မင်းသား Cha Eun Woo ကတော့ Island ဒရမ်မာရဲ့ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်တွေကို မျှဝေခဲ့ပါတယ်။ Island ဒရမ်မာရဲ့ Part 2 မထွက်ခင်မှာ ကိုရီးယားမီဒီယာတွေနဲ့အင်တာဗျူးလုပ်ခဲ့ပါတယ်။ Part 1 ကိုထုတ်လွှင့်ပြသခဲ့စဉ်က မင်းသားဟာ Choi Tae Joon နဲ့တွဲပြီးတော့ညီအစ်ကိုတွေအဖြစ်သရုပ်ဆောင်ခဲ့ပြီး စိတ်ခံစားမှုကိုဖော်ပြတဲ့သရုပ်ဆောင်ချက်တွေကြောင့် လူပြောများခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းဟာသူ့အတွက်အခက်ခဲဆုံးနဲ့ အကြိုက်နှစ်သက်ဆုံးလည်း ဖြစ်ခဲ့ပါတယ်။ ဒီလိုကောင်းမွန်တဲ့ဇာတ်ဝင်ခန်းကိုသရုပ်ဖော်ခဲ့တဲ့သူတို့နှစ်ဦးဟာ စကားတွေပြောဖြစ်ခဲ့ကြပြီး Choi Tae Joon ဘက်က စာနာတတ်ပြီးအများကြီးကူညီခဲ့တယ်လို့ဆိုပါတယ်။ “ဇာတ်ဝင်ခန်းရိုက်ကူးနေချိန်မှာအသဲတွေကွဲသွားတယ်လို့ ထင်ပါတယ်။ဇာတ်ညွှန်းကိုဖတ်ပြီးနောက်ငိုကြွေးခဲ့တယ်။ ကိုယ့်ရဲ့ညီအစ်ကိုဖြစ်သူကိုကိုယ်တိုင်သတ်ရတဲ့ဇာတ်ဝင်ခန်းပါတယ်။ ကျွန်တော့်မှာလည်း ညီလေးရှိတဲ့အတွက်ကြောင့် ညီအစ်ကိုတွေကြားကခံစားချက်ကိုနားလည်တယ်။ ညီအစ်ကိုပတ်သက်မှုကိုနက်နက်နဲနဲဖော်ပြချင်ခဲ့တဲ့ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။ Zawgyi ဖြင့်ဖတ်ရန် Island ဒရမ်မာရဲ့ ဇာတ်ညွှန်းကိုဖတ်ပြီး ညီဖြစ်သူကိုသတိရတာကြောင့် …
Read More »Tag Archives: Cha Eun Woo
မှုခင်းဒရမ်မာသစ် Bulk မှာပါဝင်ဖို့ဆွေးနွေးနေတဲ့ မင်းသား Cha Eun Woo
မင်းသား Cha Eun Woo ကိုတော့ ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အတူ သိကြမှာပါ။ သူကတော့လက်ရှိထုတ်လွှင့်ပြသနေတဲ့ Island ဇာတ်လမ်းတွဲမှာလည်း ဘုန်းတော်ကြီးဇာတ်ရုပ်နဲ့ပါဝင်ထားပါတယ်။ ပရိသတ်တွေကြားရေပန်းစားတဲ့မင်းသားကတော့ နောက်ထပ်လည်း ဒရမ်မာသစ်တွေထွက်ရှိလာဦးမယ့်ပုံပါပဲ။ Cha Eun Woo ကတော့ မှုခင်းဒရမ်မာဇာတ်ကားဖြစ်တဲ့ Bulk မှာပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ သူ့ရဲ့အေဂျင်စီဖြစ်တဲ့ Fantigo ကတော့ Bulk ဒရမ်မာဟာ ကမ်းလှမ်းထားတာတွေထဲကတစ်ခုဖြစ်ပြီး အတည်မပြုရသေးပါဘူး။ Bulk ဟာ ဂန်နမ်မှာလွှမ်းမိုးနေတဲ့မကောင်းတဲ့အင်အားစုတွေကိုတိုက်ထုတ်ဖို့အတွက်အတူတူအလုပ်လုပ်ကြမယ့် ရဲအရာရှိနဲ့ ရှေ့နေတစ်ဦးတို့ရဲ့အကြောင်းကိုဖော်ပြတဲ့ ဇာတ်လမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်နေရာမှာ မင်းသား Cha Eun Woo ကိုကမ်းလှမ်းထားတဲ့အပြင် အမျိုးသမီးဇာတ်ဆောင်နေရာအတွက်လည်း Extraordinary Attorney Woo မှာပါဝင်ထားတဲ့ မင်းသမီး Ha …
Read More »Island ဒရမ်မာမှာဘုန်းတော်ကြီးဇာတ်ရုပ်နဲ့ခန့်ညားလွန်းတာကြောင့် ယောကျာ်းလေးချင်းတောင်မှချီးကျူးခံခဲ့ရတဲ့ Cha Eun Woo
