Tag Archives: Aung Lay

Covid (19) ရောဂါပိုးကူးစက်မှုများစွာခံနေရတဲ့ ရခိုင်ပြည်နယ်အတွက် အလှူငွေလှူဒါန်းခဲ့တဲ့ အောင်လေး

အပြုံးချိုချိုနဲ့စတိုင်ကျတဲ့ မော်ဒယ်လ်၊မင်းသားချောအောင်လေးကိုတော့ ပရိသတ်တွေသိကြမှာပါ။ မဒီလေးတွေဝန်းရံခြင်းခံရတဲ့ မင်းသားတွေထဲမှာလည်း တစ်ယောက်အပါအဝင်လို့ဆိုမယ့် သူတစ်ယောက်ပါ။ တက်သစ်စအနေနဲ့အနုပညာအလုပ်တွေကိုလုပ်နေတဲ့အောင်လေးကတော့ သူ့ရဲ့လှုပ်ရှားမှုတွေကို ပရိသတ်တွေကို မကြာခဏဆိုသလို ချပြလေ့ရှိပါတယ်။ အောင်လေးကတော့ အခုလိုကိုဗစ်ကာလမှာကူးစက်မှုမြန်ဆန်နေတဲ့ အချိန်မှာ ကူညီဖို့မမေ့တဲ့သူတစ်ယောက်ဖြစ်ပြီး “သာလီစွပါနန်း?အမျိုးတိအဂုအချိန်မှာ ကျနော်တို့ ရခိုင်ပြည်မှာ ကိုဗစ်(၁၉) ကူးစက်ဖြစ်ပွါးမူက်ဆိုးကနီ အလျင်အမြန် လွတ်မြောက်နိုင်ဖို့အတွက် ကျမ္မာရေးနှင့် အားကစားဝန်ကြီးဌါနမှ ချက်မှတ်ထားရေစည်းကမ်းများကို လိုက်နာပီးစီချင်ပါရေ?အမျိုးရို့ ကျမ္မာ ချမ်းသာစီဖို့ ဆုတောင်းပါရေ? ကိုဗစ်(၁၉)ကာလအတွင်း ရခိုင်ပြည်ကျမ္မာရေးဌါနသုံးစွဲရန် စေတနာသန့်သန့်နှင့် အလှူငွေတစ်သိန်းထည့်ဝင်လှူတန်းပါရေ” ဆိုပြီးတော့ ရခိုင်သားပီပီရေးသား မျှဝေလာခဲ့တာပါ။ အောင်လေးကတော့ ရခိုင်ဗမာကပြားလေးတစ်ယောက်ဖြစ်ပြီး ဖခင်ဖြစ်သူကတော့ စစ်တွေမြို့ကလို့သိရပါတယ်။ အခုလိုရခိုင်ပြည်နယ်ရဲ့ကျန်းမာရေးအခြေအနေကိုလည်း ပိုမိုကောင်းမွန်လာစေလို့ဆန္ဒရှိနေတာဖြစ်ပြီး အလှူလေးအကြောင်းကိုဖော်ပြလာခဲ့ပါတယ်။ Source : AungLay

Read More »
x