိုင်တန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ Source : AungHtet

Read More »

အောင်ထက်ရဲ့မွေးနေ့လေးမှာ သတိတရနဲ့မွေးနေ့ဆုမွန်ကောင်းတောင်းလာတဲ့ ကေကေမိုး

အိမ်မက်ဆုံရာပြိုင်ပွဲကနေစပြီး ပရိသတ်တွေချစ်ရတဲ့ အဆိုတော်အောင်ထက်ကတော့ ပရိသတ်တွေရဲ့အရှေ့ကိုရောက်လာတာ နှစ်တွေကြာခဲ့ပါပြီ။ အောင်ထက်ကတော့ သီချင်းအယ်လ်ဘမ်ခွေတွေလည်း ထွက်ရှိအောင်မြင်ထားပြီးလည်း ဖြစ်ပါတယ်။ ဒီနေ့ကတော့ အဆိုတော်အောင်ထက်ရဲ့မွေးနေ့ရက်မြတ်လေးပါ။ သူ့ရဲ့မွေးနေ့လေးမှာတော့ဖေ့ဘွတ်ခ်မှာ ဂစ်တာတစ်လက်ကိုင်ထားတဲ့ပုံလေးနဲ့အတူ “Happy Birthday to me” ဆိုပြီးတော့ ရေးသားထားပါသေးတယ်။ မွေးနေ့လေးမှာတော့ ပရိသတ်တွေကဝိုင်းပြီးတော့ ဆုမွန်ကောင်းတောင်းပေးခဲ့ကြသလို အဆိုတော်ကေကေမိုးကလည်း သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “Happy Birthday ပါချစ်ကိုကြီးAung Htet မွေးနေ့မှာပျော်ရွှင်ပါစေ ခင်မင်မှုအတိုင်းတာလည်းဆယ်စုနှစ်တောင်ပြည့်ခဲ့ကြပီ ဒီလိုလေးပျော်ပျော်ရွှင်ရွှင်ဆက်နေသွားကြမယ် အတူတူဆက်ပီးတော့လဲကြိုးစားကြမယ် လူပျိုကြီးဘဝကလဲမြန်မြန်ကျွတ်ပါစေရှင့်” ဆိုပြီးတော့ အရင်ကပုံလေးတွေနဲ့အတူ ရေးသားထားပါသေးတယ်။ အောင်ထက်ကတော့ အနုပညာအလုပ်တွေကိုလုပ်နေသလို ပရိသတ်တွေရဲ့အချစ်တွေကိုလည်း ရရှိထားသူပါ။ လက်ရှိမှာလည်း အနုပညာအသစ်တွေဖန်တီးနေတဲ့အောင်ထက်ကတော့ ဒီနေ့မှာမွေးနေ့လေးကျရောက်ခဲ့ပါပြီ။ အဆိုတော်အောင်ထက်တစ်ယောက် ဂီတလောကမှာ ပရိသတ်တွေအချစ်နဲ့အတူ အောင်မြင်တဲ့အဆိုတော်အဖြစ်ထာဝရရပ်တည်နိုင်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ Source …

Read More »

ဂီတလောကထဲမှာစတင်ရောက်လာဖြစ်ခဲ့တဲ့ မှတ်တိုင်လေးတစ်ခုကို သတိတရပြောပြလာတဲ့ အောင်ထက်

တေးသီချင်းကောင်းများစွာနဲ့ပရိသတ်တွေရဲ့ရင်ထဲမှာ အခိုင်အမာနေရာယူထားနိုင်တဲ့ နာမည်ကျော်အဆိုတော်တွေထဲမှာ အောင်ထက်တစ်ယောက်လည်း အပါအဝင်ပါ။ ပရိသတ်တွေချစ်ခင်အားပေးမှုကိုရရှိလာတာနှစ်တွေကြာနေပြီဆိုပေမဲ့ ပရိသတ်တွေရင်ထဲစတင်ဝင်ရောက်လာခဲ့တဲ့ အဖြစ်အပျက်လေးကိုတော့ သတိတရနဲ့ ပြန်လည်ဝေမျှလာတာပါ။ အောင်ထက်ကတော့ “ဒီနေ့ဟာ ကျွန်တော် အိပ်မက်ဆုံရာ-ရာသက်ပန် သီချင်းဆိုပြိုင်ပွဲမှာ ဆုရခဲ့တာ ၅ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်..5-7-2015 ကစပြီး ဒီနေ့အထိဂီတလောကထဲမှာ ကောင်းကောင်းမွန်မွန်အလုပ်လုပ်ခွင့်ရခဲ့ပါတယ် သီချင်း Album အသစ်တွေ ထွက်ခွင့်ရတယ် Show တွေအများကြီးလည်း ဆိုခွင့်ဖျော်ဖြေခွင့်ရခဲ့တယ် အဲဒီအတွက် ကျွန်တော့်ရဲ့ကြိုးစားမှုတွေကို အသိအမှတ်ပြုအားပေးကြတဲ့ သီချင်းချစ်သူပရိတ်သတ်များ၊ ဂီတလောကမှ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာများနဲ့ ကျွန်တော့်ကို ဂရုစိုက်ပြီးဖေးမချစ်ခင်ပေးကြတဲ့ ဂီတညီအစ်ကိုမောင်နှမများအားလုံးနဲ့ အတူတူလက်တွဲပြီး အလုပ်လုပ်ခွင့်ရခဲ့တဲ့ Company များ၊မီဒီယာများ၊ အဓိကတော့ ကျွန်တော့်ရဲ့သီချင်းတွေကို နားဆင်ခံစားအားပေးကြတဲ့ သီချင်းချစ်သူပရိတ်သတ်များ အားလုံးအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ… နောက်ထပ်နောက်ထပ်နောက်ထပ်လည်း ဒီထက်ပိုပြီးကြိုးစားဖန်တီးတဲ့သီချင်းတွေကို ဒီထက်ပိုပြီးနားဆင်ခံစားကြပါခင်ဗျာ …

Read More »
x