ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်တဲ့ဒရမ်မာတွေကတော့ ပရိသတ်တွေကိုနှစ်ခြိုက်စေတာမဆန်းလှပါဘူး။ အပိုင်း(၂)ထုတ်လွှင့်ပြီးနောက်မှာ ပရိသတ်တွေရဲ့အာရုံကိုဖမ်းစားထားနိုင်တာကတော့ tvN ကထုတ်လွှင့်တဲ့ Bulgasal ဇာတ်လမ်းတွဲပါပဲ။ ဒီဇာတ်လမ်းတွဲကတော့ စိတ်ကူးယဉ်ဒရမ်မာဇာတ်လမ်းအမျိုးအစား ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဒဏ္ဍာရီလာမသေဆုံးနိုင်တဲ့ဘူလ်ဂါဆာရဲ့အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဘူလ်ဂါဆာရဲ့လက်ကနေထွက်ပြေးနေတဲ့အမျိုးသမီးကတော့ ဖြစ်ခဲ့တဲ့ဘဝတွေအားလုံးရဲ့မှတ်ညဏ်တွေရှိပြီး ဘဝပေါင်းများစွာအကြိမ်ကြိမ်လူဝင်စားနေတာပါ။ ဒီဇာတ်လမ်းအစကိုတော့ ဂိုဂူလျောသမိုင်းကြောင်းနဲ့ စတင်ထားပါတယ်။ […]