မြန်မာနိုင်ငံမှာ တနေ့တခြားများလာတဲ့ ကိုဗစ်လူနာတွေနဲ့ သံသယလူနာတွေ Quarnatine ဝင်ဖို့အတွက် ဦးဇော်ဇော်က ဧရာဝတီစင်တာကို မတည်လှူဒါန်းပေးထားသလို နေ့စဉ်နေ့တိုင်းလည်း အလှူရှင်တွေ စေတနာသဒ္ဓါတရားထက်သန်စွာ လာရောက်လှူဒါန်းပေးလျက်ရှိပါတယ်။ ဒီနေ့အတွက် အလှူရှင်တွေထဲမှာတော့ ထူးထူးခြားခြား ကလေးငယ်တစ်ယောက်ပါဝင်ခဲ့ပါတယ်။ မောင်လင်းမြတ်လို့ခေါ်တဲ့ ကလေးတစ်ယောက်ကတော့ ဧရာဝတီစင်တာမှာ လှူဒါန်းဖို့အတွက် သူ့ကိုယ်ပိုင်စုဘူးလေးကိုဖောက်ပြီး လာရောက်လှူဒါန်းပေးခဲ့တာပါ။ မုန့်ဖိုးလေးတွေ စုထားတဲ့ငွေစုစုပေါင်း( ၇၉၁၅၀) ကျပ်ကို ဧရာဝတီစင်တာမှာ လှူဒါန်းခဲ့ရာမှာတော့ ဦးဇော်ဇော်ကိုယ်တိုင် အလှူငွေလက်ခံခဲ့ပါတယ်။ မောင်လင်းမြတ်ရဲ့ စေတနာသဒ္ဓါတရားထက်သန်တဲ့အလှူလေးအတွက် ဧရာဝတီစင်တာမှ အထူးကျေးဇူးတင်စကားဆိုခဲ့တဲ့အပြင် စီးပွားဥစ္စာများ ဒီရေအလား တိုးပွားပြီး အများအကျိုးအတွက် ဆတက်ထမ်းပိုး ပံ့ပိုးကူညီနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေမှာ တစ်တပ်တစ်အားပါဝင်ခဲ့တဲ့ သားလေးမောင်လင်းမြတ်ရဲ့အလှူလေးကို ပရိသတ်ကြီးလည်း သာဓုခေါ်ပေးခဲ့ပါဦးနော်။ Home Source – …
Read More »