Tag Archives: Cham Min Ye Htut

မြစ်သားရဲစခန်းမှာအဖမ်းခံလိုက်တဲ့ ခြိမ့်ကေကိုအတွက် တတ်နိုင်သမျှကူညီသွားမယ်ဆိုတဲ့ ဒိန်းဒေါင်

မွေးနေ့ပွဲတစ်ခုမှာ သီချင်းသွားဆိုတာနဲ့ပတ်သက်ပြီး ခြိမ့်ကေကိုတစ်ယောက် ကိုဗစ်ဥပဒေနဲ့ငြိလို့ တရားစွဲခံခဲ့ရပါတယ် ။ ဒါပေမယ့် ထောင်ကျမှာစိုးလို့ထွက်ပြေးတိမ်းရှောင်နေခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ် ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟာသ သရုပ်ဆောင် ဒိန်းဒေါင်က သူတတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဆိုလာပါတယ် ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာသမားဖြစ်တဲ့ ဒိန်းဒေါင်ကို ခြိမ့်ကေကို က အကြံဉာဏ်လှမ်းတောင်းတဲ့အခါမှာတော့ ဒိန်းဒေါင်က တရားဥပဒေအတိုင်း ရဲစခန်းမှာ အဖမ်းခံလိုက်ဖို့ကို အကြံဉာဏ်ပေးခဲ့တယ်လို့သိရပါတယ် ။ အခုလို အကြံဉာဏ်ပေးခဲ့တာကလည်း အချုပ်ထဲရောက်စေချင်လို့မဟုတ်ဘဲ မြန်မြန်ပြီးသွားစေချင်လို့ပါလို့ ဒိန်းဒေါင်က ပြောပြလာခဲ့ပါတယ် ။ လတ်တလောမှာတော့ မြစ်သားရဲစခန်းမှာအဖမ်းခံလိုက်ရပြီး အမှုက ရည်ရွယ်ပြီးလုပ်ခဲ့တာမဟုတ်တဲ့အတွက် ပုဒ်မ(၃ဝ)အတိုင်း မှန်ကန်ပြီးနည်းလမ်းကျတဲ့အပြစ်ပေးမှုကိုပဲ ခံရယူထိုက်တဲ့အကြောင်းကို ဒိန်းဒေါင်က ပရိသတ်တွေကို ရှင်းပြခဲ့ပါသေးတယ် ။ ခြိမ့်ကေကိုက မိဘကို …

Read More »

ရှမ်းလေးနဲ့ရှမ်းမလေးအဖြစ်နဲ့ ပရိသတ်တွေချစ်နေရပြန်တဲ့ မေမြင့်မိုရ်နဲ့ချမ်းမင်းရဲထွဋ်

ပရိသတ်တွေချစ်ရတဲ့မင်းသမီးတစ်လက်ဖြစ်တဲ့ မေမြင့်မိုရ်ကတော့ ပရိသတ်တွေမသိသူမရှိလောက်ပါဘူး။ မင်းသားချောချမ်းမင်းရဲထွဋ်ကလည်း နှုတ်ခမ်းနီမလေးတွေအသည်းကျော်မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ ပရိသတ်တွေကိုလိုက်ဖက်ညီတဲ့ပုံရိပ်လေးတွေချပြလာတာပါ။ အနီရောင်ရှမ်းဝတ်စုံလေးတွေနဲ့အတူ ကျက်သရေရှိနေတဲ့သူတို့နှစ်ဦးရဲ့ပုံရိပ်လေးတွေကို ဒီနေ့မှာ ပရိသတ်တွေကိုမျှဝေလာခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ သူတို့နှစ်ဦးရဲ့လိုက်ဖက်ညီနေတဲ့ပုံရိပ်လေးတွေကို သဘောကျနေခဲ့ကြပါတယ်။ စတိုင်ကျတဲ့သူတို့နှစ်ဦးကတော့ ဘာဝတ်ဝတ်လိုက်ဖက်နေသလို အခုလိုတိုင်းရင်းသားဝတ်စုံတွေနဲ့လည်း ကြည့်ကောင်းနေတာအမှန်ပါပဲ။ မေမြင့်မိုရ်ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေကို ဆက်တိုက်ရိုက်ကူးနေရသလို ချမ်းမင်းရဲထွဋ်ကလည်း မကြာခစဆိုသလို ပရိသတ်တွေဆီကိုအနုပညာအသစ်တွေဖန်တီးပြီးချပြသူလည်း ဖြစ်ပါတယ်။ နောက်ထပ်အနုပညာခြေလှမ်းအသစ်တွေကိုလည်း ပရိသတ်တွေမျှော်လင့်ရင်နေကြမှာပါ။ ရှမ်းဝတ်စုံနဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်နော်…. Source : MayMyintMo

Read More »
x