ပရိသတ်တွေမျှော်လင့်နေတဲ့ BLACKPINK အဖွဲ့ရဲ့ဒုတိယမြောက်အယ်လ်ဘမ်ကတော့ ထွက်ရှိလာခဲ့ပါပြီ။ ဒုတိယမြောက်အယ်လ်ဘမ် Born Pink ကတော့ Title သီချင်း Shut Down ရဲ့အမိုက်စားဖျော်ဖြေမှုတွေနဲ့ ပရိသတ်တွေကိုဖမ်းစားနိုင်ခဲ့ပါတယ်။ Shut Down ရဲ့ MV ကတော့ထွက်ရှိလာခဲ့ပြီး အမိုက်စားသံစဉ်တွေနဲ့ ဟစ်ဟော့ပုံစံသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဂန္ထဝင်တေးရေးဆရာ Niccolò Paganini ရဲ့ La campanella ကို ဟစ်ဟော့ဂီတနဲ့ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ဒီသီချင်းကတော့ YG Entertainment ရဲ့ထုတ်လုပ်ဖူးသမျှMV တွေထဲမှာ ငွေကြေးအကုန်အကျအများဆုံး ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒုတိယမြောက်အယ်လ်ဘမ် Born Pink မှာတော့ စုစုပေါင်းသီချင်း (၈) ပုဒ်ပါဝင်ထားပါတယ်။ ပရိသတ်တွေဆီ အယ်လ်ဘမ်သစ်နဲ့ပြန်လာခဲ့တဲ့BLACKPINK ကတော့ World Tour …
Read More »Tag Archives: BORN PINK
အယ်လ်ဘမ်အသစ်ရဲ့ D-1 ပိုစတာမှာ ဆွဲဆောင်မှုရှိတဲ့အမိုက်စားပုံရိပ်တွေကိုချပြလာတဲ့ BLACKPINK
BLACKPINK ရဲ့ပရိသတ်တွေကတော့ အယ်လ်ဘမ်အသစ်ကိုနားဆင်ရဖို့အတွက်နီးကပ်လာပြီ ဖြစ်ပါတယ်။ BLACKPINK ကတော့ Title သီချင်းတစ်ပုဒ်ဖြစ်တဲ့ Shut Down နဲ့အတူ အယ်လ်ဘမ်အသစ် Born Pink ကို ထွက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ စက်တင်ဘာလ(၁၅)ရက်နေ့မှာတော့ D-1 ပိုစတာထွက်ရှိလာခဲ့ပြီး သူတို့အားလုံးကတော့ ပန်းရောင်ဝတ်စုံတွေကိုဝတ်ဆင်ထားကာ ဆွဲဆောင်မှုအပြည့်ရှိလို့နေပါတယ်။ ဒီအယ်လ်ဘမ်မှာပါဝင်တဲ့သီချင်းတွေရဲ့စာရင်းထွက်ရှိထားတာဖြစ်ပြီး Pink Venom နဲ့ Ready For Love အပါအဝင် စုစုပေါင်း (၈)ပုဒ်ပါဝင်ပါတယ်။ ပရိသတ်တွေကတော့ pre- release သီချင်းဖြစ်တဲ့ Pink Venom ကိုအလွန်ကြိုက်နှစ်သက်ခဲ့ကြပြီး BLACKPINK ကလည်းဒီသီချင်းနဲ့ပဲ စံချိန်တွေချိုးထားခဲ့ပြန်ပါတယ်။ အယ်လ်ဘမ်အသစ် Born Pink ကိုတော့ စက်တင်ဘာလ(၁၆)ရက်နေ့မှာ ထွက်ရှိသွားမှာ ဖြစ်ပါတယ်။ …
Read More »အယ်လ်ဘမ်ကြိုတင်မှာယူမှု(၂)သန်းရရှိတဲ့ ပထမဆုံးအမျိုးသမီးအနုပညာရှင်တွေဖြစ်လာတဲ့ BLACKPINK