မင်းသားချော Cha Eun Woo ကတော့ အိုင်ဒေါတစ်ယောက်လည်းဖြစ်ပြီး သရုပ်ဆောင်အနေနဲ့ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့အောင်မြင်ကျော်ကြားသူပါ။ သူကတော့ လက်ရှိမှာ Island ဆိုတဲ့ စိတ်ကူးယဉ်စွန့်စားခန်းဒရမ်မာတစ်ခုမှာ ပါဝင်ထားတာလည်း ဖြစ်ပါတယ် ။ Island ဒရမ်မာကတော့ ဂျယ်ဂျူကျွန်းကိုအခြေတည်ထားပြီး ကမ္ဘာကိုရန်ပြုမယ့်မကောင်းဆိုးဝါးတွေကို ရင်ဆိုတိုက်ခိုက်မယ့်လူသုံးဦးအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ မင်းသားဟာ ဘုန်းတော်ကြီးတစ်ယောက်အဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။လက်ရှိမှာတော့ အပိုင်း(၂)အထိထုတ်လွှင့်ထားတာဖြစ်ပြီး ထူးခြားတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့မင်းသားကတော့ ဇာတ်ဝင်ခန်းထဲမှာဘုန်းတော်ကြီးဝတ်စုံနဲ့လည်း ခန့်ညားနေတာကြောင့် ချီးကျူးမှုများရရှိနေပြန်တာပါ။ တောင်ကိုရီးယားနိုင်ငံရဲ့အမျိုးသားတွေအသုံးပြုမှုများတဲ့အွန်လိုင်းအသိုင်းအဝိုင်းတစ်ခုမှာတော့ နာမည်ကျော်မင်းသား Kang Dong Won နဲ့ခိုင်းနှိုင်းပြီးတော့ “အမြဲချောမောနေတာကတော့ Kang Dong Won ရဲ့ခြေရာကိုလိုက်တာပဲ” “ငါလည်း အမျိုးသားတစ်ယောက်ပဲ။ ဒါပေမဲ့သူ့ကိုတော့ ကြွေသွားတယ်” စသဖြင့် မှတ်ချက်တွေရေးသားခဲ့ကြတာပါ။ ချောမောတဲ့ရုပ်ရည်ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်မင်းသားကတော့ အမျိုးသားတွေရဲ့ချီးကျူးမှုတွေလည်း ရရှိခဲ့ပြန်တာဖြစ်ပါတယ်။ …
Read More »Cha Eun Woo ရဲ့ အီတလီစကားပြောရတဲ့ဇာတ်ဝင်ခန်းဟာ အီတလီတစ်ယောက်ကိုလုံးဝနားမလည်နိုင်ဖြစ်စေခဲ့တဲ့အကြောင်းကိုဟာသနှောပြီးပြောဆိုခဲ့တဲ့ ဒါရိုက်တာ
မင်းသားချော Cha Eun Woo ရဲ့ Island ဒရမ်မာသစ်ဟာထွက်ရှိလာတော့မှာဖြစ်ပြီး ဒရမ်မာရဲ့ Press Conference ပွဲကိုမကြာသေးခင်ကပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာတော့ အတူပါဝင်သရုပ်ဆောင်ထားတဲ့ အခြားသရုပ်ဆောင်တွေဖြစ်တဲ့ Kim Nam Gil ၊ Lee Da Hee နဲ့ Sung Joon တို့ကလည်း တက်ရောက်ခဲ့ပါတယ်။ ဒီဒရမ်မာမှာ မင်းသား Cha Eun Woo ကတော့ ပထမဆုံးအနေနဲ့အက်ရှင်ဇာတ်ဝင်ခန်းတွေကိုရိုက်ကူးရမှာဖြစ်သလို အီတလီနဲ့လက်တင်ဘာသာတွေနဲ့ပြောဆိုရတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ သူကတော့ ဒီဇာတ်လမ်းမှာ ခရစ်ယာန်ဘုန်းတော်ကြီးနေရာကနေပါဝင်ထားပါတယ်။ အပြင်မှာတော့ မင်းသားဟာပျော်ရွှင်တက်ကြွတဲ့သူဖြစ်ပေမယ့် ဇာတ်ရုပ်အရ နာကျင်စရာတွေကြောင့် မာကြောခက်ထန်တဲ့သူတစ်ယောက်ရဲ့စိတ်ဓာတ်မျိုးကိုသွင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါရိုက်တာဖြစ်သူကတော့ ဒီဇာတ်ကားမှာ Cha Eun Wooဟာ ဇာတ်ဝင်ခန်းထဲမှာအီတလီလိုကောင်းမွန်စွာသင်ယူပြောဆိုခဲ့ပြီးတော့ …
Read More »အင်စတာရမ်မှာ follower အများဆုံးကိုရီးယားမင်းသားတစ်လက်အဖြစ်နေရာယူထားတဲ့ မင်းသားချော Cha Eun Woo
