Tag Archives: Chen

အသစ်ထွက်ရှိမယ့်အယ်လ်ဘမ် “Last Scene” ထွက်ရှိမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တဲ့ EXO အဖွဲ့ဝင် Chen

နာမည်ကျော်အမျိုးသားအိုင်ဒေါအဖွဲ့ဖြစ်တဲ့ EXO ကိုတော့ ပရိသတ်တွေသိကြမှာပါ။ EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Chen ကတော့ သူ့ရဲ့တတိယအယ်လ်ဘမ်ဖြစ်တဲ့ Last scene ကိုထွက်ရှိလာတော့မယ့်အကြောင်းကိုကြေညာထားတာလည်း ဖြစ်ပါတယ်။ဒီအယ်လ်ဘမ်ရဲ့ Title သီချင်းဖြစ်တဲ့ Last Scene ရဲ့ Teaser ကို အောက်တိုဘာလ(၂၉)ရက်နေ့ကထုတ်ပေးခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့သဘောကျနှစ်ခြိုက်မှုကို ရရှိနေတာပါ။ Chen ကတော့ အောက်တိုဘာလ(၃၁)ရက်နေ့မှာအယ်လ်ဘမ်ထွက်ရှိမယ့်အကြောင်း ကြေညာထားသော်လည်း ထွက်ရှိဖို့ရက်ကိုရွှေ့ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အောက်တိုဘာလ(၂၉)ရက်နေ့မှာ Itaewon မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်ဆိုးကြောင့် လူပေါင်းများစွာသေဆုံးခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးဝမ်းနည်းကြောင်းဖော်ပြတဲ့အနေနဲ့ အခုလိုဆုံးဖြတ်ခဲ့တာပါ။ အိုင်ဒေါရဲ့အေဂျင်စီဖြစ်တဲ့ SM Entertainment ကတော့ အခုလိုရွှေ့ဆိုင်းခဲ့တာအတွက် ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ Chen ရဲ့ပရိသတ်တွေအတွက်Last Scene ရဲ့ Teaser ကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။ Zawgyi …

Read More »

ဒုတိယမြောက်ကလေးကို ရရှိပိုင်ဆိုင်ခဲ့ပြီဖြစ်တဲ့ EXO အဖွဲ့ဝင် Chen

EXO အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Chen ကတော့ ပရိသတ်တွေရင်းနှီးပြီးသား ဖြစ်မှာပါ။ သူကတော့(၂၀၂၀) ခုနှစ် ဇန်နဝါရီလမှာအနုပညာအသိုင်းအဝိုင်းကမဟုတ်တဲ့ အမျိုးသမီးနဲ့လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။ လက်ထပ်ပြီးနောက် ဧပြီလမှာပဲသမီးလေးတစ်ယောက်ကို မွေးဖွားခဲ့တာပါ။ Chen ကတော့လက်ရှိမှာ ကလေးနှစ်ယောက်ရဲ့ဖခင် ဖြစ်လာခဲ့ပါပြီ။ SM Entertainment ကနေပြီးတော့ ဇနီးဖြစ်သူဟာ ဒုတိယကလေးကို ဖွားမြင်ခဲ့ပြီဖြစ်တဲ့အကြောင်းကို ထုတ်ပြန်ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်မှုထမ်းဆောင်နေတာဖြစ်ပြီး နွေဦးနှောင်းပိုင်းမှာ ပြန်လည်ထွက်ခွာလာမှာ ဖြစ်ပါတယ်။ အခုလို မိသားစုဝင်အသစ်တိုးလာတဲ့အတွက် Congratulations ပါ Chen ရေ။ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ပြီး တစ်သက်လုံးပျော်ရွှင်သွားနိုင်ပါစေ။

Read More »
x