BLACKPINKအဖွဲ့ရဲ့ comback ကတော့ ပရိသတ်တွေအရမ်းကိုမျှော်လင့်နေခဲ့ရတာဖြစ်ပြီး Pre – release single ဖြစ်တဲ့ Pink Venom ကလည်း ပရိသတ်တွေကြားရက်ပိုင်းအတွင်းအလွန်အောင်မြင်ရေပန်းစားနေခဲ့ပါပြီ။ Pink Venom ကတော့ ယူကျူ့မှာ တစ်ပတ်အတွင်းမှာပင် သန်း(၂၀၀)ပြည့်တော့မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ထွက်ရှိလာတော့မယ့်အယ်လ်ဘမ်ကလည်း ပရိသတ်တွေရဲ့ဝယ်ယူအားပေးမှုကတော့ မယုံနိုင်လောက်အောင်ပါပဲ။ YG Entertainment ရဲ့ထုတ်ပြန်ချက်အရ BLACKPINK အဖွဲ့ရဲ့ဒုတိယအယ်လ်ဘမ်ဖြစ်တဲ့ Born Pink တရားဝင်ရောင်းချမှုက (၂)သန်းကျော်ရှိခဲ့ပါပြီ။ ဒါကတော့ ကေပေါပ့်အမျိုးသမီးအဖွဲ့တွေမှာ မရှိခဲ့တဲ့စံချိန်ဖြစ်ပြီး ဒီစံချိန်ကိုလည်း အယ်လ်ဘမ်မထွက်ရှိခင်(၃)ပတ်အလိုမှာတင်ရောက်ရှိနေခဲ့တာပါ။ ထွက်ရှိလာတော့မယ့် ‘Born Pink’ အယ်လ်ဘမ်ကိုတော့ boxed set၊ KIT ဗားရှင်း၊ LP၊ digipack ဗားရှင်းစသဖြင့် မျိုးစုံရရှိနိုင်ပါတယ်။ …
Read More »(၈)နာရီအတွင်းမှာ အယ်လ်ဘမ်မထွက်ရှိခင်ကြိုတင်မှာယူမှုအများဆုံးအမျိုးသမီးအဆိုတော်အဖွဲ့အဖြစ်စံချိန်ချိုးလိုက်တဲ့ BLACKPINK
ကမ္ဘာတစ်ဝှမ်းနာမည်ကျော်ကြားတဲ့ BLACKPINK ကတော့ အယ်လ်ဘမ်အသစ်နဲ့ပရိသတ်တွေဆီပြန်လာဦးမှာပါ။ ဒီအဖွဲ့ကတော့ သီချင်း(၈)ပုဒ်ပါတဲ့အယ်လ်ဘမ် The album ကို အောက်တိုဘာ(၂၀၂၀) ကထွက်ရှိထားပါတယ်။ ဒီအထဲမှာတော့ pre-release singlသီချင်းတွေဖြစ်တဲ့ “How you like that” နဲ့ “Ice cream” တို့ပါဝင်ခဲ့ပါတယ်။ (၂)နှစ်ခန့်ကြာအောင်အဖွဲ့အလိုက်လှုပ်ရှားမှုတွေမရှိခဲ့ပေမဲ့ အဖွဲ့ဝင်(၃)ဦးကတော့ တစ်ကိုယ်တော်သီချင်းတွေထွက်ရှိထားပြီး အောင်မြင်မှုတွေရရှိထားပါသေးတယ်။ အမာခံပရိသတ်တွေဖြစ်တဲ့ Blink တွေအတွက်ကတော့ ဒီတစ်ခေါက် Comback ဟာရင်ခုန်စရာဖြစ်နေမှာအမှန်ပါပဲ။ (၂)နှစ်ခန့်ကြာအောင်စောင့်မျှော်နေတဲ့ပရိသတ်တွေကတော့ သီချင်းအယ်လ်ဘမ်ကို မထွက်ရှိခင်ကတည်းက ကြိုတင်မှာယူမှုတွေများစွာနဲ့ အားပေးကြမ်းနေခဲ့ကြပါပြီ။ သြဂုတ်လ(၁၁)ရက်နေ့မှာ BORN PINK အယ်လ်ဘမ်အတွက်ကြိုတင်မှာယူမှုတွေစတင်လက်ခံခဲ့ပြီး ကြိုတင်မှုယူမှုက (၈၄,၀၀၀) ကျော်သွားခဲ့တာကြောင့် (၈)နာရီအတွင်းမှာ အယ်လ်ဘမ်မထွက်ရှိခင်ကြိုတင်မှာယူမှုအများဆုံးအမျိုးသမီးအဆိုတော်အဖွဲ့အဖြစ်စံချိန်ချိုးလိုက်တဲ့ BLACKPINKပါပဲ။ လက်ရှိမှာလည်း ကြိုတင်မှာယူမှုတွေကတော့ ရှိနေတုန်းပါပဲ။ …
Read More »