ခန့်ညားထည်ဝါတဲ့မြန်မာဖက်ရှင်တွေသာမက ဆန်းသစ်ပြီးပြောင်မြောက်တဲ့လက်ရာတွေကို ဖန်တီးနိုင်တာကြောင့် မြန်မာနိုင်ငံရဲ့နာမည်ကျော်ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အဖြစ်ရပ်တည်နေနိုင်သူကတော့ ဒီဇိုင်နာမျိုးမင်းစိုးပါ။ သူကတော့ အလှူရေစက်လက်နဲ့မကွာလှူနိုင်လွန်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း “သုဓမ္မမဏိဇောတဓရ” ဘွဲ့ကိုရရှိထားသလို တတ်နိုင်သမျှကို လှူနေတာလည်း တွေ့ရမှာပါ။ မျိုးမင်းစိုးကတော့ ကြော်ငြာအချို့ကိုလက်ခံရိုက်ကူးနေရပြီး ရရှိသမျှအနုပညာကြေးကိုလည်း ပြန်လည်လှူဒါန်းသူပါ။ အခုလည်း မယ်သီလရှင်တွေကို(၁၃) […]

အရည်လဲ့နေတဲ့မျက်ဝန်းလေးနဲ့ ချစ်စရာအပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားသူကတော့ ပိုင်တံခွန်ပါ။ ပိုင်တံခွန်ကတော့ ယောကျာ်းပီသတဲ့ ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားတဲ့အပြင် ပရိသတ်တွေကိုလည်း အလေးအနက်ထားဆက်ဆံတတ်သူတစ်ယောက်မို့ နုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကို ရရှိထားသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံမှာသာမကဘဲ ထိုင်းနိုင်ငံမှာပါ ကြော်ငြာရိုက်ကူးရေးတွေလုပ်လာရတဲ့အထိ ထိုင်းပရိသတ်လည်း အခိုင်အမာရရှိထားသူတစ်ယောက်ပါ။ […]