ပရိသတ်တွေခန့်မှန်းထားကြတဲ့ collaboration တစ်ခုကတော့ ထွက်လာခဲ့ပါပြီ။ နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Charlie Puth နဲ့အတူ BTS အဖွဲ့ဝင် Jungkook က ပါဝင်သီဆိုပေးထားတာပါ။ အဖွဲ့လိုက်ပူးပေါင်းဖန်တီးမှုတွေလုပ်လေ့ရှိတဲ့ BTS အဖွဲ့ကတော့ ဒီတစ်ခါမှာ တစ်ကိုယ်တော်ပူးပေါင်းဖန်တီးမှုကို ပထမဆုံးလုပ်တယ်ဆိုရမှာပါ။ Charlie Puth နဲ့ပူးပေါင်းဖန်တီးမယ်လို့ ခန့်မှန်းထားခဲ့ပေမဲ့ တစ်ကိုယ်တော်ပူးပေါင်းတင်ဆက်မှု ဖြစ်ခဲ့တာပါ။ သီချင်းနာမည်ကတော့ Left and Right ဖြစ်ပြီး မြူးမြူးကြွကြွနဲ့ ပရိသတ်တွေသဘောကျစေမယ့် သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းကတော့ ရည်စားဟောင်းနဲ့ပတ်သတ်တဲ့မှတ်ညဏ်တွေကို ဖျောက်မရနိုင်ဖြစ်ပြီး ရှုပ်ထွေးနေတဲ့ခံစားချက်တွေရှိနေတဲ့သူတစ်ယောက်ကို ဖော်ပြထားတဲ့သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။ သီချင်းထဲမှာတော့ Charlie Puth ဟာ အချစ်နာကျနေတာအတွက်တိုင်ပင်ဆွေးနွေးမှုတွေလုပ်ခဲ့တာဖြစ်ပြီး ငွေတွေသာကုန်သွားခဲ့တယ်ဆိုပြီး အဆုံးသတ်ထားပါတယ်။ ဒီသီချင်းလေးကတော့ ထွက်ရှိပြီးနာရီပိုင်းအတွင်းမှာပင် ရေပန်းစားနေတာဖြစ်ပါတယ်။ Charlie …
Read More »