မင်းသားချော Cha Eun Woo ကိုတော့ ဒရမ်မာဇာတ်ကားတွေနဲ့အတူ ချောမောတဲ့ရုပ်ရည်ကြောင့် လူသိများကြမှာပါ။ အခုဆိုရင်တော့ မင်းသားချော Cha Eun Woo ဟာ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ Lee Min Ho ကိုကျော်တက်ပြီးတော့ အင်စတာဂရမ်မှာ follower အများဆုံးကိုရီးယားမင်းသားတစ်လက်အဖြစ် နေရာယူခဲ့ပါတယ်။ ဒီဇင်ဘာလ(၉)ရက်နေ့မှာတော့ follower ပေါင်း (၃၁) သန်းကျော် ရရှိနေပြီး မင်းသား Lee Min Ho ထက် follower (၇၃၀၀၀) ကျော်ပိုများခဲ့တာပဲ ဖြစ်ပါတယ်။ Lee Min Ho ကတော့ follower အများဆုံးကိုရီးယားမင်းသားနေရာမှာ (၂) နှစ်ကျော်နေရာယူထားနိုင်ခဲ့ပါတယ်။ ထူးခြားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ Cha Eun …
Read More »ရုပ်ရှင်ဇာတ်ကားနဲ့ပွဲဦးထွက်ခွင့်ရခဲ့ပြီး မင်းသား Lee Jong Suk နဲ့အတူတွဲလုပ်ခွင့်ရတဲ့အတွက် ဂုဏ်ယူတယ်ဆိုတဲ့ Cha Eun Woo
ထူးခြားတဲ့ရုပ်ရည်ချောမောမှုကြောင့်ကျော်ကြားသလို နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော် မင်းသား Cha Eun Wooကတော့ အိုင်ဒေါတစ်ယောက်လည်း ဖြစ်သလို ဒရမ်မာဇာတ်လမ်းတွဲတွေနဲ့လူသိများတဲ့သူတစ်ယောက်ပါ။ သူကတော့အခုဆိုရင် ရုပ်ရှင်ဇာတ်ကား Decibel မှာပါဝင်ကာပွဲဦးထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ Decibel ရုပ်ရှင်ဇာတ်ကားကတော့ အကြမ်းဖက်တိုက်ခိုက်သူတွေဟာမြို့လယ်ကိုဗုံးခွဲဖို့ကြိုးစားရာက အကြမ်းဖက်မှုရဲ့ပစ်မှတ်ဖြစ်လာတဲ့ရေတပ်မှူးတစ်ယောက်အကြောင်းကို ဖော်ပြထားတဲ့သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကားတစ်ကားပါ။ မင်းသားကတော့ ဒီဇာတ်ကားမှာပါဝင်ခဲ့ရတဲ့အတွက်အလွန်စိတ်လှုပ်ရှားခဲ့ရကြောင်းကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် “ပထမဆုံးအနေနဲ့အံ့သြစရာကောင်းတဲ့ဒါရိုက်တာတွေစီနီယာတွေနဲ့အလုပ်တွဲလုပ်ပြီး ရုပ်ရှင်ရိုက်ခွင့်ရခဲ့တာကြောင့် ဂုဏ်ယူစရာပါပဲ။ စိတ်ခံစားချက်ကောင်းကောင်းနဲ့ရိုက်ခဲ့တယ်။ ဂုဏ်ယူပြီး စိတ်လှုပ်ရှားတယ်” လို့ဆိုပါတယ်။ Decibel ကတော့ နိုဝင်ဘာလ(၁၆)ရက်နေ့မှာ စတင်ထွက်ရှိမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Cha Eun Woo အပြင် နာမည်ကျော်မင်းသားချောတွေဖြစ်တဲ့ Lee Jong Suk နဲ့ Kim Rae Won တို့လည်းပါဝင်ထားတာ ဖြစ်ပါတယ်။ Zawgyi …
Read More »ဟောလိဝုဒ်ရုပ်ရှင်မှာ အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်လာနိုင်တဲ့ Cha Eun Woo
ASTRO အဖွဲ့ဝင် Cha Eun Woo ကတော့ ဟောလိဝုဒ်ဇာတ်ကားနဲ့ပရိသတ်တွေဆီကို ရောက်ရှိလာဦးမလားဆိုတာ စိတ်ဝင်စားစရာပါ။ သူကတော့ ကမ်းလှမ်းမှုကိုရရှိခဲ့ပြီး အပြုသဘောဆောင်ပြီး သုံးသပ်နေတာလည်း ဖြစ်ပါတယ်။ Cha Eun Woo ကတော့ ‘K-Pop: Lost in America’ ဆိုတဲ့ဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ဖို့ ကမ်းလှမ်းခံထားရတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ သြစတေးလျမင်းသမီးRebel Wilson နဲ့ ကိုရီးယား-အမေရိကန်တစ်ယောက်ဖြစ်တဲ့ Charles Melton တို့လည်း ပါဝင်သရုပ်ဆောင်ဖို့ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကို လက်ခံဖြစ်ခဲ့ရင်တော့ Cha Eun Woo ရဲ့ ဟောလိဝုဒ်မှာပွဲဦးထွက်မယ့်ဇာတ်ကားဖြစ်လာမှာပါ။ ဒီဇာတ်ကားကိုတော့ JK Youn ရိုက်ကူးပြီး အမျိုးသားကေပေါပ့်အဖွဲ့ဟာ …
Read More »