မအေးသောင်းလို့သိကြတဲ့ အေးဝတ်ရည်သောင်းကတော့ အနုပညာသက်တမ်း(၁၀)စုနှစ်ကျော်မှာနုပျိုလှပနေဆဲဖြစ်ပြီး ပုရိသတွေရဲ့ဝန်းရံအားပေးခြင်းခံရသူတစ်ယောက်ပါ။ ဒါ့အပြင် မအေးသောင်းကတော့ သူ့ရဲ့ခံစားချက်တွေကို ကဗျာဆန်ဆန်စာလေးတွေရေးလေ့ရှိတာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုကြပါသေးတယ်။ မအေးသောင်းကတော့ ပရိသတ်တွေကို ချစ်စရာကောင်းတဲ့ပုံလေးတွေမကြာခဏမျှဝေလေ့ရှိသူပါ။ အခုလိုအချိန်မှာတော့ ခရစ္စမတ်ပုံရိပ်လေးတွေကိုမျှဝေလာခဲ့ပြီး ဒီနှစ်ခရစ်စမတ်ကပိုလွမ်းစရာကောင်းနေတာလားကွယ် သူရောပဲကိုယ့်လိုလွမ်းနေမလားဆောင်းတွင်းမှာလည်းအတူတူရှိမယ်ဆို လို့ ဖေ့ဘွတ်ခ်မှာ ရင်ဖွင့်ရေးသားထားပါတယ်။ […]

မအေးသောင်းဆိုပြီးပရိသတ်တွေအချစ်ကိုရရှိထားသူ အေးဝတ်ရည်သောင်းကတော့ မြန်မာဆန်ဆန်ဝတ်စားဆင်ယင်မှုတွေကြောင့် ပရိသတ်တွေကြားနာမည်ကြီးလှသူပါ။ သူ့ရဲ့အချိုးအစားကျလှတဲ့ခန္ဓာကိုယ်အလှအပြင် ကဗျာဆန်ဆန်စာတွေရေးတာကြောင့်လည်း ပရိသတ်တွေကအချစ်ပိုနေရတာပါ။ မအေးသောင်းကတော့ နိုင်ငံရပ်ခြားမှာနေထိုင်နေတဲ့အစ်မဖြစ်သူအတွက်စိတ်ပူနေပုံရပါတယ်။ အစ်မဖြစ်သူ နှင်းဝတ်ရည်သောင်းကတော့ အင်္ဂလန်နိုင်ငံမှာနေထိုင်နေတာဖြစ်ပြီး ရောဂါဖြစ်ပွားမှုနှုန်းတွေတက်နေပေမယ့်လည်း အလုပ်လုပ်နေရသေးတာပဲဖြစ်ပါတယ်။ မအေးသောင်းကတော့ သူ့ရဲ့ဖေ့ဘွတ်ခ်မှာ “မိသားစုနဲ့ခွဲနေရတဲ့ အဝေးရောက်နေတဲ့မကြီး ခုထိအလုပ်လုပ်နေရတုန်းတဲ့ အလုပ်မပြုတ်တာဝမ်းသာပေးရမှာလား […]

လတ်တလော ပရိသတ်တွေကြားမှာ ရေပန်းစားနေတာကတော့တစ်ချိန်ကြော်ငြာဘုရင်မ အဖြစ် နာမည်ကြီးခဲ့တဲ့ နိုင်ငံကျော်မင်းသမီး ထက်ထက်မိုးဦးရဲ့ Live လွှင့်ပြီး ဈေးရောင်းနေတဲ့ ကိစ္စပါ ။ ခုချိန်ထိ ပရိသတ်တွေကြားမှသူမရဲ့ အောင်မြင်မှု အရှိန်မသေသေးပုံကတော့ သိန်းပေါင်း ထောင်ချီအောင်ရောင်းကောင်းတဲ့ ထိ ပရိသတ်တွေအားပေးကြမ်းခဲ့တာပါ […]

အနုပညာသက်ကြာမှ စန်းပြန်ထပြီး အောင်မြင်မှုတွေသိမ်းပိုက်လာသူကတော့ မအေးသောင်းပါ။ အချိန်အနည်းငယ်လောက် ပရိသတ်ရှေ့မှာပျောက်နေခဲ့ပေမယ့် အခုဆိုရင် ရုပ်ရှင်၊ဇာတ်လမ်းတွဲ၊ ကြော်ငြာရိုက်ကူးရေးတွေဆက်တိုက်လုပ်လာရတဲ့အထိ ပြန်လည်အောင်မြင်လာသူတစ်ယောက်ပါ။ မအေးသောင်းကတော့ မြန်မာမိန်းကလေးတော်တော်များများမှာ ရှိတဲ့အရပ်ထက် ပိုရှည်သူဖြစ်သလို ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသူမို့ ငယ်ရွယ်စဉ်ကျောင်းသူဘဝကတည်းက မော်ဒယ်လ်စလုပ်ခဲ့သူဖြစ်ပြီး အနုပညာသက် အတော်ကြာနေပြီလို့ဆိုရမှာပါ။ […]

မအေးသောင်းကတော့ ပရိသတ်တွေရှေ့က နှစ်အနည်းငယ်ပျောက်သွားပြီးနောက် လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေနဲ့ ပြန်ရောက်ရောက်ရှိလာသူတစ်ယောက်ပါ။ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ မြန်မာဝတ်စုံလေးတွေ အများဆုံးဝတ်လေ့ရှိတဲ့ မအေးသောင်းရဲ့အလှကတော့ ယဉ်ယဉ်လေးနဲ့ဆွဲဆောင်မှုရှိတဲ့အလှမျိုးဖြစ်တာကြောင့် အမျိုးသားထုကြီးတစ်ခုလုံးရဲ့ဝန်းရံအားပေးခြင်းကို ရရှိထားတာပါ။ အချစ်ရေးနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာထုတ်ဖော်ပြောကြားခြင်းမရှိသေးတဲ့ မအေးသောင်းကတော့ ဒီနေ့မှာ ချစ်ရသူအတွက် မွေးနေ့ဆုတောင်းပေးရင်း အမျိုးသားထုကြီးရဲ့ […]

ပရိသတ်တွေမအေးသောင်းဆိုပြီးတော့ချစ်ကြရတဲ့ အေးဝတ်ရည်သောင်းကတော့ အပြစ်ပြောစရာမလိုအောင်လှပတဲ့ ကိုယ်လုံးကိုယ်ထည်ကိုပိုင်ဆိုင်ထားသလို မြန်မာဆန်ဆန်ယဉ်စစဝတ်စားဆင်ယင်တတ်တာကြောင့်ပုရိသတွေဝန်းရံခြင်းခံရသူတစ်ယောက်ပါ။ အခုလည်း ပရိသတ်တွေကြွေနေရပြန်တဲ့ နန်းဆန်ဆန်အလှတရားတွေကို ထုတ်ဖော်ပြသလိုက်ပြန်ပါပြီ။ မအေးသောင်းကိုတော့ ဒီဇိုင်နာမျိုးမင်းစိုးကနေပြီး အလှပဆုံးဆင်မြန်းပေးထားတဲ့ ပုံရိပ်လေးတွေကို မျှဝေထားတာပါ။ ဒီဇိုင်နာမျိုးမင်းစိုးကတော့ ကျောက်မျက်ရတနာတွေနဲ့ ဝတ်စုံတွေကိုဖန်တီးရာမှာ နာမည်ကျော်တဲ့ မြန်မာနိုင်ငံရဲ့နာမည်ကြီးဒီဇိုင်နာတစ်ယောက်ပါ။ အခုဆိုရင်တော့ […]